Friday, August 30, 2013

ဥရောပစူပါဖလားကို ဘိုင်ယန်မြူးနစ် ဆွတ်ခူး

Photo: ဥရောပစူပါဖလားကို ဘိုင်ယန်မြူးနစ် ဆွတ်ခူး 
Saturday, August31, 2013

ဥရောပစူပါဖလား (European Super Cup) ဘောလုံးပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်နှင့် ချယ်လ်ဆီးတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဘိုင်ယန်မြူးနစ်က ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီး ဥရာပစူပါဖလားကို ဆွတ်ခူးရရှိ 

ဥရောပစူပါဖလား (European Super Cup) ဘောလုံးပွဲစဉ်အဖြစ် ဘိုင် ယန်မြူးနစ်နှင့် ချယ်လ်ဆီးတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဘိုင်ယန်မြူးနစ်က ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီး ဥရာပစူပါဖလားကို ဆွတ်ခူး ရရှိသွားသည်။ ချက်ရီပတ်ဘလစ်နိုင်ငံ ပရာဂူးမြို့ရှိ အီဒင် အားကစားကွင်း တွင် ယှဉ်ပြိုင်ကစားခဲ့သော ယနေ့ပွဲစဉ်တွင် ပွဲကစားချိန် မိနစ် ၉၀ ပြီးဆုံးချိန် အထိ တစ်ဂိုးစီ သရေရလဒ်ဖြစ်ခဲ့သည်။ ချယ်လ်ဆီးအတွက် အဖွင့်ဦးဆောင် ဂိုးကို ပွဲအစ ၈ မိနစ်တွင် ဖာနန်ဒို တောရက်စ်က သွင်းယူခဲ့သည်။ ထို့နောက် ပထမပိုင်းအပြီးတွင် ချယ်လ်ဆီးက ၁-၀ ဂိုးဖြင့် ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်း ဆက်လက် ယှဉ်ပြိုင်ကစားရာ ပွဲပြန်လည် စတင်ပြီး မကြာမီ ၄၇ မိနစ်တွင် ရစ်ဘာရီက ဘိုင်ယန်အတွက် ချေပဂိုးသွင်းယူခဲ့သည်။ ထို့နောက် တစ်ဖက်နှင့်တစ်ဖက် ဂိုးရရှိရေး ကြိုးပမ်းခဲ့သော်လည်း သာမန်ပွဲကစားချိန် မိနစ် ၉၀ ပြီးဆုံးအချိန်အထိ ဂိုးသွင်းယူနိုင်ခြင်း မရှိဘဲ တစ်ဂိုးစီ သရေရလဒ် သာ ဖြစ်ခဲ့သည်။ ဒုတိယပိုင်း ပွဲကစားချိန် ၈၄ မိနစ်တွင် ချယ်လ်ဆီးကွင်း လယ် လူ ရာမီးရက်စ် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသည်။

ထို့နောက် အချိန်ပို မိနစ် ၃၀ ဆက်လက် ယှဉ်ပြိုင်ကစားရာ ပွဲကစားချိန် ၉၃ မိနစ်တွင် ချယ်လ်ဆီးအတွက် ဒုတိယအကြိမ် ဦဆောင်ဂိုးကို ဟာဇက်က သွင်းယူခဲ့သည်။ အချိန်ပို ပထမပိုင်းပြီးချိန်တွင် ချယ်လ်ဆီးက ၂-၁ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ဆက်လက်၍ အချိန်ပို ဒုတိယပိုင်းကို ယှဉ်ပြိုင်ကစားရာ ပွဲကစားချိန် မိနစ် ၁၂၀ နီးပါးအထိ ချယ်လ်ဆီးက ၂-၁ ဂိုးဖြင့် ဆက်လက် ဦးဆောင်နေခဲ့သည်။ သို့သော် အချိန်ပို ဒုတိယပိုင်း ပြီးဆုံးခါနီး နောက်ဆုံး မိနစ်တွင် ဘိုင်ယန်အတွက် အရေးပါသည့် ချေပဂိုးကို မာတီနက်ဇ်က သွင်းယူခဲ့ပြီး ၂ ဂိုးစီ သရေရလဒ်ဖြင့် ပွဲကစားချိန် ပြီးဆုံးခဲ့သည်။

ထို့နောက် ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းရာတွင် ဘိုင်ယန်မြူးနစ်က ၅-၄ ဂိုးဖြင့် အနိုင်ရကာ ဥရောပစူပါဖလားကို ဆွတ်ခူးသွားခဲ့သည်။ ဘိုင်ယန်မှ အလာဘာ၊ ကရော့စ်၊ လမ်း၊ ရစ်ဘာရီ၊ ရှကီရီတို့ ပင်နယ်တီကန်သွင်းခဲ့ပြီး ဂိုးဝင်ခဲ့သည်။ ချယ်လ်ဆီးမှ လုဇ်၊ အော်စကာ၊ လမ်းပတ်၊ ကိုးလ်၊ လူကာကူတို့ ပင်နယ်တီ ကန်သွင်းခဲ့ရာ လူကာကူ၏ ပင်နယ်တီကို ဘိုင်ယန်ဂိုးသမား နူအာက ကာကွယ်သွားနိုင်ခဲ့သည်။ ယခုပွဲစဉ်အတွက် အကောင်းဆုံးကစားသမားဆုကို ဘိုင်ယန်မြူးနစ် ကစားသမား ရစ်ဘာရီက ရရှိခဲ့သည်။

Planet Myanmar Netwotk
ဥရောပစူပါဖလား (European Super Cup) ဘောလုံးပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်နှင့် ချယ်လ်ဆီးတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဘိုင်ယန်မြူးနစ်က ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီး ဥရာပစူပါဖလားကို ဆွတ်ခူးရရှိ

ဥရောပစူပါဖလား (European Super Cup) ဘောလုံးပွဲစဉ်အဖြစ် ဘိုင် ယန်မြူးနစ်နှင့် ချယ်လ်ဆီးတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဘိုင်ယန်မြူးနစ်က ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီး ဥရာပစူပါဖလားကို

ရန်ကုန်မြို့တွင် Day Club များ လုံးဝမဖွင့်ရန် ညွှန်ကြားချက်ကို လိုက်နာခြင်း မရှိပါက ပုဒ်မ ၁၈၈ ဖြင့် အရေးယူမည်

Photo: ရန်ကုန်မြို့တွင် Day Club များ လုံးဝမဖွင့်ရန် ညွှန်ကြားချက်ကို လိုက်နာခြင်း မရှိပါက ပုဒ်မ ၁၈၈ ဖြင့် အရေးယူမည်
Saturday, August31, 2013

ရန်ကုန်တိုင်း ဒေသကြီးအတွင်း Day Club များ လုံးဝမဖွင့်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်းနှင့် ယင်းညွှန်ကြားချက်အား လိုက်နာမှု မရှိသူများအား ပုဒ်မ ၁၈၈ ဖြင့် အရေးယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း Night Club များသာမက ယခုနောက်ပိုင်း Day Club များပါ ဖွင့်လှစ်မှု ရှိလာကြောင်း၊ ထိုသို့ ဖွင့်လှစ်မှုများမှာ အကျင့် စာရိတ္တ ပျက်ပျားစေကြောင်း၊ ထို့ပြင် အချို့မိဘများမှာ Day Club များနှင့် ပတ်သက်၍ တိုင်းတန်းမှု အချို့ပင် ပြုလုပ်လာကြခြင်းကြောင့် ၎င်းတို့အား အရေးယူရန် တရားဝင် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး က ပြောကြားချက်အရ သိရသည်။

Day Club တွေကို အရေးယူဖို့ တရားဝင် ညွှန်ကြားထားပြီး ဖြစ်တယ်။ ရဲတပ် ဖွဲ့ကနေ အုပ်ချုပ်ရေးပိုင်းနဲ့ ပူးပေါင်းပြီး အရေးယူမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန် တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
''ပုဒ်မ ၁၈၈ ဆိုတာ တားမြစ်ထားတဲ့ ညွှန်ကြားချက် တစ်ခုကို လိုက်နာခြင်း မရှိသူတွေကို အရေးယူနိုင်တဲ့ ပုဒ်မဖြစ်ပြီး အခုလို Day Club များ ဖွင့်လှစ်ခြင်း မပြုရန် ညွှန်ကြားချက်ကို မလိုက်နာရင် ပုဒ်မ ၁၈၈ နဲ့ အရေးယူမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။

ပုဒ်မ ၁၈၈ ဆိုသည်မှာ ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန်ကြေ ညာသော အမိန့်ကို ဖီဆန်ခြင်းဖြစ်ပြီး ပြစ်ဒဏ်အနေဖြင့် အလုပ်မဲ့ ထောင် ဒဏ် ၁ လ ဖြစ်စေ၊ ငွေနှစ်ရာဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း၊ အကယ်၍ ထိုသို့ ဖီဆန်မှုသည် လူ့အသက်ကိုသော် လည်းကောင်း၊ ကျန်းမာရေးကိုသော် လည်းကောင်း၊ လုံခြုံရေးကို သော် လည်းကောင်း၊ ဘေးဖြစ်စေသော် ခြောက်လအထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေတစ်ထောင်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

သို့သော် လက်ရှိအထိ Day Club ဖွင့်လှစ်ရန် တားမြစ်ချက်အား မလိုက်နာ၍ ပုဒ်မ ၁၈၈ ဖြင့် အရေးယူမှု မရှိသေးကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့အတွင်းရှိ Day Club တစ်ခုအား မေလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
Eleven Media Group
ရန်ကုန်တိုင်း ဒေသကြီးအတွင်း Day Club များ လုံးဝမဖွင့်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်းနှင့် ယင်းညွှန်ကြားချက်အား လိုက်နာမှု မရှိသူများအား ပုဒ်မ ၁၈၈ ဖြင့် အရေးယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယားနှင့် တွေ့ဆုံ

Photo: ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယားနှင့် တွေ့ဆုံ
Saturday, August31, 2013

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင် ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယားကို သြဂုတ် ၃၀ ရက် က နေပြည်တော်ရှိ သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံရာတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ ဒုတိ ယ၀န်ကြီး ဦးတင်ဦးလွင်၊ ဗိုလ်ချုပ်မောင်မောင်အုန်းနှင့် ဦးကျော်ကျော်ဝင်း တို့လည်း ပါဝင်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း အချင်းချင်း အပြန်အလှန် သဟ ဇာတဖြစ်စွာ နေထိုင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် ယင်းအပေါ် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက် မှုများအပေါ် ကုလသမဂ္ဂမှ ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွားနိုင်ရေး ဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယား သည် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့်လည်း ဆက်လက်တွေ့ဆုံခဲ့ပြီး လွှတ်တော်ရေးရာများ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဗီဂျေးနမ်ဘီးယားသည် ယခုအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများသို့ သွားရောက်ခြင်း၊ မြစ်ကြီးနားမြို့ရှိ မြို့ခံပြည်သူလူထုနှင့် တွေ့ဆုံခြင်း၊ စစ်ဘေးရှောင် ဒုက္ခသည် စခန်းများသို့ သွားရောက်ခြင်း၊ လိုင်ဇာရှိ ကေအိုင်အို ဌာနချုပ်သို့ သွားရောက်ခြင်း များ ပြုလုပ်ခဲ့သည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင် ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယားကို သြဂုတ် ၃၀ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမတွင် တွေ့ရစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်)
Eleven Media Group

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင် ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယားကို သြဂုတ် ၃၀ ရက် က နေပြည်တော်ရှိ သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုများကို၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်း အထိ လျှော့ချသွားနိုင်ရန် ပြုပြင်ပြောင်းလဲသွားမည်

မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုကို ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်းအ ထိ လျှော့ချသွားနိုင်ရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သမ၀ါယမ ၀န်ကြီးဌာနနှင့် ကိုရီးယား နိုင်ငံတို့အကြား ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မူဝါဒနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဗဟုသုတ ဖလှယ်ရေး ဖိုရမ်အခမ်းအနားတွင် သိရသည်။

ပရင့်ဘိုတန်ကို ရှော်လ်ကေးခေါ်ယူလိုက်ပြီ

Photo: ပရင့်ဘိုတန်ကို ရှော်လ်ကေးခေါ်ယူလိုက်ပြီ
Saturday, August 31, 2013

အေစီမီလန် ကွင်းလယ်လူ ဘိုတန်မှာ ဘွန်ဒက်စ်လီဂါကလပ် ရှော်လ်ကေးသို့
လေးနှစ်စာချုပ်ဖြင့် ပြောင်းရွှေ့သွားခဲ့သည်။ယခုရာသီ ဘွန်ဒက်စ် လီဂါ အဖွင့်ပွဲစဉ်များတွင် ရလဒ်ဆိုးများဖြင့် ကြုံတွေ့နေရသော
ရှော်လ်ကေးမှာ အေစီမီလန်နှင့် ဘိုတန် လမ်းခွဲလိမ့်မည်ဟု ယုံကြည်သောကြောင့် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟသွားခဲ့ပြီး ၎င်း၏ အကူအညီဖြင့် မိမိတို့အသင်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက် လိမ့်မည်ဟု ဆိုထားသည်။

ရှော်လ်ကေး အထွေထွေမန်နေဂျာ ဟို့စ်ဟက်ဒ်က “ဘိုတန်ဟာ အရည်အချင်း ပြည့်ဝသလိုခေါင်းဆောင်ကောင်းတစ်ယောက် လည်း ဖြစ်ပါတယ်။ မီလန်နဲ့ သူလမ်းခွဲမယ်လို့ ယုံကြည်တဲ့အတွက် ကျွန်တော်တို့ သူ့အတွက် ကမ်းလှမ်းခဲ့တာပါ”ဟု ဖွင့်ဟသွားခဲ့ သည်။ အေစီမီလန်မှာ ဂျူဗင်တပ် တိုက်စစ်မှူး မက်ထရီကို ယူရို ၁၁သန်းဖြင့် ခေါ်ယူခဲ့ပြီးနောက် ဘဏ္ဍာရေးအခြေအနေကြောင့် 
ဘိုတန်နှင့် လမ်းခွဲခဲ့ခြင်းဖြစ်သည်။ ဘိုတန်အနေဖြင့် ရှော်လ်ကေး
တွင် နံပါတ်(၉)ဂျာစီဝတ်ဆင်မည်ဖြစ်ပြီး လေဗာကူဆင်နှင့် ယှဉ်ပြိုင်မည့် ရှော်လ်ကေးအသင်း လူစာရင်းတွင် ပါဝင်လာ ခဲ့ပြီး ဒေါ့မွန်ကစားသမားဘ၀ပြီးနောက် ဘွန်ဒက်စ်လီဂါမြေသို့ တစ်ကျော့ပြန် ခြေချလာခြင်းလည်းဖြစ်သည်။

ရိုးရာလေး
အေစီမီလန် ကွင်းလယ်လူ ဘိုတန်မှာ ဘွန်ဒက်စ်လီဂါကလပ် ရှော်လ်ကေးသို့
လေးနှစ်စာချုပ်ဖြင့် ပြောင်းရွှေ့သွားခဲ့သည်။ယခုရာသီ ဘွန်ဒက်စ် လီဂါ အဖွင့်ပွဲစဉ်များတွင် ရလဒ်ဆိုးများဖြင့် ကြုံတွေ့နေရသော
ရှော်လ်ကေးမှာ အေစီမီလန်နှင့် ဘိုတန် လမ်းခွဲလိမ့်မည်ဟု ယုံကြည်သောကြောင့် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟသွားခဲ့ပြီး ၎င်း၏ အကူအညီဖြင့် မိမိတို့အသင်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက် လိမ့်မည်ဟု ဆိုထားသည်။

ဆီးဂိမ်းကွင်းများ ပြင်ဆင်ထားမှုမှာ ကမ္ဘာ့အဆင့်ရှိဟု မလေးရှား အိုလံပစ်ကော်မတီဥက္ကဋ္ဌ ချီးကျူး

မလေးရှား အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ကော့ချီက မြန်မာနိုင်ငံအနေဖြင့် ဆီးဂိမ်းကစားကွင်းများ ပြင်ဆင်ထားမှုမှာ ကမ္ဘာ့အဆင့်ရှိကြောင်း ချီးကျူးပြောကြားခဲ့သည်။

