မကွေးမြို့ ကန်သာရပ်ကွက်တွင်ရှိသော အေးစေတီဘုရားရှိ အလှူခံပုံး အခိုးခံရသဖြင့် မြို့မရဲစခန်းတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားကြောင်း အေးစေတီဘုရား ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးဟန်ထွန်းက ပြောကြားသည်။
“သြဂုတ်လ ၁၄ရက် နံနက် ၁၁ နာရီ နဲ့ နေ့လယ် ၁၂ နာရီ ကြားလောက်မှာ အခိုးခံရတယ်။ အဲဒီအချိန်မှာ ဘုရားဖူးတစ်ယောက် ရှိတယ်ဆိုပြီး ကျွန်တော်က ထမင်းစား ပြန်သွားတယ်” ဟု ယင်းဘုရား အစောင့်ဝန်ထမ်း ဦးလှသန်းက ဆိုသည်။
အရှည်ရှစ်လက်မနှင့် အနံလေးလက်မခန့်ရှိသော အလူမီနီယံ ဘောင်မှန်ပုံးတွင် ကျပ်နှစ်သိန်း ရှစ်သောင်းကိုးထောင့် သုံးရာခန့် ပါရှိကြောင်း ဦးဟန်ထွန်းက ထုတ်ဖော် ပြောကြားသည်။
ယင်းအလှူငွေများမှာ ငွေလက်ခံစာရွက်နှင့် လက်ခံထားသည့် ငွေများဖြစ်သဖြင့် ပမာဏ တိတိကျကျ ပြောနိုင်ခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
သြဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ပုံးတစ်ခုကို ခေါင်းပေါ် ရွက်သယ်လာသော အသက် ၁၂ နှစ်ခန့် လူငယ်တစ်ဦးကို အသက် ၁၈ နှစ်ခန့် လူငယ်တစ်ဦးက ဦးဆောင်ပြီး အေးစေတီ ဘုရားတောင်ဘက် ကန်ဘောင်ပေါ်သို့ ခပ်သုတ်သုတ် တက်သွားသည်ကို တွေ့လိုက်ကြောင်း၊ မသင်္ကာသဖြင့် ဘုရားအနီး ကွမ်းယာရောင်းနေသော ကိုကျော်မင်းဌေးကို ပြောမိကြောင်း အေးစေတီဘုရား အနီးရှိ မြစံပယ် ဗေဒင်လက္ခဏာဆိုင်မှ ဒေါ်ကြင်စန်းက ရှင်းပြသည်။
ကိုကျော်မင်းဌေးကမူ“ကန်ဘောင်ပေါ်
ယခုကဲ့သို့ ဖြစ်ရပ်မျိုး ယခင်က မဖြစ်ပွားခဲ့ဖူးကြောင်း၊ နောက်တစ်ကြိမ် ထပ်မံမဖြစ်ပွားစေရန် သြဂုတ်လ ၁၆ရက်နေ့တွင် ဂေါပကအဖွဲ့ဝင်များ စည်းဝေးကာ အားနည်းချက်များကို ပြန်လည်သုံး သပ်သွားမည် ဖြစ်ကြောင်း ဦးဟန်ထွန်းက ပြောကြားသည်။
ယင်းအေးစေတီဘုရားကို မြန်မာ သက္ကရာဇ် ၁၃၄၀ ပြည့်နှစ်တွင် တောင်ပုလု ဆရာတော်ကြီး ကိုယ်တိုင် ပန္နက်ချပြီး တည်ထားခဲ့ခြင်း ဖြစ်ကြောင်း ဂေါပက အဖွဲ့၏ ပြောကြားချက်အရ သိရသည်။
No comments:
Post a Comment