စင်ကာပူနိုင်ငံ အခြေစိုက် Tiger Airways လေကြောင်းလိုင်းသည် ၂၀၁၃
ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ စတင်ကာ ရန်ကုန်-စင်ကာပူ ခရီးစဉ်အား
စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။ Tiger Airways လေကြောင်းလိုင်းသည်
အာရှဒေသအတွင်း ခရီးစဉ်များ ပျံသန်းပြေးဆွဲနေသော စရိတ်နည်း
လေကြောင်းလိုင်းတစ်ခု ဖြစ်သည်။
"Tiger Airways လေကြောင်းလိုင်းက အောက်တိုဘာ ၁ ရက်မှာ ရန်ကုန်-စင်ကာပူ ခရီးစဉ် စတင်ပျံသန်းဖို့ စီစဉ်နေပါတယ်" ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထွေထွေမန်နေဂျာ ဦးဝင်းကိုက သြဂုတ် ၁၀ ရက်က ပြောကြားခဲ့သည်။
Tiger
Airways လေကြောင်းလိုင်းသည် မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ်
ပြေးဆွဲနေသော စင်ကာပူနိုင်ငံ အခြေစိုက် သုံးခုမြောက် လေကြောင်းလိုင်းတစ်ခု
ဖြစ်လာမည်ဖြစ်သည်။ စင်ကာပူနိုင်ငံ အခြေပြု၍ မြန်မာနိုင်ငံနှင့်
တိုက်ရိုက်ခရီးစဉ် ပြေးဆွဲနေသော အခြားလေကြောင်းလိုင်းများမှာ Singapore
Airline နှင့် Silk Air လေကြောင်းလိုင်းတို့ ဖြစ်သည်။
ယင်းပြင် ၂၀၁၃ ခုနှစ် စက်တင်ဘာ လဆန်းမှ စတင်ကာ ထိုင်းနိုင်ငံ အခြေစိုက် Nok Air လေကြောင်းလိုင်းနှင့် Business Air လေကြောင်းလိုင်းတို့သည် ရန်ကုန်-ဘန်ကောက် ခရီးစဉ်အား စတင်ပြေးဆွဲရန် စီစဉ်နေကြောင်းလည်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ် ပျံသန်းပြေးဆွဲနေသော ပြည်ပလေကြောင်းလိုင်း ၂၂ လိုင်းရှိပြီး၊ ပြည်တွင်းလေကြောင်းလိုင်း ခုနစ်လိုင်း ရှိသည်။
၂၀၁၂ ခုနှစ် ပွင့်လင်းရာသီ မတိုင်မီအထိ မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲနေသော ပြည်ပလေကြောင်းလိုင်း ၁၅ လိုင်းသာရှိပြီး၊ ၂၀၁၂ ပွင့်လင်းရာသီ ကာလမှ စတင်ကာ ပြည်ပလေကြောင်းလိုင်း ခုနစ်လိုင်းမှ မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ်များ စတင်ပျံသန်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ နိုင်ငံများမှာ ဂျပန်၊ ကာတာ၊ ထိုင်ဝမ်၊ ကိုရီးယား၊ ဂျာမနီနှင့် စင်ကာပူနိုင်ငံများ ဖြစ်သည်။ ယင်းပြင် ရန်ကုန်မြို့နှင့် တိုက်ရိုက်လေကြောင်း ခရီးစဉ် စတင်ပျံသန်းမည့် နိုင်ငံများ၏ ဆင်းသက်ချိန်အား နေ့အချိန်တွင် ဆင်းသက်နိုင်ရန် ဦးစားပေး ညှိနှိုင်းသွားမည်ဖြစ်ပြီး၊ လက်ရှိပျံသန်းလျက်ရှိသည့် နိုင်ငံတကာ လေကြောင်းလိုင်းများမှ ခေါက်ရေတိုးမြှင့် ပျံသန်းခြင်းအား ညအချိန်တွင်သာ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။
"Tiger Airways လေကြောင်းလိုင်းက အောက်တိုဘာ ၁ ရက်မှာ ရန်ကုန်-စင်ကာပူ ခရီးစဉ် စတင်ပျံသန်းဖို့ စီစဉ်နေပါတယ်" ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထွေထွေမန်နေဂျာ ဦးဝင်းကိုက သြဂုတ် ၁၀ ရက်က ပြောကြားခဲ့သည်။
| ယင်းပြင် ၂၀၁၃ ခုနှစ် စက်တင်ဘာ လဆန်းမှ စတင်ကာ ထိုင်းနိုင်ငံ အခြေစိုက် Nok Air လေကြောင်းလိုင်းနှင့် Business Air လေကြောင်းလိုင်းတို့သည် ရန်ကုန်-ဘန်ကောက် ခရီးစဉ်အား စတင်ပြေးဆွဲရန် စီစဉ်နေကြောင်း . . . . . |
ယင်းပြင် ၂၀၁၃ ခုနှစ် စက်တင်ဘာ လဆန်းမှ စတင်ကာ ထိုင်းနိုင်ငံ အခြေစိုက် Nok Air လေကြောင်းလိုင်းနှင့် Business Air လေကြောင်းလိုင်းတို့သည် ရန်ကုန်-ဘန်ကောက် ခရီးစဉ်အား စတင်ပြေးဆွဲရန် စီစဉ်နေကြောင်းလည်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ် ပျံသန်းပြေးဆွဲနေသော ပြည်ပလေကြောင်းလိုင်း ၂၂ လိုင်းရှိပြီး၊ ပြည်တွင်းလေကြောင်းလိုင်း ခုနစ်လိုင်း ရှိသည်။
၂၀၁၂ ခုနှစ် ပွင့်လင်းရာသီ မတိုင်မီအထိ မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲနေသော ပြည်ပလေကြောင်းလိုင်း ၁၅ လိုင်းသာရှိပြီး၊ ၂၀၁၂ ပွင့်လင်းရာသီ ကာလမှ စတင်ကာ ပြည်ပလေကြောင်းလိုင်း ခုနစ်လိုင်းမှ မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ်များ စတင်ပျံသန်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ နိုင်ငံများမှာ ဂျပန်၊ ကာတာ၊ ထိုင်ဝမ်၊ ကိုရီးယား၊ ဂျာမနီနှင့် စင်ကာပူနိုင်ငံများ ဖြစ်သည်။ ယင်းပြင် ရန်ကုန်မြို့နှင့် တိုက်ရိုက်လေကြောင်း ခရီးစဉ် စတင်ပျံသန်းမည့် နိုင်ငံများ၏ ဆင်းသက်ချိန်အား နေ့အချိန်တွင် ဆင်းသက်နိုင်ရန် ဦးစားပေး ညှိနှိုင်းသွားမည်ဖြစ်ပြီး၊ လက်ရှိပျံသန်းလျက်ရှိသည့် နိုင်ငံတကာ လေကြောင်းလိုင်းများမှ ခေါက်ရေတိုးမြှင့် ပျံသန်းခြင်းအား ညအချိန်တွင်သာ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။

No comments:
Post a Comment