ကော့ချီမှာမြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သောလူမျိုးရေး ပဋိပက္ခဖြစ်စဉ်များကြောင့်နေပြည်တော် ဆီးဂိမ်းအတွက် လုံခြုံရေးစိုးရိမ်ကြောင်း ထုတ်ဖေါ်ပြောခဲ့သူဖြစ်ပြီး ယခုအခါပြိုင်ပွဲကျင်းပရန်သုံးလအလိုတွင် စိုးရိမ်မှု မရှိတော့ဟု
ပြန်လည် ပြောဆိုခဲ့ကြောင်း မလေးရှားသတင်းစာ The Star တွင် ဖော်ပြထားသည်။

Sunday, August 25, 2013

တနင်္ဂနွေညနှင့် တနင်္လာ နံနက်အစောပိုင်း ဥရောပဘောလုံးပွဲစဉ်များ တိုက်ရိုက်ကြည့်ရှုရန် လင့်ခ်အချို့ကို စုစည်းဖြော်ပထားပါသည်။

အင်္ဂလန်ပရီးမီးယားလိဂ်
~~~~~~~~~~~~~
သြဂုတ် ၂၅ ရက်၊ တနင်္ဂနွေ
-------------------------------
ကာဒစ် vs မန်ချက်စတာစီးတီး (ည ၉း၃၀)
http://www.livecricketstreamin.com/channel5
http://www.livecricketstreamin.com/skys1
http://www.atdhe24.net/live-streaming/20130824/vv52189765b0b777.85546218-627076.html

တော့တင်ဟမ် vs ဆွမ်ဆီး (ည ၉း၃၀)
http://www.livecricketstreamin.com/channel17
http://www.atdhe24.net/live-streaming/20130824/vv521897704f3255.85317268-627077.html

ပွဲပြီးရလဒ်များ
~~~~~~~
အက်စတန်ဗီလာ ၀ - ၁ လီဗာပူးလ်
ဖူလ်ဟမ် ၁ - ၃ အာဆင်နယ်
အဲဗာတန် ၀ - ၀ ဝက်စ်ဘရွန်း
ဟားလ်စတီးတီး ၁ - ၀ နောဝစ်ခ်ျ
နယူးကာဆယ် ၀ - ၀ ဝက်စ်ဟမ်း
ဆောက်သမ်တန် ၁ - ၁ ဆန်းဒါးလန်း
စတုတ်စီးတီး ၂ - ၁ ခရစ္စတယ်လ်ပဲလေ့စ်

စပိန်လာလီဂါ
~~~~~~~
သြဂုတ် ၂၅ ရက်၊ တနင်္ဂနွေ
---------------------------
အက်သလက်တီကို မက်ဒရစ် vs ဗယ်လီကာနို (ည ၁၁း၃၀)
http://www.livecricketstreamin.com/channel4
http://www.atdhe24.net/live-streaming/20130824/vv52189f83c89e90.16457817-627155.html

သြဂုတ် ၂၆ ရက်၊ တနင်္လာ
--------------------------
လီဗန်တေး vs ဆီဗီလာ (နံနက် ၁း၃၀)
http://www.livecricketstreamin.com/channel5
http://www.atdhe24.net/live-streaming/20130824/vv52190b22dcec71.27447989-627752.html

မာလာဂါ vs ဘာစီလိုနာ (နံနက် ၁း၃၀)
http://www.livecricketstreamin.com/channel3
http://www.livecricketstreamin.com/channel4
http://www.livecricketstreamin.com/skys1
http://www.atdhe24.net/live-streaming/20130824/vv52190b2d7c05a1.52739913-627753.html

ဘက်တစ် vs ဆဲလ်တာဗီဂို (နံနက် ၃း၃၀)
http://www.livecricketstreamin.com/channel4
http://www.atdhe24.net/live-streaming/20130824/vv52190d70a171a5.20616547-627779.html

ပွဲပြီးရလဒ်များ
~~~~~~~~
ဗီလာရီးယဲလ် ၂ - ၁ ဗယ်လာဒိုလစ်
အက်စ်ပန်ညို ၃ - ၁ ဗလင်စီယာ
အီလ်ချီ ၁ - ၁ ဆိုစီဒက်
ဂီတာဖေး ၂ - ၂ အယ်လ်မီးရီးယား
ဘီလ်ဘာအို ၂ - ၀ အိုဆာဆူနာ

ဂျာမန်ဘွန်ဒက်စ်လီဂါ
~~~~~~~~~~~~
သြဂုတ် ၂၅ ရက်၊ တနင်္ဂနွေ
---------------------------
ဘရွန်ရှဝိန်းဂ် vs ဖရန့်ဖတ် (ည ၈း၀၀)
http://www.livecricketstreamin.com/channel10
http://www.atdhe24.net/live-streaming/20130824/vv52189503c0d322.27332171-627055.html

အော့စ်ဘတ် vs စတုဂတ် (ည ၁၀း၀၀)
http://www.livecricketstreamin.com/channel10
http://www.atdhe24.net/live-streaming/20130824/vv521897eca131c6.66101046-627082.html

ပွဲပြီးရလဒ်များ
~~~~~~~~
ဟာသာဘာလင် ၁ - ၀ ဟမ်းဘတ်
လေဗာကူဆင် ၄ - ၂ မိုချန်ဂလာဘတ်
ဘိုင်ယန်မြူးနစ် ၂ - ၀ နုရင်ဘတ်
ဟန်နိုဗာ ၂ - ၁ ရှော်ကေး
ဟော်ဖန်ဟိမ်း ၃ - ၃ ဖရိုင်းဘတ်
မိန့်ဇ် ၂ - ၀ ဝုလ်ဘတ်
ဒေါ့မန် ၁ - ၀ ဝါဒါဘရီမင်

အီတလီစီးရီးအေ
~~~~~~~~~~
သြဂုတ် ၂၅ ရက်၊ တနင်္ဂနွေ
---------------------------
အင်တာ vs ဂျီနိုအာ (ည ၁၀း၃၀)
http://www.atdhe24.net/live-streaming/20130824/vv52189c7e352170.11466893-627089.html

သြဂုတ် ၂၆ ရက်၊ တနင်္လာ
--------------------------
ကက်ဂလီယာရီ vs အတ္တလန္တာ (နံနက် ၁း၁၅)
http://www.atdhe24.net/live-streaming/20130824/vv5218a126696bb1.31169167-627181.html

လာဇီယို vs အူဒီးနီးစ် (နံနက် ၁း၁၅)
http://www.atdhe24.net/live-streaming/20130824/vv5218a12d46cd65.31570169-627182.html

လီဗော်နို vs ရိုးမား (နံနက် ၁း၁၅)
http://www.atdhe24.net/live-streaming/20130824/vv5218a13741d235.90641399-627183.html

နာပိုလီ vs ဘိုလော့ဂ်နာ (နံနက် ၁း၁၅)
http://www.atdhe24.net/live-streaming/20130824/vv5218a13fac9445.11605940-627184.html

ပါးမား vs ချီယေဗို (နံနက် ၁း၁၅)
http://www.atdhe24.net/live-streaming/20130824/vv5218a146eb4280.67124033-627185.html

တိုရီနို vs ဆက်ဆူအိုလို (နံနက် ၁း၁၅)
http://www.atdhe24.net/live-streaming/20130825/vv52196928bd3268.84141884-628007.html

ပွဲပြီးရလဒ်များ
~~~~~~~~
ဆမ်ဒိုးရီးယား ၀ - ၁ ဂျူဗင်တပ်စ်
ဗီရိုနာ ၂ - ၁ အေစီမီလန်

Planet Myanmar Network

Saturday, August 24, 2013

မြန်မာတွင် တယ်လီဖုန်းစက်ရုံ လာရောက်တည်ဆောက်ရန် ဆမ်ဆောင်းက ကမ်းလှမ်း

Photo: မြန်မာတွင် တယ်လီဖုန်းစက်ရုံ လာရောက်တည်ဆောက်ရန် ဆမ်ဆောင်းက ကမ်းလှမ်း
Saturday, August 24, 2013

ကိုရီးယား နိုင်ငံ ဆမ်ဆောင်းကုမ္ပဏီက မြန်မာ နိုင်ငံတွင် တယ်လီဖုန်းထုတ်လုပ် သည့်စက်ရုံ လာရောက်တည် ထောင်ရန် ကမ်းလှမ်းထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က ပြောသည်။ ဩဂုတ်၂၃ရက်က နေပြည် တော်သမ္မတရုံး၌ ပြုလုပ်သော ဝန်ကြီးများအစည်းအဝေးတွင် နိုင်ငံတော်သမ္မတရုံး ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 ''ဆမ်ဆောင်းကုမ္ပဏီက ကန်ဒေါ်လာ ၁ဝဘီလီယံ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်း ထားတယ်။ သူတို့က ဒီမှာ ဖုန်း စက်ရုံထောင်ဖို့အတွက် လျှပ်စစ် စီစဉ်ပေးရမယ်။ လျှပ်စစ်မပေးနိုင် သေးတဲ့အတွက် လာဖို့စောင့်နေ ကြတာဖြစ်ပါတယ်''ဟု ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။ ၂၀၁၂ခုနှစ်ကလည်း ယင်း ကဲ့သို့ မြန်မာနိုင်ငံတွင် ဖုန်းဆက် စပ်ပစ္စည်းများ လာရောက်ထုတ် လုပ်ရန်အတွက် ကမ်းလှမ်းမှုများ ရှိခဲ့ပြီး မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော် မရှင်မှ မြေနေရာနှင့်လျှပ်စစ်မီး မပေးနိုင်ခြင်း ကြောင့် လာရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ခဲ့ခြင်း မရှိကြောင်း ယခင် ဆမ်ဆောင်း အီလက်ထရွန်နစ်ပစ္စည်းများ ကိုယ် စားလှယ်ယူ တင်သွင်းရောင်းချခဲ့ သည့်စက်မှုလုပ်ငန်းရှင်ကြီး ဦးမြတ် သင်းအောင်က ပြောသည်။

ဦးမြတ်သင်းအောင်က ''အ ရင်ကလဲ ဆမ်ဆောင်းက ဒီမှာ အလုပ်အကိုင်အခွင့်အလမ်း လူ ၃၀၀၀၀၊ ၄ဝဝဝဝလောက်ကို ဟန်း ဖုန်းစက်ရုံထောင်ပြီး ပေးနိုင်ဖို့အ တွက် စက်ရုံမြေနေရာနဲ့ လျှပ်စစ် ထုတ်ဖို့  Gas  မပေးနိုင်တဲ့အတွက် မလုပ်နိုင်ခဲ့ဘူး။ ဒီက ဖုန်း Operater  အတွက် လက်ရှိကုမ္ပဏီနှစ်ခု အပြင် နောက်ထပ်နှစ်ခုလဲ ရင်း နှီးမြှုပ်နှံဖို့ရှိတယ်လို့ သိရတယ်'' ဟု ပြောသည်။

ကမ္ဘာကျော် ဆမ်ဆောင်း ကုမ္ပဏီ အဆောက်အဦအား တွေ့ရစဉ်။ Photo : AFP
ဖြိုးလွင်အောင်
Yangon Media Group
ကိုရီးယား နိုင်ငံ ဆမ်ဆောင်းကုမ္ပဏီက မြန်မာ နိုင်ငံတွင် တယ်လီဖုန်းထုတ်လုပ် သည့်စက်ရုံ လာရောက်တည် ထောင်ရန် ကမ်းလှမ်းထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က ပြောသည်။ ဩဂုတ်၂၃ရက်က နေပြည် တော်သမ္မတရုံး၌ ပြုလုပ်သော ဝန်ကြီးများအစည်းအဝေးတွင် နိုင်ငံတော်သမ္မတရုံး ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပန်းဘဲတန်းမြို့နယ်တွင် ပုပ်ပွနေသော အမျိုးသားအလောင်းတွေ့

ပန်းဘဲတန်းမြို့နယ်တွင် ပုပ်ပွနေသော အမျိုးသားအလောင်းတွေ့ 

ရန်ကုန်၊ သြဂုတ် ၂၃ 

ပန်းဘဲတန်းမြို့နယ် အနော်ရထာလမ်း ဟိန္ဒူဘုရားကျောင်းအနီး ရှစ်ထပ်တိုက် တိုက်ခန်းတစ်ခုတွင် ကြိုးဆွဲချသေဆုံးပြီး ပုပ်ပွနေသော အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦး၏ အလောင်းကို သြဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅ မိနစ်က တွေ့ရှိခဲ့ကြောင်း ပန်းဘဲတန်းမြို့နယ် ရဲစခန်းမှ  ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။ 

သေဆုံးသူမှာ ဂေါ်ရခါးလူမျိုး ကိုကစ္စနား ဖြစ်ပြီး မိုးကုတ်မြို့ဇာတိ ကျောက်အရောင်းအဝယ် လုပ်ကိုင်သူတစ်ဦး ဖြစ်ကြောင်း၊ ရန်ကုန်နှင့် ဇာတိမြေမိုးကုတ်သို့ မကြာခဏ သွားရောက်လေ ရှိကြောင်း၊ အဆိုပါ တိုက်ခန်းတွင် တစ်ဦးတည်း နေထိုင်သည်မှာ လေးနှစ်ခန့် ရှိပြီဖြစ်ပြီး လွန်ခဲ့သော လေးရက်ခန့်မှစ၍ မိုးကုတ်တွင် နေထိုင်သူ မိသားစုဝင်တစ်ဦးက သေဆုံးသူကို ဖုန်းဆက်သွယ်၍ မရတော့ဟု ဆိုကြောင်း အဆိုပါတိုက်၏ မြေညီထပ်တွင် ထောပတ်ဆိုင် ဖွင့်လှစ်ရောင်းချသူထံမှ သိရှိရသည်။

သေဆုံးသူတွင် မောင်နှမသုံးဦးရှိပြီး ၎င်းသည် နိုင်ငံခြားသို့သွားရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း သွားခွင့်မရကြောင်း သိရသည်ဟု မိသားစုဝင်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အမှုစစ် ရဲအရာရှိက ပြောကြားသည်။

သေဆုံးသူမှာ ဧည့်ခန်းမျက်နှာကြက်မှ  သံချိတ်ငယ်တွင် ကြိုးချည်ကာ ကြိုးဆွဲချ သေဆုံးခြင်းဖြစ်ပြီး လွန်ခဲ့သော လေးရက်ခန့်က သေဆုံးခြင်း ဖြစ်နိုင်ကြောင်း အဆိုပါအမှုကို စစ်ဆေးသည့်  ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

“အချို့နေရာတွေမှာ အသားတွေပဲ့ပြီး တစ်ကိုယ်လုံးမှာ လောက်ကောင်တွေ ရှိနေတယ်။ နံတာလည်း အရမ်းပဲ” ဟု စစ်ဆေးသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

“သုံးလေးရက်လောက်ရှိပြီ။ နံနေတယ်ဆိုပြီး တိုက်မှာနေသူတွေ ပြောတာတော့ ကြားတယ်။ ကြွက်သေပုပ်လို့ပဲ ထင်နေတာ၊ ဖြစ်တဲ့အခန်းက မီးထွန်းထားတယ်ဆိုတော့ လူရှိနေတယ်လို့ပဲ ထင်နေ တာ” ဟု အဆိုပါတိုက်အနီးရှိ ဟိန္ဒူဘုရားကျောင်းမှ လက်ထောက်ရုံးတာဝန်ခံ ဦးဉာဏ်လင်းက ပြောကြားသည်။

ပန်းဘဲတန်းမြို့နယ် အနော်ရထာလမ်း ဟိန္ဒူဘုရားကျောင်းအနီး ရှစ်ထပ်တိုက် တိုက်ခန်းတစ်ခုတွင် ကြိုးဆွဲချသေဆုံးပြီး ပုပ်ပွနေသော အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦး၏ အလောင်းကို သြဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅ မိနစ်က တွေ့ရှိခဲ့ကြောင်း ပန်းဘဲတန်းမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

ဟိန်းဝေယံ ဖခင် မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ရေးပိုင်ရှင် ဦးဝင်းကို”

“ဟိန်းဝေယံ ဖခင် မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ရေးပိုင်ရှင် ဦးဝင်းကို”
Saturday, August 24, 2013

ဆန္ဒပြ သည့်လူအုပ်ကြားထဲကိုရောက်နေ သည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးမှ ဗီဒီယိုထုတ်လုပ်ရိုက်ကူးခွင့် ကို တစ်နှစ်တိတိ ပိတ်ခံထား ရသော မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ရေးပိုင် ရှင် ဦးဝင်းကိုကလည်း 
ဆန္ဒထုတ် ဖော်မှုဆီကို ပါဝင်လာရောက်ရခြင်း နှင့်ပတ်သက်ပြီး..

