Friday, August 16, 2013

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး မည်မျှ ဆောင်ရွက်နိုင်မည် ဆိုသည်မှာ ကိုယ်စားလှယ်များ၏ လုပ်ဆောင်ချက်အပြင် အုပ်ချုပ်ရေး အဖွဲ့၏ အဓိက ပါဝင်မှုအပေါ် မူတည်မည်ဟု ပြည်ထောင်စု လွှတ်တော်နာယက ပြောကြား

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ၂၀၁၅ ခုနှစ် ရွေးကောက် ပွဲ မတိုင်မီ မည်မျှထိ ဆောင်ရွက်နိုင်မည် ဆိုသည်မှာ လွှတ်တော် ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက် အပြင် အုပ်ချုပ်ရေး အဖွဲ့၏ ပါဝင်မှုအပေါ်လည်း မူတည်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။သြဂုတ် ၁၆ ရက် က နေပြည်တော် ပြည်သူ့လွှတ်တော်၌ သတင်းထောက်များနှင့် တွေ့ဆုံ စဉ် ပြည်ထောင်စုလွှတ်တော်နာယကက မေးမြန်းချက်များကို ဖြေကြားရာတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရန် လေ့လာသုံးသပ်ရေး ကော်မရှင် ဖွဲ့စည်းထားပြီး ဖြစ်သောကြောင့် မကြာမီလုပ်ငန်း စတင်တော့မည် ဖြစ်ကြောင်းလည်း ပြောကြားသည်။
''ဘယ်လောက် အတိုင်းအတာထိ ပြီးမလဲ ဆိုတာကတော့ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ လွှတ်တော် ကိုယ်စားလှယ်များရဲ့ ပါဝင်မှု၊ ပြီးတဲ့အခါ အဓိက အုပ်ချုပ်ရေးဘက်ကပါဖို့ အရေးကြီးပါတယ်။ ဥပဒေပြုတဲ့ အခါမှာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပါဝင်မှုဟာ အများကြီး အရေးကြီးပါတယ်။ ဒီအပေါ် မူတည်ပြီးတဲ့ အခါမှာ ဘယ်လောက် အတိုင်းအတာအထိ ပြီးမယ်ဆိုတာ ကတော့ အဲဒီရဲ့ ပါဝင်မှု အပေါ်မှာပဲ မူတည်တယ်လို့ ပြောချင်ပါတယ်'' ဟု သတင်းထောက်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆောင် ရွက်မှုများနှင့် ပတ်သက်၍ မေးမြန်းမှုများကို ပြန်လည် ဖြေကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအား မည်သို့ပြင်ဆင်မည် ဆိုသည်မှာ ပြည်သူ များ၏ ဆန္ဒ၊ လွှတ်တော် ကိုယ်စားလှယ်များ၏ ဆန္ဒအပြင် အုပ်ချုပ်ရေး အဖွဲ့၏ဆန္ဒပါ လိုအပ်ကြောင်းလည်း အီဂျစ်နိုင်ငံတွင် ဖြစ်ပွားနေသော အဖြစ်အပျက်များနှင့် နှိုင်းယှဉ်၍ ပြောကြားခဲ့ပြီး အဓိကမှာ နိုင်ငံ တည်ငြိမ် အေးချမ်းရေးသာ ဖြစ်သည်ဟု ၎င်းကပြောကြား...

လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖက်ဒရယ်ဆန်သော၊ ဖက်ဒရယ်စနစ် ကို ကျင့်သုံးစေသော အချက်အလက် အကြောင်းအရာများ ပါဝင်ကြောင်း၊ အခြေခံ အကြောင်းတရားများနှင့် လုပ်ဆောင် နေသော်လည်း အချို့ကိစ္စများတွင် ယခုထက် ပိုမိုတိုးမြှင့်ရန် လိုအပ်ကြောင်း သုံးသပ်ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အချို့မှာ အသစ်ပြန်လည်ပြင်ဆင် ရေးဆွဲသင့်ကြောင်း၊ အချို့မှာ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ယာယီအဖြစ် အသုံးပြု၍ နောက်အသစ် ပြဋ္ဌာန်း သင့်ကြောင်း ပြောဆိုနေကြခြင်းမှာ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း၏ အယူအဆများသာ ဖြစ်ကြောင်း၊ ယင်းအယူအဆများသည် မိမိတို့၏နိုင်ငံနှင့် သင့်လျော်ကိုက်ညီမည် ဆိုသည်မှာ လွှတ်တော် ကိုယ်စားလှယ်များ အပါအ၀င် ပြည်သူများ ရွေးချယ်ရန် လိုအပ်ကြောင်း၊ မည်သို့ပင်ဖြစ်စေ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းမှုကို မထိခိုက်စေရန် သတိပြုရန် လိုအပ်ကြောင်း၊ စေတနာ ကောင်းသော်လည်း လုပ်ထုံးလုပ်နည်း လွဲမှားသွားပါက နိုင်ငံနစ်နာမှုများ ရှိလာနိုင်၍ အလေး ထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ရေးနှင့် စပ်လျဉ်း၍ ပြောကြားသည်။

ဆက်လက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေအား မည်သို့ပြင်ဆင်မည် ဆိုသည်မှာ ပြည်သူများ၏ ဆန္ဒ၊ လွှတ်တော် ကိုယ်စားလှယ်များ၏ ဆန္ဒအပြင် အုပ်ချုပ်ရေး အဖွဲ့၏ဆန္ဒပါ လိုအပ်ကြောင်းလည်း အီဂျစ်နိုင်ငံတွင် ဖြစ်ပွားနေသော အဖြစ်အပျက်များနှင့် နှိုင်း ယှဉ်၍ ပြောကြားခဲ့ပြီး အဓိကမှာ နိုင်ငံတည်ငြိမ် အေးချမ်းရေး သာ ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

လွှတ်တော်တွင် အတည်ပြုရန် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆန္ဒရယူမှုနှင့် စပ်လျဉ်းသည့် ကိစ္စနှင့် ပတ်သက်သည့် မေးခွန်း ကို ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ''သဘောတူသင့်တာကို သဘောမတူတဲ့ လွှတ်တော် ကိုယ်စားလှယ်ဟာ ပြည်သူ့အကျိုးကို မလိုလားတဲ့သူပဲ'' ဟု ပြန်လည် ဖြေကြားသည်။

သြဂုတ် ၁၆ ရက်က နေပြည်တော်တွင် ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် သူရဦးရွှေမန်းအား တွေ့ရစဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး)
Eleven Media Group

Photo: ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး မည်မျှ ဆောင်ရွက်နိုင်မည် ဆိုသည်မှာ ကိုယ်စားလှယ်များ၏ လုပ်ဆောင်ချက်အပြင် အုပ်ချုပ်ရေး အဖွဲ့၏ အဓိက ပါဝင်မှုအပေါ် မူတည်မည်ဟု ပြည်ထောင်စု လွှတ်တော်နာယက ပြောကြား
Saturday, August 17, 2013

No comments:

Post a Comment