ရန်ကုန်- ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘုန်းတော်ကြီးကျောင်း နှင့် အခြားနေရာများတွင် အခမ်းအနားပြုလုပ်မည့် ရဟန်း၊ သံဃာတော်များအနေဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံ အကြောင်းကြားရန်နှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း၏ ခွင့်ပြုချက်ရယူရန် အသိပေးထားကြောင်း သတင်းရရှိသည်။
ယခုရက်ပိုင်းများတွင် ဗုဒ္ဓ ဘာသာရဟန်းအဖွဲ့အစည်းများ အခမ်းအနားများ ပြုလုပ်ရာ၌ ပိုမိုစိစစ်တင်းကျပ်မှုများရှိလာ
“ရဟန်းတော်တွေနဲ့ ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေအနေနဲ့ ဘာပွဲပဲဖြစ်ဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို အကြောင်းကြားဖို့နဲ့ အာဏာပိုင်အဖွဲ့အစည်းတွေဆီက ခွင့်ပြုချက်ယူဖို့ ပြောထားတယ်။ ခုရက်ပိုင်း အပြင်ကဟိုတယ်နဲ့ ခန်းမတွေငှားရင် ဘုန်းကြီးပွဲဆို လက်မခံဘူးပြောတယ်။ အခုလုပ်မယ့် ပွဲတစ်ပွဲတောင် နားလည်မှုယူပြီး လုပ်ထားရတယ်”ဟု ဗုဒ္ဓဘာသာအဖွဲ့အစည်းတစ်ခုမှ သံဃာတော်တစ်ပါးက မိန့်သည်။
သြဂုတ်လ ၈ ရက်မှစ၍ ဟိုတယ်၊ ခန်းမများတွင် ဟောပြောပွဲနှင့် အခမ်းအနားများ ပြုလုပ်ပါက နှစ်ပတ် ကြိုတင်ခွင့်ပြုချက်ရယူရန် သက်ဆိုင်ရာက အမိန့်ထုတ်ပြန်ထားပြီး အရပ်ဘက်အဖွဲ့အစည်းများ၏ ဝေဖန်မှုများ ထွက်ပေါ်နေသည်။
ပြည်ထဲရေးဝန်ကြီးဌာနမှအမိန့်ဖြင
7Day News Journal
No comments:
Post a Comment