"ဆန္ဒပြမယ်ဆိုတာကိုသိတော့ ကျွန်တော်တို့လည်း ပါဝင်ရမယ် 
လေ။ အများအကျိုးအတွက် လုပ်တဲ့ နေရာမှာ ပါကိုပါရမယ်။ ဘာကြောင့် 
ပါသင့်လဲဆိုတော့ လက်ရှိနိုင်ငံတော် က သွားနေတဲ့ နိုင်ငံရေးပေါ်လစီက 
ဒီမိုကရေစီစနစ်ကို သွားနေတဲ့အနေ အထားမှာ နိုင်ငံတော်ကတောင်မှ 
ဖြေလျှော့ပေးပြီးတော့ စီးပွားရေး၊ လူမှုရေး၊ ပရဟိတလုပ်ငန်းတွေကို 
သွားနေတာ။ အဲဒီအချိန်မှာမှ NGOဆိုပြီး ကြေးကြော်နေတဲ့ မြန်မာနိုင်ငံ 
ရုပ်ရှင်အစည်းအရုံးကနေပြီး လုပ်ရပ်၊ လုပ်ကိုင်နေမှုပုံစံတွေက ဒီမိုကရေစီ မဟုတ်ဘဲနဲ့ အာဏာရှင် ဆန်ဆန်ပုံစံဖြစ်နေတာကို လုံးဝ လက်မခံနိုင် ဘူး"ဟုပြောပြခဲ့သည်။ ဆန္ဒပြလူအုပ်ကြီးဆီကို ရောက်ရှိခဲ့ သူ မဟော်ဂနီ ဗီဒီယိုထုတ်လုပ်ရေး ပိုင်ရှင် ဂျမန်းကလည်း ယခုဤနေရာ ကိုလာရောက် ပြီး ရောက်ရှိနေတာ သည် ဆန္ဒပြခြင်းမဟုတ်ဘဲ ဆန္ဒလာ ဖော်ထုတ်တာ ပါဟုဆိုလာသည်။

Popular Journal

သူငယ်တန်းကျောင်းသူ အဓမ္မပြုကျင့်ခံရမှု ကျောင်းသားများနှင့် မသက်ဆိုင်ဟုဆို

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်တွင် သူငယ်တန်း ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံမှုနှင့် ပတ်သက်၍ အခြေခံပညာ မူလတန်းကျောင်းရှိ အတန်းဖော် ကျောင်းသားများနှင့် ပတ်သက်မှုမရှိကြောင်း မှုခင်းတပ်ဖွဲ့ (CID) မှ ပြောကြားကြောင်း အဆိုပါ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက The Voice သို့ ပြောကြားသည်။

“ကျောင်းကို အဲဒီနေ့ (သြဂုတ် ၇ ရက်နေ့) ညနေ ၃ နာရီခွဲ ကျောင်းလွှတ်ချိန်လောက်မှာ CID က ဆိုပြီး လူသုံးဦး လာတယ်။ မြေပြင်အနေအထားကို စစ်ဆေးတယ်။ ၈ ရက်နေ့ နံနက်မှာ တစ်ခေါက်လာပြီး သူတို့ စစ်ဆေးသုံးသပ်ချက်အရ ကျောင်းနဲ့ ပတ်သက်မှု မရှိပါဘူး။ ကလေးမိဘတွေကိုလည်း အကြောင်းကြားပေးပါလို့ ပြောသွား တယ်” ဟု ၎င်းက ဆိုသည်။

Friday, August 23, 2013

လေယာဉ်မတော်တဆမှု စက်ချို့ယွင်းချက်ကြောင့် မဟုတ်ဟုဆို

လေယာဉ်မတော်တဆမှု စက်ချို့ယွင်းချက်ကြောင့် မဟုတ်ဟုဆို

ရန်ကုန်၊ သြဂုတ်၂၁

ကော့သောင်းမြို့နှင့် မိုင်းဆတ်မြို့တို့တွင် ဖြစ်ပွားခဲ့သော မြန်မာ့လေကြောင်း ပိုင် MA-60 လေယာဉ်မတော်တဆမှုများကို စစ်ဆေးရာတွင် စက်ပစ္စည်း ချို့ယွင်းချက်ကြောင့် မဟုတ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မြန်မာ့လေယာဉ် မတော်တဆ ထိခိုက်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ခံ ဦးမျိုးညွန့်က ပြောကြားသည်။

လတ်တလောတွင် စက်ပစ္စည်း ချို့ယွင်းချက်များကို မတွေ့ရသော်လည်း ထပ်မံ၍ ဖြည့်စွက်စစ်ဆေးရမည် ဖြစ်သည့်အပြင် လေယာဉ်ထုတ်လုပ်သည့် Xian Aircraft Manufacture ကုမ္ပဏီက စက်ပစ္စည်းများကို အသေးစိတ်ပြန်လည် စစ်ဆေးနေပြီး တရုတ်ဘက်မှ ညွှန်ကြား ချက်ထွက်လာပါက လေယာဉ်မတော်တဆမှုကို ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယခုလက်ရှိတွင် ပျံသန်းမှု လုပ်ငန်းစဉ်ကို ထပ်မံစစ်ဆေးနေပြီး လေယာဉ်မှူးများကိုလည်း ထပ်မံစစ်ဆေးရမည် ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

မေလ ၁၆ ရက်နေ့က မိုင်းဆတ်တွင် တစ်ကြိမ်၊ ဇွန်လ ၁၀ ရက်နေ့က ကော့သောင်းတွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိုင် တရုတ်နိုင်ငံလုပ် MA-60 လေယာဉ်များ မတော်တဆမှုများ ဖြစ်ပွားခဲ့သည့် အတွက် ယင်းလေယာဉ် အမျိုးအစားများကို ပြေးဆွဲခွင့် ရပ်နားထားကြောင်း မြန်မာ့လေကြောင်းမှ စုံစမ်းသိရှိရသည်။

MA-60 လေယာဉ်မျာကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ Xian Aircraft Manufacture ကုမ္ပဏီက ထုတ်လုပ်ထားကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနထံမှ စုံစမ်းသိရသည်။

ကော့သောင်းမြို့နှင့် မိုင်းဆတ်မြို့တို့တွင် ဖြစ်ပွားခဲ့သော မြန်မာ့လေကြောင်း ပိုင် MA-60 လေယာဉ်မတော်တဆမှုများကို စစ်ဆေးရာတွင် စက်ပစ္စည်း ချို့ယွင်းချက်ကြောင့် မဟုတ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မြန်မာ့လေယာဉ် မတော်တဆ ထိခိုက်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ခံ ဦးမျိုးညွန့်က ပြောကြားသည်။

အမြန်လမ်းမမှာ တောင်ပေါ်သားအဝေးပြေးကား မြောင်းထဲထိုးကျ

ယနေ့ နေ့ လည်၂း၁၁မိနစ်ခန့်ကနေပြည်တော်အမြန်လမ်းမ မိုင်တိုင်အမှတ် ၁၅၇/၇မှာတောင်ပေါ်သားအဝေးပြေးကားကလမ်းပြုပြင်မှုပြုလုပ် နေတဲ့ မော်တော်ယာဉ်ကိုဝင်တိုက်ပြီးဘေးကမြောင်းထဲကို ထိုးကျခဲ့ပါတယ်။

တောင်ပေါ်သားကားဟာရန်ကုန်မှနေပြည်တော်သို့ သွားမှာဖြစ်ပြီးခရီးသည်
၂၈ဦးခန့်ပါပါတယ်။ယာဉ်တိုက်မှုကြောင့်ခရီးသည်တစ်ဦးတစ်ယောက်မှ ဒဏ်ရာအပြင်းအထန်ရခြင်းမရှိဘဲ ယာဉ်မောင်းနှစ်ဦးအနက် တစ်ဦးမှာ ခြေထောက်နဲ့ လက်များပွန်းပဲ့ဒဏ်ရာရရှိခဲ့တယ်။

"ရှေ့ကကားသေးလေးကိုကျော်တက်ခိုင်းတာအဲဒါကိုကားသေးလေးကမတက်တော့သူကတက်တော့အရှိန်မထိန်းနိုင်တော့ဘူးလမ်းပြင်နေတဲ့ သူတွေ ထိမှာစိုးလို့လမ်းဘေးကိုဆွဲချလိုက်ပြီဆိုတာကိုတွေ့ တော့ ခေါင်းငုံ့ချလိုက်တာ၊ကြောက်တာတော့တော်တော်ကြောက်သွားတယ်"လို့ ကားပေါ်ပါလာသူအသက်သုံးဆယ်ဝန်းကျင်အမျိုးသမီးတဦးပြောပါတယ်။

အမြန်လမ်းရဲဝန်ထမ်းများကစစ်ဆေးလျှက်ရှိပါတယ်။

သမီးရည်းစားစုံတွဲ ထော်လာဂျီတိုက်မိ၍ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ လွိုင်မွေ-ကျိုင်းတုံသွား ကားလမ်းရှိ မိုင်တိုင်အမှတ် (၄/၃) အနီးတွင် သြဂုတ်လ ၂၁ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က ဆယ်ကျော်သက်အရွယ် သမီးရည်းစားစုံတွဲ စီးနင်းလာသည့် မော်တော်ဆိုင်ကယ်ကို ထော်လာဂျီယာဉ် တိုက်မိရာ တစ်ဦးပွဲချင်းပြီး သေဆုံးကာ တစ်ဦးဒဏ်ရာ ရရှိသွားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

ကျိုင်းတုံ - လွိုင်မွေသွားကားလမ်း မိုင်တိုင်အမှတ် ၄/၃ အနီး ယင်းနေ့ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က ကျိုင်းတုံမြို့တွင်းသို့ ယာဉ်မောင်း စိုင်းဆောင်ခမ်း ၁၈ နှစ်မောင်းပြီး နောက်မှ မနန်းရှဲန်လာ ၁၅ နှစ် လိုက်ပါလာသည့် ယာဉ်အမှတ် ၂၁ယ/၆၇၅၄၈ Honda Dream အနက်ရောင် ဆိုင်ကယ်အား ၉ဌ/၂၄၉၀၇ အပြာရောင် ထော်လာဂျီယာဉ်က

Thursday, August 22, 2013

ဂန့်ဂေါ- ကန်ရွာလမ်းနှင့် ဂန့်ဂေါ- မောလယ်လမ်းမကြီးအား ရာသီမရွေးသွားလာနိုင်သောလမ်းအဖြစ်ပြုပြင်ပေးရန်

Photo: ဂန့်ဂေါ- ကန်ရွာလမ်းနှင့် ဂန့်ဂေါ- မောလယ်လမ်းမကြီးအား ရာသီမရွေးသွားလာနိုင်သောလမ်းအဖြစ်ပြုပြင်ပေးရန်

ဦးအောင်မြင့်(ဂန့်ဂေါမဲဆန္ဒနယ်)၏ ဂန့်ဂေါမြို့နယ်ရှိ ယခင် လမ်းဟောင်းများဖြစ်ခဲ့သော ဂန့်ဂေါ- ရွာစည်-လာဘို့-မြင်းဇာ
-တောင်လယ်-ကျွန်းခုံသာ-လက်ပန်-သာကောင်း-ကန်- ကျွန်းခုံသာရွာများအားဆက်သွယ်လမ်းနှင့် ဂန့်ဂေါ-ပျား-
အောင်မြင်-ခေါက်ခူ-ပန်းထိပ်-မင်းရွာ-ချောင်းနက်-ဖက်ဝန်းမောလယ်ရွာတို့အားဆက်သွယ် လမ်းတို့အား ကျောက်လမ်းများအဖြစ် ဆောင်ရွက်ပေးမည့်အစီအစဉ်များနှင့် စပ်လျဉ်းသော မေးခွန်းကို ယမန်နေ့က ကျင်းပခဲ့သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့ပြီး ဆောက်
လုပ်ရေး ဒုဝန်ကြီး ဦးစိုးတင့်က ၂၀၁၂-၁၃ ဘဏ္ဍာနှစ် မိုင်
 ၁၃၇/၂ နှင့် ၁၃၈/၄၊ မိုင် ၁၄၃/၀ နှင့် ၁၄၃/၄၊ မိုင် ၁၄၄/၂နှင့်
 ၁၄၄/၅ စုစုပေါင်း ၂ မိုင် ၁ ဖာလုံကို မူလမြေလမ်းမှ ကျောက်လမ်းအဆင့်တိုးမြှင့် လုပ်ငန်းဆောင်ရွက်ခြင်း၊ ဂန့်ဂေါ-မင်ရွာလမ်းအပိုင်း လမ်းကျဉ်းနေရာများကို လမ်းချဲ့ခြင်း၊
 မြေညှိစက်နှင့် လမ်းပုံ ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး
 ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် မိုင် ၁၂၀/၀ နှင့် ၁၃၆/၀ အတွင်းရှိ လမ်ကျဉ်းသောနေရာများကို လမ်းချဲ့ခြင်း၊ မိုင် ၁၃၈/၃ နှင့် 
၁၃၈/၄ ၁ ဖာလုံကို ကျောက်လမ်းမှ ကတ္တရာလမ်းခင်းခြင်း၊ 
တံတားအမှတ် (၆/၁၄၃၊ ၁/၁၄၄) (၉၀) ပေရှည် ဘေလီတံတား
(၂)စင်းကို ဆွေးမြေ့နေသော သစ်သားထည်များ လဲလှယ်
ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးငွေလုံး ငွေရင်းရန်ပုံငွေအပြင် အထူးပြင်ဆင်
ထိန်းသိမ်းရေးရန်ပုံငွေများနှင့် မော လယ်-ဖက်ဝန်း-ချောင်းနက်
-မင်းရွာ-အောင်မြင်နှင့် ဂန့်ဂေါ-ရွာစည်-လာဘို့-မြင်းဇာ-ကန်ရွာ
အပိုင်းတွင် လမ်းကျဉ်း နေရာများလမ်းချဲ့ခြင်း ၁၆ ပေအကျယ် ၆ လက်မထုမြေနီ ကျောက်စရစ်ခင်းကြိတ်ခြင်း လုပ်ငန်းများ
 ဆောင်ရွက် မှာဖြစ်ပြီး ပေ ၅၀ အောက်တံတားရေပြွန် ၂၉ စင်းနှင့်
 ပေ ၁၀၀နှင့် အထက် တံတား ၇ စင်း၊ စုစုပေါင်း ၃၆ စင်းကို သံကူကွန်ကရစ်တံတားအဖြစ်တည်ဆောက်ခြင်း လုပ်ငန်း
များဆောင်ရွက်ရန် ရန်ပုံငွေတင်ပြတောင်းခံထားပြီး ဖြစ်ကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

အပြည့်အစုံသို့=>http://www.pyithuhluttaw.gov.mm/answer/%E1%80%99%E1%80%B1%E1%80%80%E1%80%BC%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%92%E1%80%9E%E1%82%80%E1%80%80%E1%80%AE%E1%80%B8-%E1%80%95%E1%80%81%E1%80%AF%E1%80%80%E1%81%A0%E1%80%B4%E1%80%81%E1%82%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9-%E1%80%A1%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8%E1%80%9B%E1%80%BD%E1%80%AD-%E1%80%9C%E1%80%99%E1%80%B9%E1%80%B8%E1%80%99%E1%82%80%E1%80%80%E1%80%AE%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8-%E1%80%9B%E1%80%AC%E1%80%9E%E1%80%AE-%E1%80%99%E1%80%B1%E1%82%90%E1%80%BC%E1%80%B8%E1%80%9E%E1%80%BC%E1%80%AC%E1%80%B8%E1%80%9C%E1%80%AC%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B1%E1%80%9E%E1%80%AC-%E1%80%9C%E1%80%99%E1%80%B9%E1%80%B8%E1%80%A1%E1%80%BB%E1%80%96%E1%80%85%E1%80%B9

