တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းတွင်
မိုးအဆက်မပြတ်ရွာသွန်းပြီးနောက် ရေလွှမ်းမိုးမှုများဖြစ်ပေါ်သဖြင့် သေဆုံးသူ
၃၇ ဦးအထိ ရှိပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနများက
ဩဂုတ် ၁၈ ရက်တွင် ဖော်ပြ သည်။ လိုင်အိုနင်းပြည်နယ်တွင်
ရေလွှမ်းမိုးမှုကြောင့် ၁၂ ဦးသေဆုံးကြောင်း၊ ဖူရှန်းမြို့တွင် ဩဂုတ် ၁၆
ရက်နှင့် ၁၇ ရက်တို့တွင် ရုတ်တရက်သည်းထန်စွာရွာသွန်းသောမိုးကြောင့် ၃၂
ဦးပျောက်ဆုံးလျက်ရှိကြောင်း ဆင်ဟွာသတင်း ဌာနက ဖော်ပြသည်။
ဩဂုတ် ၁၆ ရက်က ရေလွှမ်းမိုးမှုများ ခံကြရ၍ ကျီလင်းပြည်နယ်တွင် လူ ၁၄ ဦး သေဆုံးခဲ့ရပြီး ဟေလောင်ကျန်း ပြည်နယ်တွင် ၁၁ ဦးသေဆုံးခဲ့ရသည်။
ဆုံးရှုံးခဲ့ရ
ရေလွှမ်းမိုးမှုကြောင့် အိမ်ခြေ ၂၅၀၀ ကျော်ပျက်စီးခဲ့ရပြီး ရေလွှမ်းမိုးမှုဒဏ်ခံရသဖြင့် ယန်း ၇ ဒသမ ၁၃ သန်း တန်ဖိုး ဆုံးရှုံးခဲ့ရကြောင်း သတင်းတွင်ဖော်ပြသည်။ ပြည်သူ ၁၄၀၀၀၀ မှာလည်း ၄င်းတို့ ၏ နေအိမ်များကို စွန့်ခွာ၍ ရွှေ့ပြောင်း နေထိုင်ကြရသည်ဟုဆိုသည်။
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:
Post a Comment