ဦးအောင်မြင့်(ဂန့်ဂေါမဲဆန္ဒနယ်)၏ ဂန့်ဂေါမြို့နယ်ရှိ ယခင် လမ်းဟောင်းများဖြစ်ခဲ့သော ဂန့်ဂေါ- ရွာစည်-လာဘို့-မြင်းဇာ
-တောင်လယ်-ကျွန်းခုံသာ-လက်ပန်-သာကောင်း-ကန်- ကျွန်းခုံသာရွာများအားဆက်သွယ်လမ်းနှင့် ဂန့်ဂေါ-ပျား-
အောင်မြင်-ခေါက်ခူ-ပန်းထိပ်-မင်းရွာ-ချောင်းနက်-ဖက်ဝန်းမောလယ်ရွာတို့အားဆက်သွယ် လမ်းတို့အား ကျောက်လမ်းများအဖြစ် ဆောင်ရွက်ပေးမည့်အစီအစဉ်များနှင့် စပ်လျဉ်းသော မေးခွန်းကို ယမန်နေ့က ကျင်းပခဲ့သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့ပြီး ဆောက်
လုပ်ရေး ဒုဝန်ကြီး ဦးစိုးတင့်က ၂၀၁၂-၁၃ ဘဏ္ဍာနှစ် မိုင်
၁၃၇/၂ နှင့် ၁၃၈/၄၊ မိုင် ၁၄၃/၀ နှင့် ၁၄၃/၄၊ မိုင် ၁၄၄/၂နှင့်
၁၄၄/၅ စုစုပေါင်း ၂ မိုင် ၁ ဖာလုံကို မူလမြေလမ်းမှ ကျောက်လမ်းအဆင့်တိုးမြှင့် လုပ်ငန်းဆောင်ရွက်ခြင်း၊ ဂန့်ဂေါ-မင်ရွာလမ်းအပိုင်း လမ်းကျဉ်းနေရာများကို လမ်းချဲ့ခြင်း၊
မြေညှိစက်နှင့် လမ်းပုံ ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး
၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် မိုင် ၁၂၀/၀ နှင့် ၁၃၆/၀ အတွင်းရှိ လမ်ကျဉ်းသောနေရာများကို လမ်းချဲ့ခြင်း၊ မိုင် ၁၃၈/၃ နှင့်
၁၃၈/၄ ၁ ဖာလုံကို ကျောက်လမ်းမှ ကတ္တရာလမ်းခင်းခြင်း၊
တံတားအမှတ် (၆/၁၄၃၊ ၁/၁၄၄) (၉၀) ပေရှည် ဘေလီတံတား
(၂)စင်းကို ဆွေးမြေ့နေသော သစ်သားထည်များ လဲလှယ်
ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးငွေလုံး ငွေရင်းရန်ပုံငွေအပြင် အထူးပြင်ဆင်
ထိန်းသိမ်းရေးရန်ပုံငွေများနှင့် မော လယ်-ဖက်ဝန်း-ချောင်းနက်
-မင်းရွာ-အောင်မြင်နှင့် ဂန့်ဂေါ-ရွာစည်-လာဘို့-မြင်းဇာ-ကန်ရွာ
အပိုင်းတွင် လမ်းကျဉ်း နေရာများလမ်းချဲ့ခြင်း ၁၆ ပေအကျယ် ၆ လက်မထုမြေနီ ကျောက်စရစ်ခင်းကြိတ်ခြင်း လုပ်ငန်းများ
ဆောင်ရွက် မှာဖြစ်ပြီး ပေ ၅၀ အောက်တံတားရေပြွန် ၂၉ စင်းနှင့်
ပေ ၁၀၀နှင့် အထက် တံတား ၇ စင်း၊ စုစုပေါင်း ၃၆ စင်းကို သံကူကွန်ကရစ်တံတားအဖြစ်တည်ဆောက်ခြင်း လုပ်ငန်း
များဆောင်ရွက်ရန် ရန်ပုံငွေတင်ပြတောင်းခံထားပြီး ဖြစ်ကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

ပုသိမ်မြို့၌ ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းနှင့် ပညာသင် ထောက်ပံ့ငွေ ပေးအပ်

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ် မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ ကြီးမှူး၍ တက္ကသိုလ်ဝင် စာမေးပွဲ ထူးချွန်ဆု ချီးမြှင့်ခြင်းနှင့် ၂ဝ၁၃- ၂ဝ၁၄ ပညာသင် ထောက်ပံ့ငွေ ပေးအပ် ပွဲကို ယမန်နေ့က ပုသိမ်မြို့ တင်မလင်း အဝေးပြေး စခန်းရှိ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီရုံး ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပုသိမ်မြို့နယ် မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌက အဖွင့် အမှာစကား ပြောကြားပြီး အတွင်းရေးမှူးက နှစ်ပတ်လည် လုပ်ငန်းစဉ်များ ရှင်းလင်း တင်ပြရာ၌ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ အသင်းဝင် အဝေးပြေး မှန်လုံယာဉ် ၁၆၃ စီး၊

လူမင်းနှင့် အမှုဆောင်အဖွဲ့ နုတ်ထွက်ပေးရန် ရုပ်ရှင်လောကသား ၄၀ ဆန္ဒပြမည်ဟုဆို

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သက်တမ်း နှစ်လကျော်သာ ရှိသေးသော ဦးလူမင်းနှင့် အမှုဆောင်အဖွဲ့ကို အနုပညာ လောကသားများ၏ အကျိုးစီးပွားနှင့် နစ်နာမှုများကို ကာကွယ် စောင့်ရှောက်မှု မပေးနိုင် သဖြင့် နုတ်ထွက်ပေးရန်အတွက် သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမအနီး ဧမာနွေလ ဘုရားကျောင်းရှေ့ တွင် ရုပ်ရှင် လောကသား ၄၀ ဦးက ဆန္ဒပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း ယင်းဆန္ဒပြပွဲတွင် ပါဝင်သည့် ဆု ဗီဒီယိုထုတ်လုပ်ရေးမှ ဒေါ်စန်းစန်းမော်က The Voice သို့ ပြောကြားသည်။

ချယ်လ်ဆီးနှင့်ပွဲထက် လီဗာပူးလ်နှင့်ပွဲကို ပိုမို စိတ်ဝင်စားနေသည့် ဖာဒီနန်

ချယ်လ်ဆီးနှင့်ပွဲထက် လီဗာပူးလ်နှင့်ပွဲကို ပိုမို စိတ်ဝင်စားနေသည့် ဖာဒီနန်

ချယ်လ်ဆီးနှင့် ပွဲစဉ် ထက်စာလျှင် လီဗာပူးလ်နှင့် ကစားမည့် ပွဲစဉ်ကိုသာ မိမိ ပိုမို၍ စိတ်ဝင်စားနေကြောင်း မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး ရီယိုဖာဒီနန်က ပြောကြားလိုက်သည်။

အင်္ဂလန် ဝါရင့် ခံစစ်မှူးကြီးက လာမည့် တနင်္လာနေ့ညတွင် အိုးလ်ထရက်ဖို့ဒ်၌ ကစားမည့် ချယ်လ်ဆီးနှင့်ပွဲအပေါ် မီဒီယာများက အာရုံစိုက် ဖော်ပြနေသော်လည်း လီဗာပူးလ်နှင့် ပွဲစဉ်က ပိုမို စိတ်လှုပ်ရှားစရာ ကောင်းလိမ့်မည်ဟု ဆိုသည်။ ချယ်လ်ဆီးနှင့်အတူ အောင်မြင်မှုများ ရယူခဲ့ဖူးသည့် ဟိုဆေးမော်ရင်ဟို အသင်းကို တစ်ကျော့ပြန် ကိုင်တွယ်ပြီး အိုးလ်ထရက်ဖို့ဒ်သို့ လာရောက်မည့် အနေအထားသည် ပွဲကြီးပွဲကောင်း ဖြစ်လာနိုင်သော်လည်း ဖာဒီနန်ကမူ ရှေ့ဆက် ကြုံရမည့် မန်ချက်စတာစီးတီးနှင့် လီဗာပူးလ်တို့ကဲ့သို့ ခါးသီးပြိုင်ဘက်များ အကြောင်းကိုသာ ပိုမိုတွေးတောလျှက်ရှိသည်။

စာရေးဆရာကြီး ဒဂုန်တာရာရဲ့ ဈာပနအခမ်းအနား အလှူငွေအဖြစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မနေ့ညပိုင်းက အလှူငွေ နှစ်သိန်း ပေးအပ်

စာရေးဆရာကြီး ဒဂုန်တာရာရဲ့ ဈာပနအခမ်းအနား အလှူငွေအဖြစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မနေ့ညပိုင်းက အလှူငွေ နှစ်သိန်း ပေးအပ်လှူဒါန်းခဲ့ပါတယ်။

အခုလို သမ္မတ ဦးသိန်းစိန် အလှူငွေပေးအပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဈာပနအခမ်းအနား ကော်မတီအဖွဲ့ဝင် ဒေါ်မြင့်မြင့်စိန်က RFA ကို အခုလိုပြောပါတယ်။

“နိုင်ငံတော် သမ္မတကြီးကနေပြီးတော့ အလှူပါဝင်ထည့်မယ်လို့ ကျမတို့ဆီကို ညနေပိုင်း သတင်းရောက်လာပါတယ်၊ နောက်သိပ်မကြာခင်ပဲပေါ့ အောင်ပန်းမြို့က စည်ပင်သာယာ ဥက္ကဌနဲ့

မာစီဒီး၏ ဈေးကြီးလျှပ်စစ် စူပါ ပြိုင်ကား

မာစီဒီး၏ ဈေးကြီးလျှပ်စစ် စူပါ ပြိုင်ကား

23.8.2013 

ဂျာမနီမာစီဒီးလည်း လောင်စာဆီရှားပါးမှု ပြဿနာအတွက် ကြိုတင်ပြင် ဆင်ထားပါတယ်။ အားလုံး လျှပ်စစ်ကား ထုတ်နေချိန်မှာ သူလည်း မထုတ်ပဲ မနေပါဘူး။ ဈေးကြီး လျှပ်စစ် စူပါကား SLS AMG ကို ပဲရစ်မော်တော် ယာဉ် ပြပွဲမှာ ဝင်ရောက်ပြသသွားပါတယ်။

နှစ်ယောက်စီး ပြိုင်ကား ဖြစ်ပြီး အမိုးပိတ်ကား ဖြစ်ပါတယ်။ ထူးခြားချက်က လျှပ်စစ် မော်တာလေးလုံးသုံးထားခြင်း ဖြစ်ပါတယ်။ ဘီးတစ်ဘီးတိုင်း အတွက် မော်တာတစ်လုံးစီနဲ့ အလုပ်လုပ်မှာ ဖြစ်ပါတယ်။ ဒီတော့ ထုတ်လုပ်နိုင်တဲ့ မြင်းကောင်ရေအားက ပေါင်းလိုက်ရင် ၇၄၀ ရှိပါတယ်။ ဒါဟာ သာမန် ပစ်စတင် ၈လုံးပူး V အင်ဂျင်တွေထက် များတဲ့ပါဝင်ဖြစ် ပါတယ်။ လေးဘီးမောင်းစနစ် ပြိုင်ကားလည်း ဖြစ်ပါတယ်။

လျှပ်စစ်အား သွင်းဖို့အတွက် E-Cell ဘက်ထရီကို သုံးနာရီအချိန်ပေး ရပါတယ်။ ဒီအတွက် နည်းပညာအဆင့်မြင့် ထားခြင်း ဖြစ်ပါတယ်။ သာမန်ဆိုရင် အချိန်အတော်ကြာအားသွင်းရမယ့် အခြေအနေဖြစ်ပါတယ်။ အတွင်းအပြင် ပြင်ဆင်ထားမှုကလည်း ထူးခြားလှပပါတယ်။

ဝိတ်လျော့ချရန်အတွက်လည်း သံမဏိစတီးများ အသုံးမပြုထားပါ ဘူး။ တော်တော်များများကတော့ ကာဘွန်ဖိုက်ဘာသားတွေနဲ့ လုပ်ထားခြင်း ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၅ သိန်း ၃သောင်းကျော်ရှိပြီး လာမယ့်နှစ်မှာ စတင်ဖြန့်ချိမယ်လို့ သိရပါတယ်။
---
Ref:autoblog
ColayAutomobile

မြန်မာ့ငွေဈေး(23.8.2013 10:00AM)

ဝယ်ဈေး ရောင်းဈေး
1 အမေရိကန် USD = Ks 967(~) Ks 977(~)
1 စင်္ကာပူ SGD = Ks 751(~) Ks 763(~)
1 ဥရောပငွေ EUR = Ks 1288(~) Ks 1306 (~)

ကမ္ဘာ့ငွေဈေး(23.8.2013 10:00AM)
USD 1 ဒေါ်လာနှင့်ညီမျှငွေ
စင်ကာပူ SGD 1.2793(-0.0027)
ထိုင်း Baht 32.0500(~)
မလေးရှား Ringgit 3.3025 (-0.0070)
တရုတ် Yuan 6.1228(+0.0020)
အိန္ဒိယ Rupee 64.6350 (+0.2200)
ဘင်္ဂလားဒေ့ရှ် Taka 77.9800 (+0.1200)
တောင်ကိုရီးယား Won 1117.6000 (-3.8000)
ထိုင်ဝမ် TWD 29.9745 (-0.0255)
ဂျပန် Yen 98.9800 (+0.1980)
ဥရောပငွေ EUR 0.7492 (+0.0005)
ၾသစေၾတးလ် AUD 1.1079 (-0.0014)
အင်္ဂလန် Pound 0.6417(+0.0001)

ကမ္ဘာ့ရွှေဈေး(23.8.2013 10:00AM)
1 အောင်စ USD 1377.2000(+0.0499)
မြန်မာ့ရွှေဈေး(23.8.2013 10:00AM)
ယမန်နေ့ပိတ်ဈေး
Ks 707,300
(ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ ကူညီပေးပို့ပါသည်)

ရန်ကုန်စက်သုံးဆီဈေး(23.8.2013)
Premium Diesel (1L) Ks 940
Diesel (1L) Ks 920

Octane (95) (1L) Ks 1090

Octane (92) (1L) Ks 920

ဓာတ်ဆီ (1L) Ks 814

SkyNet TV Browser

အဆောင်နေ တက္ကသိုလ်ကျောင်းသူနှစ်ဦးကို တပ်မတော်သား ဓားထိုးလုယက်

ပုသိမ်မြို့ အမှတ် (၁၃) ရပ်ကွက် ဘဝရှေ့ဆောင် ဘော်ဒါဆောင် တွင် နေထိုင်သည့် တက္ကသိုလ်ကျောင်းသူနှစ်ဦး၏ အခန်းတွင်းသို့ အမှတ် (၄၂၄) ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းမှ တပ်မတော်သားတစ်ဦး ဝင်ရောက်၍ ဓားထိုးလုယက်ခဲ့ကြောင်း ဓားဒဏ်ရာများ ရရှိခဲ့သည့် ကျောင်းသူ မသင်းသင်းဝေက ပြောကြားသည်။

သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၂ နာရီ မိနစ် ၃၀ ခန့်က ပုသိမ်တက္ကသိုလ်မှ တတိယနှစ်ကျောင်းသူ မသင်းသင်းဝေနှင့် ပထမနှစ်ကျောင်းသူ မစုစုနိုင်တို့ နေထိုင်ရာအခန်းသို့ အဆိုပါ စွပ်စွဲခံရသည့် တပ်မတော်သားက ဖွင့်ထားသည့် ပြတင်းပေါက်မှတစ်ဆင့် ဝင်ရောက်ကာ အိပ်ပျော်နေသည့် မစုစုနိုင် လက်မှ လက်စွပ်ချွတ်ယူစဉ် လန့်နိုး၍ အော်ဟစ် အကူအညီ တောင်းရာမှ ဓားဖြင့်အထိုးခံရကာ မသင်းသင်းဝေ၏ ဝဲဘက် ရင်အုံ၊ ဝမ်းဗိုက်နှင့် ယာခြေသလုံးတို့တွင် ပြတ်ရှဒဏ်ရာများနှင့် မစုစုနိုင်၏ လက်မနှင့် လက်ညှိုးကြား ပြတ်ရှဒဏ်ရာများ ရရှိကြောင်း မသင်းသင်းဝေက ပြောဆိုသည်။

မစုစုနိုင်၏ တိုင်ကြားချက်အရ အမှတ် (၂) ရဲတပ်ဖွဲ့ဝင်စခန်းမှ စုံစမ်းရာ သံသယရှိသူ အသက် ၂၈ နှစ်အရွယ် ကိုမင်းထွဋ်ဦးကို သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်တွင် ဖမ်းမိခဲ့ပြီး တပ်မတော်သားတစ်ဦး ဖြစ်သဖြင့် သက်ဆိုင်ရာတပ်က လာရောက် ခေါ်ဆောင်သွားသည့်အတွက် ယင်းနေ့ ညနေပိုင်းတွင် လွှဲအပ်ခဲ့ကြောင်း အမှတ် (၂) ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

“ဖြစ်တဲ့နေ့ပဲ အဆောင်ကို သူတို့တပ်က တာဝန်ရှိသူတွေ လာကြပါတယ်။ စစ်စည်းကမ်းအရ တိကျစွာ အရေးယူပေးမယ်။ အဆောင်သန့်ရှင်းရေးနဲ့ လျှပ်စစ်မီး သွယ်တန်းဖို့ လုပ်ပေးမယ်လို့ ပြောပါတယ်။ သူတို့ပြောတဲ့အတိုင်း လာလုပ်ပေးကြပါတယ်” ဟု ဘဝရှေ့ဆောင် အဆောင်မှူး ဒေါ်စန်းမြင့်က ပြောကြားသည်။

Credit : The Voice Weekly

မောင်တောခရိုင် ဆူပူမှုတွင် ဘုန်းတော်ကြီးတစ်ပါး သတ်ဖြတ်ခံရမှု ကျူးလွန်သူများအနက် သုံးဦးအား တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီး ကျန် ၁၅ ဦးအား ထောင်ဒဏ် ၁၀ နှစ်စီချမှတ်

Photo: မောင်တောခရိုင် ဆူပူမှုတွင် ဘုန်းတော်ကြီးတစ်ပါး သတ်ဖြတ်ခံရမှု ကျူးလွန်သူများအနက် သုံးဦးအား တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီး ကျန် ၁၅ ဦးအား ထောင်ဒဏ် ၁၀ နှစ်စီချမှတ်
Friday, August 23, 2013

မောင်တောခရိုင်အတွင်း ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်တွင် ဘုန်းတော်ကြီး တစ်ပါးအား သတ်ဖြတ်ခဲ့သည့် ပြစ်မှုကျူးလွန်ခဲ့သူ များအနက် သုံးဦးကို တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီး ကျန် ၁၅ ဦးအား ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

၂၀၁၂ ခုနှစ် ဇွန် ၈ ရက် ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်တွင် ဘဂုံးနားကျေးရွာ၌ ဘုန်းတော်ကြီးတစ်ပါး အသတ်ခံခဲ့ရပြီး အဆိုပါ သတ်ဖြတ်မှုတွင် ပါဝင်ကျူးလွန်သူ ၁၈ ဦးကို ပြစ်မှုကြီးအမှု အမှတ် ၃၄/၂၀၁၂ ဖြင့် လက်ခံ စစ်ဆေးခဲ့သည်။ သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သူ မာမတ်ဂျူဟတ် အပါအ၀င် သုံးဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၃၄ အရ ထောင်ဒဏ် တသက်တစ်ကျွန်းစီ ချမှတ်လိုက်ပြီး ကျန်တရားခံ ၁၅ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ အသီးသီး ချမှတ်ခဲ့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘုန်းကြီးတစ်ပါးအား သတ်ဖြတ်ခဲ့သည့် ဘင်္ဂါလီများကို မောင်တောခရိုင် တရားရုံးမှ သြဂုတ် ၂၁ ရက် စီရင်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဇွန် ၈ ရက် မောင်တောနယ်စပ် ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်တွင် လူသတ် မီးရှို့သူများကို ဖမ်းဆီးတရားစွဲဆိုခဲ့ရာ ပြစ်မှုကျူးလွန်သူ ၇၄ ဦးကို သြဂုတ် ၂၁ ရက်က မောင်တောခရိုင် တရားသူကြီး တရားခွင်နှင့် ဒုတိယခရိုင် တရားသူကြီး တရားခွင်မှ ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ ၁၀ နှစ် ၇ နှစ် အသီးသီး ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ပြီး မောင်တောမြို့နယ် အတွင်း ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်တွင် မောရ၀တီကျေးရွာရှိ အစိုးရ စာသင်ကျောင်းနှင့် ဆေးပေးခန်းအား မီးရှို့ဖျက်ဆီးခဲ့သူ များအား မောင်တောခရိုင် တရားရုံးမှ သြဂုတ် ၂၁ ရက်က ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါပြစ်မှု ကျူးလွန်ခဲ့သူမှာ ၂၀၁၂ ခုနှစ် ဇွန် ၈ ရက် မောင်တောဆူပူ အကြမ်းဖက်မှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများ ဖြစ်ပြီး ကျေးလက် ဆေးပေးခန်းနှင့် အစိုးရ စာသင်ကျောင်း အဆောက်အဦအား မီးရှို့ဖျက်ဆီးခဲ့သူ စုစုပေါင်း ၃၃ ဦးအား ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

မောရ၀တီ အစိုးရ ဆေးခန်းအား မီးရှို့မှုတွင် ပါဝင်ကျူးလွန်သူ ခုနစ်ဦးကို မောင်တောခရိုင် တရားသူကြီး တရားခွင်မှ ပြစ်မှုကြီး အမှုအမှတ် ၃၅/၂၀၁၂ ဖြင့် လက်ခံစစ်ဆေးခဲ့ရာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆ ဖြင့် ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် မောရ၀တီ အစိုးရ မူလတန်းကျောင်း မီးရှို့မှုတွင် ပါဝင်ကျူးလွန်သူ ၂၆ ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆ ဖြင့် ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် ဇွန်လဆူပူ အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း ခရေမြိုင် ဒီဘီအေ ကျေးရွာနေ ဦးစောမောင်၏ ဗွီဒီယိုရုံ မီးရှို့မှုတွင် ပါဝင်ကျူးလွန်သူ ၁၆ ဦးကို မောင်တောခရိုင် ဒုတိယတရားသူကြီး တရားခွင်မှ ပြစ်မှုကြီး အမှုအမှတ် ၂၈/၂၀၁၂ ဖြင့် လက်ခံစစ်ဆေးခဲ့ရာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆ အရ ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်ခဲ့သည်။

ထို့နောက် ကံသာယာကျေးရွာ မီးရှို့မှုတွင် ပါဝင်ကျူးလွန်သူ ခုနစ်ဦးကို ပြစ်မှုကြီး အမှုအမှတ် ၃၂/၂၀၁၂ ဖြင့် လက်ခံစစ်ဆေးခဲ့ရာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆ အရ ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။

Eleven Media Group

မောင်တောမြို့တွင် ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက အကြမ်းဖက်မှုဖြစ်စဉ်
မောင်တောခရိုင်အတွင်း ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်တွင် ဘုန်းတော်ကြီး တစ်ပါးအား သတ်ဖြတ်ခဲ့သည့် ပြစ်မှုကျူးလွန်ခဲ့သူ များအနက် သုံးဦးကို တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီး ကျန် ၁၅ ဦးအား ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

၂၀၁၂ ခုနှစ် ဇွန် ၈ ရက် ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်တွင် ဘဂုံးနားကျေးရွာ၌ ဘုန်းတော်ကြီးတစ်ပါး အသတ်ခံခဲ့ရပြီး အဆိုပါ သတ်ဖြတ်မှုတွင် ပါဝင်ကျူးလွန်သူ ၁၈ ဦးကို ပြစ်မှုကြီးအမှု အမှတ် ၃၄/၂၀၁၂ ဖြင့်

ပခုက္ကူမြို့မှာ လူဝင်လူထွက် ကြပ်မတ်စစ်ဆေး

Photo: ပခုက္ကူမြို့မှာ လူဝင်လူထွက် ကြပ်မတ်စစ်ဆေး
Friday, August 23, 2013

မကွေးတိုင်း ပခုက္ကူမြို့ဘက်ကို ဖေါက်ခွဲရေး အကြမ်းဖက်သမားတစ်စု ဝင်လာနေတယ်ဆိုတဲ့ သတင်းတွေကြောင့် မြို့ဝင်မြို့ထွက်တွေမှာ ခရီးသွားတွေကို စစ်ဆေးနေသလို၊ မြို့တွင်းမှာလဲ ရှောင်တခင် စစ်ဆေးတာတွေ ရှိနေတယ်လို့ သတင်းရရှိပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ မြို့ခံတစ်ဦးက RFA ကို အခုလိုပြောပါတယ်။

“ကြားတာကတော့ အကြမ်းဖက်သူ ၁၁ ယောက် မြန်မာပြည်ထဲကို ဝင်လာတဲ့သတင်းအရ လုံခြုံရေးစိစစ်တယ်ဆိုတဲ့ ပုံစံမျိုးကြားရတယ်၊ အပြင်မှာတော့ အများပြည်သူလန့်မှာစိုးလို့ မကြားရသေးဘူး၊ ကျနော်လည်း နီးစပ်ရာတစ်ခုကနေပြီးကြားရတာ၊ မြို့အဝင်အထွက်တွေမှာ မှတ်ပုံတင်စစ်တယ်၊ တံတားအဝင်အထွက်တွေမှာ မိုင်းရှာဖွေရေးကိရိယာနဲ့ စစ်တဲ့အထိတောင်လုပ်တယ်၊ ရဲကင်းလှည့်တာတွေကတော့ အကွက်စိတ်လေးတွေတွေ့ရတာပေါ့၊ မြို့ဝင်မြို့ထွက်တွေမှာ ခရီးသည်တွေ မှတ်ပုံတင်ယူဆောင်ကြဖို့ တစ်ယောက်နဲ့ တစ်ယောက် ပြောပေးကြတယ်”

အခုလိုစစ်ဆေးတာဟာ ပခုက္ကူမြို့တစ်မြို့ထဲမှာ ထူးခြားမှုရှိလို့ ဆောင်ရွက်
တာမဟုတ်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုံခြုံရေးအရ ပခုက္ကူမှာ
လည်း ဆောင်ရွက်တာဖြစ်တဲ့အကြောင်းနဲ့ တစ်စုံတရာ ထူးခြားချက်တွေ့
ရင် ပြည်သူတွေလည်း ပူးပေါင်းကြဖို့လိုတဲ့အကြောင်း ပခုက္ကူရဲစခန်း တာဝန်ကျအရာရှိတစ်ဦးက ပြောပါတယ်။

ပခုက္ကူမြို့ဟာ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ဆုံအနားမှာ တည်ရှိပါတယ်။ အခုလို သတင်းတွေဖြစ်ပေါ်လို့ စစ်ဆေးနေတာ ၃ - ၄ ရက်လောက်
ရှိပြီလို့လည်း သိရပါတယ်။

RFA Burmese
မကွေးတိုင်း ပခုက္ကူမြို့ဘက်ကို ဖေါက်ခွဲရေး အကြမ်းဖက်သမားတစ်စု ဝင်လာနေတယ်ဆိုတဲ့ သတင်းတွေကြောင့် မြို့ဝင်မြို့ထွက်တွေမှာ ခရီးသွားတွေကို စစ်ဆေးနေသလို၊ မြို့တွင်းမှာလဲ ရှောင်တခင် စစ်ဆေးတာတွေ ရှိနေတယ်လို့ သတင်းရရှိပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ မြို့ခံတစ်ဦးက RFA ကို အခုလိုပြောပါတယ်။

“ကြားတာကတော့ အကြမ်းဖက်သူ ၁၁ ယောက် မြန်မာပြည်ထဲကို ဝင်လာတဲ့သတင်းအရ လုံခြုံရေးစိစစ်တယ်ဆိုတဲ့ ပုံစံမျိုးကြားရတယ်၊ အပြင်မှာတော့ အများပြည်သူလန့်မှာစိုးလို့ မကြားရသေးဘူး၊

“လုံခြုံမှု အကာအကွယ်မပေးခဲ့ဟု” ကင်တာနား ပြောဆိုမှု မြန်မာ အစိုးရ ငြင်းဆို

Photo: “လုံခြုံမှု အကာအကွယ်မပေးခဲ့ဟု” ကင်တာနား ပြောဆိုမှု မြန်မာ အစိုးရ ငြင်းဆို 
Friday, August 23, 2013

အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က မိတ္ထီလာမြို့မှာ ဆန္ဒပြခဲ့တဲ့သူတွေက သူ့ကားကို ၀ိုင်းခဲ့တဲ့ကိစ္စမှာ အစိုးရက လုံခြုံရေးအရ ထိထိရောက်ရောက် တာဝန်ယူပေးနိုင်ခဲ့ခြင်း မရှိဘူး လို့ ပြောဆိုတာနဲ့ ပတ်သက်ပြီး  မမှန်ကန်ဘူး လို့   ငြင်းချက်ထုတ်လိုက်ပါတယ်။ ဘာကြောင့်အခုလို ပြောသလဲဆိုတာ ဆက်သွယ်မေးမြန်း ထားတဲ့ ကိုဇော်ဝင်းလှိုင်က ဆက်ပြီးတော့ ပြောပြပေး ထားပါတယ်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေကို လေ့လာဖို့ ၁၀ ရက် ကြာရောက်ရှိခဲ့ တဲ့ မစ္စတာ ကင်တားနားဟာ ဗုဒ္ဓဟူးနေ့ က မြန်မာနိုင်ငံက ပြန်မထွက်ခွာခင် သူ့ရဲ့ ခရီးစဉ် အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ ရန်ကုန်လေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး ပြောဆိုတဲ့ အထဲ မိတ္ထီလာမြို့ကို သူရောက်စဉ် လူအုပ်ကြီးက သူ့ကားကို ၀ိုင်းအုံပြီး တွန်းတာ၊ ထုတာတွေ လုပ်ခဲ့တယ်လို့ ထည့်သွင်းပြောဆိုသွားခဲ့တာပါ။ အဲဒီလို ကြုံတွေ့လိုက်ရတဲ့ ဖြစ်ရပ်ဟာ အာဏာပိုင်တွေဖက်က လုံခြုံရေးတာဝန်ကို ထိရောက်စွာ ဆောင်ရွက်ပေးခဲ့ခြင်း မရှိလို့ဆိုပြီး မစ္စတာ ကင်တားနားက ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ မစ္စတာ ကင်တားနားရဲ့ အဲဒီ ပြောဆိုချက်ဟာ မမှန်ကန်ကြောင်းနဲ့ အစိုးရဖက်က လုံခြုံရေးကို အပြည့်အ၀ ပေးခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

"ကင်တာနားရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားချက်ဟာ အရင်ခရီးစဉ်တွေတုန်းက သူ့ရဲ့ပြောကြားချက်တွေလိုပဲ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အမှန်နဲ့ တကယ်ကွဲလွဲမှုရှိတယ်ဆိုတာ ကျနော်တို့တွေ့ပါတယ်။ တကယ်က အဲ့ဒီ့နေ့ညနေ မိထ္ထီလာကို သူ ၁၀နာရီခွဲ ရောက်တဲ့အချိန်မှာ ဆယ်နာရီလောက်မှာ သူ့ကိုစောင့်နေတဲ့သူတွေ သုံး၊လေးရာလောက်ရှိတာကို ရဲတွေကနေပြီးတော့ လူစုခွဲဖို့ပြောပါတယ်။ လူစုက တဖြေးဖြေးနဲ့ ကွဲသွားပေမဲ့လည်း သူရောက်လာတဲ့ ဆယ်နာရီခွဲအချိန်မှာ အဲ့တံတားပေါ်မှာ လူတစ်ရာ နီးပါးလောက် ကျန်နေသေးတယ်။ အဲ့ဒီ့တော့ ကင်တာနား ယာဉ်တန်းနဲ့ အတူ မိထ္ထီလာခရိုင် ရဲတပ်ဖွဲ့က ကားတစ်စီးက အနီးကပ်လုံခြုံရေး လုပ်ပေးတယ်။ နောက်တခါ အဲ့ဒီ့ဆန္ဒပြတဲ့သူတွေကို ကာဖျူးချိန် ရောက်တဲ့ အတွက် လူစုခွဲဖို့ပြောနေတဲ့အတွက် ကင်တာနားအတွက် လုံခြုံရေးလုပ်ဖို့ အဲ့ဒီ့နေရာမှာ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးတဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဆယ်ကျော်ရှိတယ်။ ယာဉ်ထိန်းရဲ ခုနှစ်ယောက်ရှိတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ လုံခြုံရေးကို သူ့အတွက် အပြည့်အဝ လုပ်ပေးတယ်။ သူပြောတဲ့ တံခါးကိုထုတယ်ဆိုတာလည်း မဟုတ်ဘူး။ အဲ့ဒီ့မှာရှိတဲ့လူတွေထဲက တစ်ယောက်က သူ့တံခါးကို ခေါက်ပြီး မှန်ချခိုင်းပြီးတော့မှ သူတို့ပေးချင်တဲ့ ကင်တာနားအတွက် အိတ်ဖွင့်ပေးစာကိုပေးတာပဲရှိပါတယ်။ ဒါဟာ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်မှန်ပဲ ဖြစ်ပါတယ်။"

မစ္စတာ ကင်တားနား မိတ္ထီလာမြို့ကိုရောက်တဲ့အချိန်ဟာ မိတ္ထီလာမြို့မှာ ထုတ်ပြန်ထားတဲ့ ည ၁၀ နာရီ ကာဖြူးကန့်သတ်ချိန် ထက် ကျော်လွန်နေ တာကြောင့် ကန့်ကွက် ဆန္ဒပြသူတွေကို အာဏာပိုင်တွေဖက်က ဘာကြောင့် အချိန်မှီ လူစုမခွဲနိုင်တာလဲ ဆိုပြီး မြို့ခံတွေအကြား မေးခွန်းထုတ်နေကြတာနဲ့ ပတ်သက်လို့လည်း ဦးရဲထွဋ်က -

"အဲ့ဒီ့မှာ ဆယ်နာရီမထိုးခင်ကတည်းက လူစုခွဲခိုင်းနေတာ၊ လူစုခွဲတော့ လူက နဂို သုံး၊လေးရာလောက် ကနေပြီးတော့ ဖြေးဖြေးချင်း ဖြေးဖြေးချင်းတော့ နည်းသွားတာပေါ့။ ဒါပေမဲ့ ကင်တာနား ရောက်တဲ့အချိန်နဲ့ ကာဖျူးထုတ်တဲ့အချိန် ကြားထဲမှာ နာရီဝက်လောက်ပဲရှိတော့ တချို့လူတွေက ကျန်နေခဲ့တာပေါ့နော်။ ဒါတွေကိုလည်း ကျန်နေခဲ့တဲ့လူတွေကိုလည်း ခွဲနေတဲ့အချိန်မှာ သူ့ယာဉ်တန်းက ဖတ်တယ်။ သို့သော် အဲ့ဒီ့နေရာမှာ ခုနက ကျနော်ပြောသလိုပဲ ရဲသုံးဆယ်လောက်က သူ့အတွက် လုံခြုံရေး လုပ်ပေးထားတယ်။ မှန်ခေါက်တယ်ဆိုတာကလည်း သူ့ကိုစာပေးတဲ့သူကပဲ မှန်ခေါက်ပြီးတော့ စာပေးတာရှိတယ်လို့ပဲ အဲ့မှာရှိတဲ့ရဲတွေရဲ့ သတင်းပို့ချက်အရ ကျနော်တို့သိရတယ်။

တကယ်တော့ အဓိကရုဏ်းနှိမ်နှင်းတဲ့နေရာမှာ အစိုးရဖက်က အားနဲချက်ရှိတယ်၊ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ကြီးမားတဲ့ လူအုပ်ကို အကြမ်းမဖက်တဲ့နည်းနဲ့ ထိန်းချုပ်ဖို့ လုံလောက်တဲ့ အတွေ့အကြုံမရှိဘူးဆိုတာ အရင်နှစ် ရခိုင်ပြည်နယ် အတွင်းဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ နောက်ဆက်တွဲ ရှမ်းပြည်နယ် လားရှိုးမြို့၊ မန္တလေးတိုင်း မိတ္ထီလာမြို့တို့မှာ ဖြစ်ပျက်ခဲ့တဲ့ ဆူပူမှုတွေက သက်သေပြနေတယ် လို့ နိုင်ငံတကာကရော၊ တခြား မြန်မာ့အရေး လေ့လာသူတွေ ကပါ ထောက်ပြ ပြောဆိုနေကြ တာဖြစ်ပါတယ်။

အခု မစ္စတာ ကင်တားနား ခရီးစဉ်အတွင်း မိတ္ထီလာမြို့မှာ ဖြစ်သွားတဲ့ လူအုပ်နဲ့ ၀ိုင်းတယ်ဆိုတဲ့ ကိစ္စမှာလည်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ မရင့်ကျက်သေးတဲ့ အတွေ့အကြုံကြောင့် ဖြစ်နိုင်တယ်ဆိုပြီး ပြောဆိုမှုတွေ ရှိနေတာပါ။

မစ္စတာ ကင်တားနားကို မိတ္ထီလာမြို့မှာ ဆန္ဒပြခဲ့သူ မြို့ခံတဦးကတော့ သူတို့အနေနဲ့ မစ္စတာ ကင်တားနားကို အိတ်ဖွင့်ပေးစာ ပေးဖို့ ကြိုးစားတာက လွဲလို့ မစ္စတာ ကင်တားနားပြောသလို အကြမ်းဖက် လုပ်ဆောင်တာမျိုး မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။

"ကျနော်တို့က ဒီကိစ္စကို ကျနော်တို့က တရားဝင် အာဏာပိုင်အဖွဲ့အစည်းမှာ မစ္စတာ ကင်တာနား လာရင် ကျနော်တို့ မြို့သူမြို့သားတွေက သူ့ရဲ့တဖက်သတ် အစီရင်စာကို အိတ်ဖွင့်ပေးစာ ပေးချင်ပါတယ်လို့ တရားဝင်စာတင်ထားတာဗျ။

မေး။  ။ ဆိုတော့ ကာဖျူးအချိန်ကျော်နေတဲ့ပြဿနာကရောဗျ။

"ကာဖျူးကျော်နေတာ သူကိုယ်တိုင်ကလည်း ဆယ်နာရီ ၃၅မိနစ်မှာ မိထ္ထီလာကို ဝင်လာတာခင်ဗျ။"

မေး။  ။ ကာဖျူးကျော်တော့ ရဲက မပြန်ခိုင်းဘူးလားခင်ဗျ။

" ရဲက ဒီလိုခင်ဗျ။ မပြန်ခိုင်းဘူးလားဆိုတဲ့အတိုင်းအတာမှာ ကျနော်တို့က
ဒီစာလေးပေးချင်လို့စောင့်နေတယ် ဆိုတဲ့အတိုင်းအတာကို သူတို့လည်း သိပါတယ်ခင်ဗျ။ ကျနော်တို့ဒီမှာ ဆူပူအော်ဟစ်ရမ်းကားတဲ့ အပြုအမူမျိုးတွေလည်း တယောက်မှ မရှိတဲ့အတွက် ကျနော်တို့ကို ရဲက ပြန်ခိုင်းတယ်ဆိုတဲ့ပုံစံမရှိပါဘူးခင်ဗျ။ တံတားမှာတော့ လူနှစ်ရာ၊ သုံးရာလောက်ရှိတာပေါ့နော်။ တံတားတလျောက်လုံး ကျနော်တို့စည်းကမ်းရှိစွာနဲ့ ရပ်နေပြီးတော့ ဘုတ်လေးတွေကိုင်ပြီးတော့ သူ့ကိုကျနော်တို့ကပြတာပါ။ သူ့ကိုအလိုမရှိ ဘာညာဆိုတာလေးတွေပဲပြတာပါ။ ကျနော်တို့ ရမ်းကားမိုက်ရိုင်းတဲ့ အပြုအမူမျိုး လုပ်ဆောင်တာ တခုမှ မရှိပါဘူးခင်ဗျာ။"

ရန်ကုန်လေဆိပ်မှာ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း လက်ကျန် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးဖို့ မစ္စတာ ကင်တားနား ထည့်သွင်း တောင်းဆိုသွားတဲ့ကိစ္စနဲ့ ပတ်သက်လို့လည်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဒီကိစ္စဟာ သူတို့အနေနဲ့ မစ္စတာ ကင်တားနားတောင်းဆိုလို့ လုပ်တာမဟုတ်ပဲ နဂို မူလချမှတ်ထားတဲ့ လုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

မစ္စတာ ကင်တားနားဟာ သူ့ရဲ့ မြန်မာနိုင်ငံ ခရီစဉ်အတွင်း တွေ့ရှိခဲ့တဲ့ အချက်အလက်တွေကို အောက်တိုဘာလအတွင်း ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်ပြမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

VOA Burmese

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်
အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က မိတ္ထီလာမြို့မှာ ဆန္ဒပြခဲ့တဲ့သူတွေက သူ့ကားကို ၀ိုင်းခဲ့တဲ့ကိစ္စမှာ အစိုးရက လုံခြုံရေးအရ ထိထိရောက်ရောက် တာဝန်ယူပေးနိုင်ခဲ့ခြင်း မရှိဘူး လို့ ပြောဆိုတာနဲ့ ပတ်သက်ပြီး မမှန်ကန်ဘူး လို့ ငြင်းချက်ထုတ်လိုက်ပါတယ်။ ဘာကြောင့်အခုလို ပြောသလဲဆိုတာ ဆက်သွယ်မေးမြန်း ထားတဲ့ ကိုဇော်ဝင်းလှိုင်က ဆက်ပြီးတော့ ပြောပြပေး ထားပါတယ်။

အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရေး လွှတ်တော် ဆွေးနွေးမည်

Photo: အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရေး လွှတ်တော် ဆွေးနွေးမည် 
Friday, August 23, 2013

အငြင်းပွားစရာတွေ ဖြစ်နေတဲ့ Electric Law လို့ခေါ်တဲ့ ဆက်သွယ်ရေး ဥပဒေမှုကြမ်း ကို ပြန်ပြီး ပြင်ဆင်ဖို့ လွှတ်တော်က လက်ခံလိုက်ပြီဖြစ်ပါတယ်။
ပြင်ဆင်စရာတွေရှိနေတဲ့ ဒီဥပဒေမှာ အရင် စစ်အစိုးရလက်ထက် က နိုင်ငံရေးသမားတွေ ကို ဖမ်းဆီးအရေးယူဖို့ လုပ်ထားတဲ့ အချက်တွေ ကို ပယ်ဖျက်ဖို့ လိုတယ်လို့လည်း ဆက်သွယ်ရေး ဥပဒေကြောင့် အကျဉ်းကျခံ ခဲ့ရဘူးသူတွေကပြောပါတယ်။ ဒီအကြောင်း အပြည်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့  ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရ လက်ထက်က နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို စွဲချက်တင်ပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လေ့ရှိတဲ့ အီလက်ထရောနစ် ဥပဒေကို ပြင်ဆင်ထားတဲ့မူကြမ်းကို လွှတ်တော်က သြဂုတ်လ ၂၁ရက်နေ့ မှာ ဆွေးနွေးဖို့အတွက် သဘောတူ လက်ခံလိုက်ခဲ့တာပါ။
ဒီဥပဒေမှာ ပါတဲ့ မူလပြဌာန်းချက်မှာ အင်မတန်ကျယ်ပြန့်ပြီးတော့ လိုရင် လိုသလို နိုင်ငံရေးအရလည်း တကယ်လည်း သုံးခဲ့တဲ့ ဥပဒေ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်

ဥပဒေထဲမှာပါတဲ့ ပုဒ်မ ၃၃ အရ အရင်က ထောင်ဒဏ် အနည်းဆုံး ၇ နှစ်ကနေ အများဆုံး ၁၅ နှစ်အထိ ချမှတ်နိုင်တဲ့အပြင် သေဒဏ်လည်း ချမှတ်နိုင်တယ် ဆိုတဲ့ ပြဌာန်းချက်ကို အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေ အများဆုံး ၇ နှစ် ချမှတ်ဖို့နဲ့ ငွေဒဏ်ကို  ပြင်ဆင်သတ်မှတ်ဖို့ ကို ဦးသိန်းညွန့်က အဆိုပြုခဲ့ပါတယ်။

အရင်က ဒီလို ပြစ်ဒဏ်ကိစ္စတွေကို လွှတ်တော်ထဲမှာဆွေးနွေးဖို့တွေလုပ်ရင် ပယ်ချလေ့ရှိတာ များပေမဲ့ လက်ရှိ အနေအထားအရ ဆွေးနွေးဖို့ လက်ခံတယ် ဆိုတာဟာ တိုးတက်မှု ဖြစ်စဉ်တစ်ခုလို့ ဦးသိန်းညွန့်ကပြောပါတယ်။

"လွှတ်တော်ရဲ့သက်တမ်းမှာ အခုအပြောင်းအလဲတွေဖြစ်လာတယ်။ အရင်တုန်းက ကျနော်တို့က ဒါမျိုးတင်တယ်ဆိုရင် ပယ်ချတာပဲရှိပါတယ်။ အခုဆိုရင် မနေ့က ကျနော်တင်တဲ့ အသင်းအဖွဲ့ဆိုင်ရာဥပဒေ မှာ ပြစ်မှုပြစ်ဒဏ်တွေကို ဆွေးနွေးတဲ့အခါမှာ အရင်တုန်းက ပယ်ဖျက်ဖို့ လျော့ဖို့တို့ဆိုရင် အများကြီးအခက်အခဲတွေ့တယ်။ အခုတော့ ပယ်ဖျက်တာတွေ ပြင်ဆင်တာတွေကို နားလည်လာတဲ့အဆင့်ရောက်လာတယ်။ နားလည်လာတဲ့အဆင့်ရောက်လာတဲ့အတွက် အခုရှေ့ဆက်ပြီးတော့ ကျနော်က ဒီဥပဒေကြမ်းနဲ့ပတ်သက်ပြီး တင်ပြတဲ့အခါမှာ အထောက်အကူရလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ အခုကလည်း ဆက်သွယ်ရေးဒုဝန်ကြီးအပါအဝင် သူတို့တွေက ပညာရှင်တွေဖြစ်တယ်လေ။ ပညာရှင်တွေဖြစ်တော့ နည်းပညာ ဥပဒေနဲ့ နည်းပညာလုပ်ငန်းတွေကို ရာဇဝတ်ပြစ်မှုတွေနဲ့ တတန်းတည်း ထားပြီးတော့ ဆောင်ရွက်တာ မသင့်တော်ဘူး။ မမျှတဘူး။ ဒီကနေ့ လူ့အခွင့်အရေးစံချိန်စံနှုန်းတွေနဲ့ မကိုက်ညီဘူးဆိုတာ သိလာတဲ့အတွက် ကျနော်ကတော့ ဥပဒေကြမ်းကော်မတီကို တင်လိုက်တယ်။"

ပုဒ်မ ၃၄မှာလည်း အရင်က ထောင်ဒဏ် ၅နှစ်ချမှတ်ထားတာဖြစ်ပြီး အခုဆိုရင် ဒဏ်ငွေ မဆောင်နိုင်မှ ထောင်ဒဏ် ၆လကျခံဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ပုဒ်မ ၃၅မှာလည်း ထောင်ဒဏ် ၃နှစ် ချမှတ် ထားတဲ့ နေရာမှာ ငွေဒဏ်နဲ့ပေးဆောင်ဖို့ ပြင်ထားသလို ဒဏ်ငွေ မဆောင်နိုင်မှ သာ ထောင်ဒဏ် ၃လချမှတ် ရမယ်ဆိုပြီး ပြန်လည်ပြင်ဆင် ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ဖက်သတ် ဖိနှိပ်မှုနဲ့ နိုင်ငံရေးအရ ပြည်သူအချို့က ဖမ်းဆီးနိုင်ဖို့ လုပ်ထားတဲ့ ဒီ ဆက်သွယ်ရေး ဥပဒေကို လုံဝ မရှိသင့်တဲ့ ဥပဒေတစ်ခု ဖြစ်တယ်လို့ ယူဆထားတဲ့ လူတွေရှိသလို၊ လူမျိုးရေး ဘာသာရေး လှုံ့ဆော်မှုတွေ အွန်လိုင်းပေါ်မှာ ဆောင်ရွက်လာရင် အရေးယူနိုင်ဖို့ ခိုင်မာတဲ့ ဥပဒေ တစ်ခု ရှိသင့်တယ်လို့  လည်း ပြောဆိုသူတွေ ရှိနေပါတယ်။

ဆက်သွယ်ရေး ဥပဒေ နဲ့ စစ်အစိုးရ လက်ထက်မှာ ပြဌာန်းခဲ့တဲ့ အချိန် မှာ နိုင်ငံရေးသမားအများစုဟာ အမြင့်ဆုံးထောင်ဒဏ်တွေနဲ့သာ ရင်ဆိုင်ခဲ့ရတယ်လို့ ကိုယ်တိုင်လည်း ဆက်သွယ်ရေး ဥပဒေနဲ့ အဖမ်းခံခဲ့ရတဲ့ ကိုဇော်သက်ထွေး ကပြောပါတယ်။ ဆက်သွယ်ရေး ဥပဒေကို သုံးပြီးတော့ ပြည်သူတွေကို ပြစ်ဒဏ် မပေးတာ၊ လူမှုကွန်ရက်တွေ ကို အကျိုးရှိရှိ ဘယ်လို အသုံးချခွင့် ပေးနိုင်မလဲဆိုတာကို ကျယ်ကျယ် ပြန်ပြန့် စဉ်းစားပေးဖို့ ဒီဆက်သွယ်ရေးဥပဒေမှာ ထည့်သွင်းသင့်တယ်လို့လည်း ကိုဇော်သက်ထွေး ကပြောပါတယ်။

" အင်တာနက် မီဒီယာကို သေချာ လေ့လာသုံးသပ်ပြီးတော့မှ ဒီဆိုရှယ်မီဒီယာကို ထိုက်သင့်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ မီဒီယာဖြစ်လာအောင် ဘယ်လိုလုပ်လို့ရမယ်ဆိုတာကို စဉ်းစားစေချင်ပါတယ်။ နောက်တခု ဆက်သွယ်ရေးဥပဒေတွေနဲ့ ဒီလူတွေကို ထိန်းချုပ်ပြီးတော့ ပြစ်ဒဏ်ပေးမယ် ဆိုတဲ့ အယူအဆဟာလည်း အလုံးစုံမှန်နိုင်မှာ မဟုတ်ဘူးဆိုတာလည်း အကြံညဏ်ပေးလိုပါတယ်။"

ဆက်သွယ်ရေး ကုမ္ပဏီကြီးတွေ အတွက် ရေးဆွဲထားတဲ့ အပိုင်းတွေ မှာတော့ ပြဿနာမရှိပေမဲ့ သုံးစွဲသူတွေကို ကန့်သတ် ချုပ်ချယ်ထားတဲ့ အပိုင်းတွေကိုတော့သိသိသာသာ ပြန်ပြီးပြင်ဆင်ရမယ်လို့ ဆက်သွယ်ရေးဥပဒေ နဲ့ပဲ အကျဉ်းကျခံရဘူးတဲ့ ကိုနေဘုန်းလတ် ကပြောပါတယ်။

"ဘယ်လိုခေါ်မလဲ တယ်လီဖုန်းကုမ္ပဏီကြီးတွေ ၊ တခြားဟာတွေထက်ကို သာမာန်သုံးစွဲသူ ပြည်သူလူထု၊ပေါ်မှာ လာပြီးတော့ မထိခိုက်ဖို့ရယ် နောက်  ပြည်သူလူထုရဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် (Freedom of Expression ) ကို မထိခိုက်ဖို့ရယ်၊ အဲ့လိုမျိုးတွေပေါ့။ အဲ့တာတွေကို အဓိကထားပြီးတော့ ဆွေးနွေးသင့်တာပေါ့။"

ဒီဥပဒေကို ဖျက်သိမ်းပေးဖို့ ဇန်န၀ါရီတုန်းက ပထမတကြိမ်တင်ပြခဲ့ပေမဲ့ လွှတ်တော်က လက်မခံပဲ ပယ်ချခဲ့တဲ့အတွက် အခုဒုတိယအကြိမ်အနေနဲ့ ဥပဒေကြမ်းကို ပြန်လည် ပြင်ဆင်ပေးဖို့ ထပ်မံအဆိုပြုတင်သွင်းခဲ့တာပါ။ 

VOA Burmese

လွှတ်တော်၊ နေပြည်တော်၊ မြန်မာ။
အငြင်းပွားစရာတွေ ဖြစ်နေတဲ့ Electric Law လို့ခေါ်တဲ့ ဆက်သွယ်ရေး ဥပဒေမှုကြမ်း ကို ပြန်ပြီး ပြင်ဆင်ဖို့ လွှတ်တော်က လက်ခံလိုက်ပြီဖြစ်ပါတယ်။
ပြင်ဆင်စရာတွေရှိနေတဲ့ ဒီဥပဒေမှာ အရင် စစ်အစိုးရလက်ထက် က နိုင်ငံရေးသမားတွေ ကို ဖမ်းဆီးအရေးယူဖို့ လုပ်ထားတဲ့ အချက်တွေ ကို ပယ်ဖျက်ဖို့ လိုတယ်လို့လည်း ဆက်သွယ်ရေး ဥပဒေကြောင့် အကျဉ်းကျခံ ခဲ့ရဘူးသူတွေကပြောပါတယ်။ ဒီအကြောင်း အပြည်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြပေးမှာ ဖြစ်ပါတယ်။

ဝီလျံအတွက် ချယ်လ်ဆီးကြားဝင်လာ ~ ဘေးလ်အပြောင်းအရွှေ့ကို စပါးဆိုင်းငံ့ထား

Photo: ဝီလျံအတွက် ချယ်လ်ဆီးကြားဝင်လာ ~ ဘေးလ်အပြောင်းအရွှေ့ကို စပါးဆိုင်းငံ့ထား
Friday, August 23, 2013

ချယ်လ်ဆီး အသင်းက တော့တင်ဟမ် ဟော့စပါး၏ ပစ်မှတ်ကစားသမား ဝီလျံကို ကြားဝင် ကမ်းလှမ်းလာသည့်နောက် စပါးတောင်ပံလူ ဂါရတ်သ်ဘေးလ်၏ ရီးယဲလ်မက်ဒရစ် ပြောင်းရွှေ့ရေး ကိစ္စမှာ မရေမရာ ဖြစ်လာကြောင်း သိရသည်။

စပါးသည် အန်းဇီးအသင်း၏ ဘရာဇီးလ် လက်ရွေးစင် ကစားသမား ဝီလျံကို ပေါင်စတာလင် သန်း(၃၀)ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိထားပြီး ဖြစ်သလို ကစားသမားသည် အသင်းနှင့် ဆေးစစ်မှု ခံယူပြီး ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ သို့သော်လည်း ယခုအခါ ချယ်လ်ဆီး မန်နေဂျာ ဟိုဆေး မော်ရင်ဟိုကပါ ကစားသမားကို ရုရှားကလပ် ခေါ်ထားသည့် ဈေးနှုန်းထက် မြှင့်တင်ပေးချေ ချဉ်းကပ်လာခြင်း ဖြစ်သည်။ အဆိုပါ အနေအထားကြောင့် စပါးသည် ဝေလလက်ရွေးစင် ဘေးလ်ကို အသင်းမှ ထွက်ခွာခွင့်အပေါ် ဆိုင်းငံ့ထားလိုက်ကြောင်း သတင်းများက ဆိုသည်။

စပါးအနေဖြင့် ဝီလျံကို အပြီးသတ် စာချုပ်မှု မပြီးစီးမချင်း ဘေးလ်ကို လက်လွှတ်ဖွယ် မရှိဟုလည်း သိရသည်။ စပါးသည် ယူရိုပါလိဂ် ခြေစစ်ပွဲ အဆင့်တွင် ဒိုငနမို တီဘလီဆီကို (၅-၀)ဖြင့် အနိုင်ရခဲ့ပြီး ဘေးလ်ကို အသုံးပြုခဲ့ခြင်း မရှိချေ။ Daily Mailက ချယ်လ်ဆီးသည် ဝီလျံအတွက် စတာလင်ပေါင် (၃၂)သန်းတန် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။ ဝီလျံသည် ယခုသီတင်းပတ် အစောပိုင်းက လန်ဒန်သို့ ရောက်ရှိလာကာ စပါးနှင့် ဆေးစစ်မှုပါ ခံယူပြီး ဖြစ်သော်လည်း လက်ရှိ အနေအထားတွင် အနာဂတ် မရေမရာ ဖြစ်နေကြောင်း သိရှိရသည်။

soccermyanmar

Premier Eleven Sports Journal အတွဲ ၁၀ အမှတ် ၅၂

သြဂုတ်လ ၂၃ ရက်နေ့ထုတ် အား Download ရယူနိုင်ပါသည်။
၂၀၁၃-၂၀၁၄ ဘောလုံးရာသီ စီးရီးအေ အသင်းများအကြောင်း အထူးအချပ်ပို ပါရှိပါသည်။

http://www.mediafire.com/download/dh714fz1ud9d6k4/Premier_Eleven_Vol10_No52.pdf
http://www.mediafire.com/download/ybt7lvlt0eiqtki/Premier_Eleven_Vol10_No52.pdf

https://app.box.com/s/dhonw82ujfzgiqyypdtp
https://app.box.com/s/5rlzycanznf0yhimr5nr

Tuesday, August 20, 2013

စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးနှင့် ကသာလေယာဉ်ကွင်းတို့အား အဆင့်မြင့် လေဆိပ်အဖြစ် အကောင်အထည်ဖော်မည်

Photo: စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးနှင့် ကသာလေယာဉ်ကွင်းတို့အား အဆင့်မြင့် လေဆိပ်အဖြစ် အကောင်အထည်ဖော်မည်
Wednesday, August 21, 2013

စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးနှင့် ကသာလေယာဉ်ကွင်းတို့အား အဆင့်မြင့် လေဆိပ်အဖြစ် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ယင်းတိုင်းဒေသကြီး၏ အစိုးရအဖွဲ့ထံမှ သိရသည်။

ယင်းသို့ တည်ဆောက်အကောင်အထည် ဖော်ခြင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး၏ အနာဂတ်စီးပွားရေး ဖွံ့ဖြိုးရေးအတွက် စီမံကိန်း တစ်ခုဖြစ်သည့်အပြင် နိုင်ငံခြား ခရီးသွား များပြားလာသည့်အတွက် တိုင်းနှင့်ပြည်နယ်များတွင် ခရီးသွား လုပ်ငန်းများကို တိုးချဲ့ခြင်းနည်းတူ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဦးအောင်ဆန်းမြင့်က "ကလေးနဲ့ ကသာလေယာဉ်ကွင်းကို အဆင့်မြင့် လေဆိပ်အဖြစ် အကောင်အထည် ဖော်သွားမှာပါ" ဟု ပြောကြားသည်။

လာမည့်ငါးနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၌ တံတားငါးစင်း ထပ်မံတည်ဆောက်မည်ဖြစ်ပြီး၊ တန်းဖိုးနည်း အိမ်ရာများနှင့် ၀န်ထမ်းအိမ်ရာများလည်း ဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊ ရေအားလျှပ်စစ် လုပ်ငန်းများ၊ ကျောက်မီးသွေး လုပ်ငန်းနှင့် စက်မှုဇုန် တိုးချဲ့ခြင်း လုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်တို့ အဓိကဖြတ်သန်းနေသော ကသာ-ထီးချိုင့်-စစ်ကိုင်း-မြင်းမူ-မုံရွာမြို့များတွင် အဆင့်မြင့်ဆိပ်ခံများ တည်ဆောက်သွားမည်ဖြစ်သည်။ အဆိုပါ အကောင်အထည်ဖော် တည်ဆောက်မည့် စီမံကိန်းနှင့် လုပ်ငန်းများကို ကလေးဝမြို့နယ်၊ ဟုမ္မလင်းမြို့နယ်နှင့် စစ်ကိုင်းမြို့တို့တွင် အဓိကထား ဆောင်ရွက်မည် ဖြစ်သည်။

ယခင်က စစ်ကိုင်းတိုင်းဒေသကြီးမှာ သစ်နှင့်စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထား လုပ်ကိုင်သော်လည်း ယခုနောက်ပိုင်းတွင်မူ သတ္တုတူးဖော်ရေး လုပ်ငန်းများကို ၎င်းဒေသရှိ ကြေးစင်တောင်နှင့် လက်ပံတောင်းတောင်တို့တွင် လုပ်ကိုင်နေသည့်အပြင် ထီးချိုင့်တွင်လည်း နိုင်ငံခြားကုမ္ပဏီနှင့် သတ္တုတူးဖော်မှုကို လုပ်ကိုင်နေပြီ ဖြစ်သည်။

သို့သော် စစ်ကိုင်းတိုင်းဒေသကြီးတွင် အလုပ်လက်မဲ့ သုံးသိန်းရှိနေပြီး တစ်ဦးချင်း ၀င်ငွေအရ တစ်နှစ်လျှင် ကျပ်ရှစ်သိန်းကျော်သာ ရရှိပြီး ဆင်းရဲမှုရာခိုင်းနှုန်း ၁၆ ရာခိုင်နှုန်းခန့် ရှိနေကြောင်း အစိုးရအဖွဲ့ထံမှ သိရသည်။

Eleven Media Group
စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးနှင့် ကသာလေယာဉ်ကွင်းတို့အား အဆင့်မြင့် လေဆိပ်အဖြစ် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ယင်းတိုင်းဒေသကြီး၏ အစိုးရအဖွဲ့ထံမှ သိရသည်။

ယင်းသို့ တည်ဆောက်အကောင်အထည် ဖော်ခြင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး၏ အနာဂတ်စီးပွားရေး ဖွံ့ဖြိုးရေးအတွက် စီမံကိန်း တစ်ခုဖြစ်သည့်အပြင် နိုင်ငံခြား ခရီးသွား များပြားလာသည့်အတွက်

အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ ဩစတြေးလျနှင့် ဗီယက်နမ်တို့နိုင်

Photo: အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ ဩစတြေးလျနှင့် ဗီယက်နမ်တို့နိုင်
Wednesday, August 21, 2013

၂၀၁၃ အာဆီယံချန်ပီယံရှစ် ယူ-၁၆ ဘောလုံးပြိုင်ပွဲ အုပ်စုအဖွင့် ပွဲစဉ်များကို ယနေ့ညနေပိုင်းက နေပြည်တော်ရှိ ဝဏ္ဏ သိဒ္ဓိကွင်း၌ စတင်ကျင်းပသည်။ မြန်မာအသင်း နှင့် ဗီယက်နမ်အသင်းတို့ ပွဲမစမီ နှစ်ဖက်အသင်းအား အားကစား ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးသောင်းထိုက်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် တို့က လိုက်လံနှုတ်ဆက်သည်။

ဗီယက်နမ် - လေးဂိုး
မြန်မာ - ဂိုးမရှိ

မြန်မာယူ-၁၆အသင်းမှာ အိမ်ကွင်း ၌ ပွဲဦးထွက်ရှုံးပွဲကြုံတွေ့ပြီး ဆီမီး ဖိုင်နယ်သို့တက်ရောက်ရန် အခွင့် အရေး နည်းပါး သွားပြီဖြစ်သည်။ ဗီယက်နမ်အသင်းမှာ မြန်မာ အသင်း၏ အားနည်းချက်များကို အခွင့်ကောင်းယူကာ အနိုင်ဂိုးများ သွင်းခဲ့ပြီး ၂၈ မိနစ်နှင့် ၄၇ မိနစ် တွင် ဟောင်ဟန်၊ ၃ မိနစ်တွင် ဖန်သယောင်ဟွာတို့က သွင်းယူခဲ့ သည်။ ဗီယက်နမ် အတွက် စတုတ္ထဂိုး ကို ၈၉ မိနစ်တွင် သွင်းယူပေးခဲ့သည်။
ပထမပွဲစဉ်တွင် ဩစတြေးလျ အသင်းက ကမ္ဘောဒီးယားအသင်းကို လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသွား သည်။

ယနေ့ပွဲ(ဝဏ္ဏသိဒ္ဓိကွင်း)
ညနေ ၄ နာရီ
အင်ဒိုနီးရှား -လာအို
ညနေ ၆း၄၅ နာရီ
ဖိလစ်ပိုင် - မလေးရှား

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

ကြည့်မြင်တိုင်စာတိုက်ရှေ့ရှိ ကုက္ကိုပင်ကြီး တစ်ခြမ်းပဲ့ကျ၊ ကားတစ်စီးပိမိ

Photo: ကြည့်မြင်တိုင်စာတိုက်ရှေ့ရှိ ကုက္ကိုပင်ကြီး တစ်ခြမ်းပဲ့ကျ၊ ကားတစ်စီးပိမိ
Wednesday, August 21, 2013

ရန်ကုန်အနောက်ပိုင်းခရိုင် ကြည့်မြင်တိုင်မြို့နယ် အိုးဘိုရပ်ကွက် ဗိုလ်သူရလမ်းနှင့် ဗားကရာ လမ်းထောင့် ကြည့်မြင်တိုင်စာတိုက်ရှေ့ရှိ ကုက္ကိုပင်ကြီးမှာ အိုမင်းရင့်ရော်ပြီး မိုးဒဏ်လေ ဒဏ်ကြောင့် ဩဂုတ် ၂၀ ရက် ညနေ ၅ နာရီ မိနစ် ၂၀ ခန့်က ပင်စည်တစ်ခြမ်းပဲ့ကျပြီး ဗိုလ်သူရ လမ်းမှ ဗားကရာလမ်းဘက်သို့ထွက်လာသော အဝါရောင်ကား ၃ဃ/--- အား သစ်ကိုင်းအလယ်ဖျားဖြင့် ပိမိနေကြောင်း သိရသည်။

ယင်းကားပေါ်၌ပါလာသော ဖခင်ဖြစ်သူ အမျိုးသား (၄၉)နှစ်မှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး (၁၁)နှစ်အရွယ် သမီးငယ်မှာ ညာဘက်လက်ကောက်ဝတ်တွင်ဒဏ်ရာရရှိခဲ့ကာ တာဝန်ရှိ သူများက ဆေးရုံသို့အချိန်မီပို့ဆောင်ပေးခဲ့ကြောင်း၊ မြို့နယ်အတွင်းမှ သက်ဆိုင်ရာ တာဝန် ရှိသူများ လာရောက်ကြပြီး မီးသတ်တပ်ဖွဲ့နှင့် လျှပ်စစ်စွမ်းအင်ဌာနတို့မှ လမ်းပေါ်ရှိ သစ်ကိုင်းများ အား အချိန်မီရှင်းလင်းပေးခဲ့ကြောင်း၊ ဓာတ်တိုင် ခြောက်တိုင် ပြိုလဲကျ ခဲ့ကြောင်း၊ သေကျေဆုံးရှုံးမှုမရှိကြောင်း သိရသည်။

(ရွှေတိုင်လွင်)

ကမ္ဘာ့ ဖော်ရွေမှု အရှိဆုံးမြို့ကြီး ၂၀ တွင် မြန်မာမှ မန္တလေးမြို့ပါဝင်လာ

Photo: ကမ္ဘာ့ ဖော်ရွေမှု အရှိဆုံးမြို့ကြီး ၂၀ တွင် မြန်မာမှ မန္တလေးမြို့ပါဝင်လာ
Wednesday, August 21, 2013

ကမ္ဘာ့ဖော်ရွေမှုအရှိဆုံး မြို့ကြီး၂၀ ကို CNN သတင်းဌာနက ဖော်ပြရာတွင် မြန်မာနိုင်ငံမှ မန္တလေးမြို့မှာ နံပါတ်စဉ် ရှစ်၌ ဖော်ပြခံရကြောင်း CNNနှင့် Xinhua သတင်းဌာနတို့၏ ဖော်ပြချက်အရ ၁၇-၈-၂၀၁၃ ရက်တွင် သတင်းရရှိသည်။ အလားတူပင် ကမ္ဘာ့ဖော်ရွေမှု အကင်းမဲ့ဆုံးမြို့ ၂၀ နှင့် နိုင်ငံတို့ကိုလည်း ဖော်ပြရေးသားခဲ့ပြီး တရုတ်နိုင်ငံမှ မြို့နှစ်မြို့လည်း ပါဝင်နေသည်ဟု ဖော်ပြချက်များမှ သိရသည်။

CNN သတင်းဌာနသည် ကမ္ဘာကျော် ခရီးသွားမဂ္ဂဇင်း (Conde Nest Traveller) ၏ စစ်တမ်းပြုစုမှုအပေါ် ကိုးကားပြီး ပြန်လည်ဖော်ပြခြင်းဖြစ်ကာ ဖတ်ရှုသူ ၄၆၀၀၀ ကျော်ထံမှ သုံးသပ်ချက်များကို အတည်ပြုထားခြင်း ဖြစ်ကြောင်းသိရသည်။ “နယူးယောက်မြို့နားမှာရှိတဲ့ Newark ဟာ အဆိုးဝါးဆုံး ဖော်ရွေမှု မရှိတဲ့ ဒေသထဲမှာ ပါဝင်နေတယ်လို့ စာအုပ်ဖတ်ရှုသူတွေဆီက ပြောကြားချက်တွေမှာ တွေ့ရပါတယ်” ဟု Conde Nest Traveller က ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။

ကမ္ဘာ့ဖော်ရွေမှုအရှိဆုံး မြို့များမှာ Florianopolis (ဘရားဇီး)၊ Hobart (Tasmania)၊ (Thimpu) (ဘူတန်)၊ Queenstown (နယူးဇီလန်)၊ Charleston (South Carolina)၊ Cork (အိုင်ယာလန်)၊ Paro (ဘူတန်)၊ မန္တလေး (မြန်မာ)၊ Margaret River (သြစတေးလျ)၊ Kilkenny (အိုင်ယာလန်)၊ Ubud Bali (အင်ဒိုနီးရှား)၊ Chaingmai (ထိုင်း)၊ Christchurch (နယူးဇီလန်)၊ Dubblin (အိုင်ယာလန်)၊ Galenal(Illinois)၊ Victoria( British Columbia)၊ Auckland (နယူးဇီလန်)၊ Savannah (ဂျော်ဂျီယာ)၊ Edinburgh (စကော့တလန်)နှင့် Asheville (North Corolina) တို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားများနှင့် နှစ်သက်မှုရှိသော တိုင်းပြည်တစ်ခုဖြစ်နေပြီး မြန်မာနိုင်ငံကို ရောက်ဖူးသူ အများစုထံမှ ပြောနေကျစကားဖြစ်သည့် “မြန်မာတွေက သဘောကောင်းကြတယ်။ ဖော်ရွေတယ်။ နိုင်ငံခြားသားတွေကို အထင်ကြီးလေးစား အရေးတယူ ရှိကြပုံပါပဲ” ဟူသော အချက်နှင့် ကိုက်ညီစွာပင် ယခုကဲ့သို့ ကမ္ဘာကျော် ခရီးသွားမဂ္ဂဇင်းနှင့် ကမ္ဘာကျော် သတင်းဌာနများက ရေးသား ဖော်ပြလာခြင်းဖြစ်ကြောင်း ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

ပြည်မြန်မာ

ကမ္ဘာ့ဖော်ရွေမှုအရှိဆုံး မြို့ကြီး၂၀ ကို CNN သတင်းဌာနက ဖော်ပြရာတွင် မြန်မာနိုင်ငံမှ မန္တလေးမြို့မှာ နံပါတ်စဉ် ရှစ်၌ ဖော်ပြခံရကြောင်း CNNနှင့် Xinhua သတင်းဌာနတို့၏ ဖော်ပြချက်အရ ၁၇-၈-၂၀၁၃ ရက်တွင် သတင်းရရှိသည်။ အလားတူပင် ကမ္ဘာ့ဖော်ရွေမှု အကင်းမဲ့ဆုံးမြို့ ၂၀ နှင့် နိုင်ငံတို့ကိုလည်း ဖော်ပြရေးသားခဲ့ပြီး တရုတ်နိုင်ငံမှ မြို့နှစ်မြို့လည်း ပါဝင်နေသည်ဟု ဖော်ပြချက်များမှ သိရသည်။

CNN သတင်းဌာနသည် ကမ္ဘာကျော် ခရီးသွားမဂ္ဂဇင်း (Conde Nest Traveller) ၏ စစ်တမ်းပြုစုမှုအပေါ် ကိုးကားပြီး ပြန်လည်ဖော်ပြခြင်းဖြစ်ကာ ဖတ်ရှုသူ ၄၆၀၀၀ ကျော်ထံမှ သုံးသပ်ချက်များကို အတည်ပြုထားခြင်း ဖြစ်ကြောင်းသိရသည်။ “နယူးယောက်မြို့နားမှာရှိတဲ့ Newark ဟာ အဆိုးဝါးဆုံး ဖော်ရွေမှု မရှိတဲ့ ဒေသထဲမှာ ပါဝင်နေတယ်လို့

ကလောမြို့တွင်ရေမြောင်းတူးရာမှကျည်ဆန်များတွေ့ ပလောင်တောင် လိမ္မော်ခြံမှလည်း သေနတ်များ ဖမ်းဆီးရမိ

Photo: ကလောမြို့တွင်ရေမြောင်းတူးရာမှကျည်ဆန်များတွေ့ ပလောင်တောင် လိမ္မော်ခြံမှလည်း သေနတ်များ ဖမ်းဆီးရမိ
Wednesday, August 21, 2013

ရှမ်းပြည်နယ်(တောင်ပိုင်း)  ကလောမြို့  အမှတ်(၃)ရပ်ကွက်တွင် ရေမြောင်းတူးရာမှ ကျည်ဆန်များတွေ့ရှိပြီး ပလောင် တောင် လိမ္မော်ခြံအစောင့် နေအိမ်မှ သေနတ်နှစ်လက်နှင့် ကျည်မျိုးစုံတို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့ အမှတ်(၃)ရပ်ကွက် သစ္စာ နယ်မြေလမ်း သစ္စာနယ်မြေခြံအနီး ရေစီးရေလာ ကောင်းရန် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းနှင့် ရပ်ကွက်သူရပ်ကွက်သားများ စုပေါင်း၍ ရေမြောင်း သန့်ရှင်းရေး တူးဖော်နေကြစဉ် ဩဂုတ် ၁၅ ရက် မွန်းလွဲ ၂ နာရီခန့်တွင် အနက်တစ်ပေခန့် မြေကြီးအတွင်းမှ ပွိုင့်-၃၀၃ ကျည်ဆန် ၂၅၅၀ တောင့်နှင့် ကျည်ဆန်အခွံ ၃၂၅ ခွံတို့ တူးဖော်တွေ့ရှိခဲ့ကြသဖြင့် ကလောမြို့နယ်မှူးရုံးသို့ သွားရောက် သတင်း ပေးပို့ကြရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဝင်း၊ မြို့နယ် ရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူးဆွေဦးနှင့်ရဲတပ်ဖွဲ့ဝင်များ သွားရောက် လက်ခံယူခဲ့ကြသည်။

ထို့အတူ ကလောမြို့နယ် ပိန္နဲပင်ကျေးရွာ ပလောင်တောင်လိမ္မော်ခြံနေ စိုင်းကော်ခမ်း(ခ)အိုက်ကော် ဥယျာဉ်ခြံစောင့် လုပ်ကိုင်နေထိုင်သော လိမ္မော်ခြံ တွင် ဩဂုတ် ၁၆ ရက် နံနက် မိနစ် ၃၀ တွင်လည်း ကလောမြို့နယ်မြို့နယ် ရဲတပ်ဖွဲ့မှူး  ရဲမှူးတင်ဝင်းနှင့်  နယ်မြေခံလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း အဖွဲ့က သတင်းအရ ရှာဖွေခဲ့ကြရာ အမ်-၁၆ဒင် မောင်းပြန် ရိုင်ဖယ် တစ်လက်၊ ၇ ဒသမ ၆၅ မီလီမီတာ (၃၂)ပစ္စတိုသေနတ် တစ်လက်၊  တစ်လက်မ ၉ မမ ကျည်ဆန် ၄၅ တောင့်၊ ၅ ဒသမ ၅၆ မီလီမီတာ ကျည်ဆန် ၁၅ တောင့်၊ ပွိုင့်-၃၀၃ ရိုင်ဖယ်ကျည်ဆန်အတောင့် ၁၃၀၊ ပွိုင့် ၃၀ မမ ကျည်ဆန် အတောင့် ၃၀၊ ပွိုင့်-၁၂ မမ ကျည်ဆန် ၁၄ တောင့်၊ BA- ၉၁ လက်ပစ်ဗုံး စနက်တံ နှစ်ခုနှင့် ကျည်ဆန်အိမ်မျိုးစုံ ၁၁ ခုတို့ကို ရှာဖွေသိမ်းဆည်းဖမ်းမိခဲ့ကြသည်။ အဆိုပါလက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ လက်ဝယ်ထားရှိသူ လိမ္မော်ခြံစောင့် စိုင်းကော်ခမ်း(ခ)အိုက်ကော်အား ကလောမြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးမှ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။                 

(ဇော်သိန်းရီ)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့ အမှတ်(၃)ရပ်ကွက်တွင် ရေမြောင်းတူးရာမှ ကျည်ဆန်များတွေ့ရှိပြီး ပလောင် တောင် လိမ္မော်ခြံအစောင့် နေအိမ်မှ သေနတ်နှစ်လက်နှင့် ကျည်မျိုးစုံတို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့ အမှတ်(၃)ရပ်ကွက် သစ္စာ နယ်မြေလမ်း သစ္စာနယ်မြေခြံအနီး ရေစီးရေလာ ကောင်းရန် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းနှင့်

သမ္မတကြီးအနေနဲ့ ကင်တားနားကို လက်ခံတွေ့ဆုံဖို့ အစီအစဉ် လုံးဝ ( လုံးဝ) မရှိ

Photo: ကင်တာနာကို ဦးသိန်းစိန် လက်ခံတွေ့ဆုံဖို့ လုံးဝ မရှိဟု ဆို
Tuesday, August 20, 2013 

မန်မာနိုင်ငံကို ရောက်နေတဲ့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်းရေးမှူး မစ္စတာ သောမတ် အိုဟေး ကင်တာနာကို သမ္မတ ဦးသိန်စိန်အနေနဲ့ လုံးဝ ( လုံးဝ) တွေ့ဆုံရန် အစီအစဉ် မရှိဘူးလို့ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က ဖေ့စ်ဘုတ်ကတဆင့် အသိပေးလာပါတယ်။ 

နိုင်ငံတော်သမ္မတကြီးနဲ့ မစ္စတာ ကင်တားနား တွေ့ဆုံဖို့ ရှိသလားလို့ သတင်းဌာနတွေက ဆက်သွယ်
မေးမြန်းလာကြပါတယ်။ 

သမ္မတကြီးအနေနဲ့ ကင်တားနားကို လက်ခံတွေ့ဆုံဖို့ အစီအစဉ် လုံးဝ
( လုံးဝ) မရှိကြောင်း အသိပေး တင်ပြအပ်ပါတယ်။

မစ္စတာ ကင်တာနာအနေနဲ့ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးအခြေအနေတွေနဲ့ပတ်သက်ပြီး သက်ဆိုင် ရာ မြန်မာအစိုးရနဲ့ တာဝန်ရှိသူတွေကို အကြံပြု တင်ပြသွားဖို့ ရှိတယ်လို့ သူ့ခရီးစဉ်အတွင်းမှာလည်း  မကြာ ခဏ ပြောခဲ့ပါတယ်။ 

မစ္စတာ ကင်တာနာကို ယမန်နေ့ညကလည်း မတည်ငြိမ်မှုများဖြစ်ပွားခဲ့ရာ မိတ္ထီလာမြို့မှာ မြို့ခံတချို့က သူ့ရဲ့ အစီရင်ခံစာ မမျှမတဖြစ်တယ်ဆိုပြီး ကန့်ကွက်ဆန္ဒပြမှုတွေလည်း  လုပ်ဆောင်ခဲ့ကြပါသေးတယ်။ 
ကင်တာနာဟာ နောက်ထပ်မတည်ငြိမ်မှုဖြစ်ပွားခဲ့ရာ  လားရှိုးမြို့ကိုလည်း သွားရောက်ခဲ့ပါသေးတယ်။ 

အလားတူ စစ်တွေမှာတုန်းကလည်း ကင်တာနာကို ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ခဲ့ကြပါသေးတယ်။ အဲဒီတုန်း က ကင်တာနာက မြန်မာနိုင်ငံမှာ ဆန္ဒပြခွင့်ရတာ ကောင်းတဲ့ လက္ခဏာဖြစ်တယ် လို့ ပြောခဲ့ပါ တယ်။  
အဲဒီနောက် ကချင်ပြည်နယ် ခရီးစဉ်အတွင်း KIA ဋ္ဌာနချုပ် လိုင်ဇာကို သွားခွင့်မရခဲ့ပါဘူး။ ချင်းပြည်နယ် ခရီးစဉ်တော့ သွားခဲ့ပြီး ဒေသခံတွေ၊  ဘာသာရေး ခေါင်းဆောင်တွေနဲ့လည်း တွေ့ခဲ့ပါသေးတယ်။  

ကင်တာနာရဲ့ အခု ၁၀ ရက်တာ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ် သက် လို့ တွေ့ရှိချက်တွေကို  လာမယ့် ကုလသမဂ္ဂအထွေထွေ ညီလာခံကို တင်သွင်းသွားမှာလည်းဖြစ်ပါ တယ်။ 

 အိမ့်သံစဉ်
ဧရာဝတီ

ကင်တာနာကို ဦးသိန်းစိန် လက်ခံတွေ့ဆုံဖို့ လုံးဝ မရှိဟု ဆို

မြန်မာနိုင်ငံကို ရောက်နေတဲ့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်းရေးမှူး မစ္စတာ သောမတ် အိုဟေး ကင်တာနာကို သမ္မတ ဦးသိန်စိန်အနေနဲ့ လုံးဝ ( လုံးဝ) တွေ့ဆုံရန် အစီအစဉ် မရှိဘူးလို့ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က ဖေ့စ်ဘုတ်ကတဆင့် အသိပေးလာပါတယ်။

နိုင်ငံတော်သမ္မတကြီးနဲ့ မစ္စတာ ကင်တားနား တွေ့ဆုံဖို့ ရှိသလားလို့ သတင်းဌာနတွေက ဆက်သွယ်
မေးမြန်းလာကြပါတယ်။