၅၅ လက်မရှိသည့် Samsung TV ကို ၀ယ်ယူသူများထံသို့ အမေရိကန်ဒေါ်လာ ၉၀၀၀ ဖြင့် ရောင်းချ ပေးနေပြီး Samsung. com တွင်လည်း ၀ယ်ယူနိုင်သည်ဟု သိရသည်။
LG ကဲ့သို့ TV နှင့် လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်သည့် Samsung မှာ တောင်ကိုရီးယားနိုင်ငံတွင် အခြေစိုက်သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး အစောပိုင်းတွင် ၎င်း၏ TV အား အမေရိကန်ဒေါ်လာ ၁၅၀၀၀ ဖြင့် အရောက်ပို့ပေးရန် ဆုံးဖြတ်ခဲ့သည်။ ယင်းမှာ လွန်ခဲ့သောလအတွင်းက LG မှရောင်းချခဲ့သည့် OLED ဈေးနှင့်အတူတူပင်ဖြစ်သည်။ သို့သော် Samsung အနေဖြင့် ၎င်း၏ထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်း ကုန်ကျ စရိတ်များအား အကျိုးရှိရှိဆောင်ရွက်နိုင်ခဲ့သ
ယင်းမှာ LG ထက် နှာတစ်ဖျာသာသွားစေသည့် လုပ်ရပ်ဖြစ်သည်။ ကန်ဒေါ်လာ ၉၀၀၀ မှာ မြင့်မားသည့် ဈေးနှုန်းတစ်ရပ်ဖြစ်နေသေးသော်လည
“ယခုလုပ်ဆောင်ချက်က စုံတွဲတစ်တွဲထံကို ရောင်းချဖို့အတွက် လွယ်ပါတယ်။ ဒါမှမဟုတ် အကြွေးဝယ် ကတ်နဲ့ ၀ယ်ယူနိုင်ပါတယ်”ဟု ၎င်းက ဆိုသည်။
“LG အနေနဲ့ ဒီလိုကွာဟမှုမျိုးအတွက် တစ်ခုခုလုပ်ဖို့ သို့မဟုတ် ကျော်ဖြတ်ဖို့ ကြိုးစားမယ်ဆိုတာအသေ အချာပါပဲ”ဟု လည်း ၎င်းကဆိုသည်။
ယခုထွက်ရှိလာသည့် Samsung ၏ TV မှာ လိုင်းစုံအား တစ်ပြိုင်နက်တည်းကြည့်နိုင်ပြီး
ဘာကြောင့်လဲဆိုတော့ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးတို့က တစ်နေရာတည်းမှာထိုင်ပြီး ရုပ်သံအစီအစဉ်နှစ်ခုကို တစ်ပြိုင်နက် တည်းကြည့်ရှုနိုင်လို့ပါ”ဟု အမေရိကန်နိုင်ငံရှိ Samsung Electronics ၏ အိမ်တွင်းဖျော်ဖြေရေးဆိုင်ရာ ဒု-ဥက္ကဋ္ဌ David Das က ပြောကြားလိုက်သည်။
TV ကြည့်ရှုသူတစ်ယောက်ချင်းစီအတွက် နားကြပ်များအား 3G မျက်မှန်တွင် ထည့်သွင်းတပ်ဆင်ထား သည့်အတွက် ရုပ်သံတစ်ခုချင်းဆီမှ အသံလိုင်းများမှာ ကြည့်ရှုသူထံသို့သာ ရောက်ရှိသွားမည်ဖြစ်သည်။
LG ၏ OLED TV မှာကဲ့သို့ လက်မ၀က်ခန့်မျှသာရှိသည့် အတွင်းပိုင်းသို့ ခုံးနေသော ဖန်သားမျက်နှာပြင် တစ်ခုပါရှိပြီး “အမှန်တကယ်တွင် ယင်းမှာ ရုပ်ရှင်ရုံတစ်ခုပါပဲ”ဟု Das က ဆိုသည်။
OLED TV များမှာ စတင်ထွက်ရှိခဲ့သည့် လွန်ခဲ့သောငါးနှစ်ကျော်ကာလလောက်
ယခုနှစ်တွင် OLED TV ၂၀,၀၀၀ ခန့်လောက်သာ ကမ္ဘာတစ်လွှားသို့ တင်ပို့ရောင်းချခဲ့သည်ဟု သုတေ သနစစ်တမ်းများ ပြုလုပ်နေသည် Ken Park က ပြောကြားခဲ့သည်။ သို့သော် ၂၀၁၄ ခုနှစ်တွင် အလုံးရေ ၄၀၀,၀၀၀ လောက် ရောင်းချနိုင်ရပြီး ၂၀၁၅ ခုနှစ်တွင် အလုံးရေ နှစ်သန်းအထိ တိုးမြှင့်ရောင်းချရဖွယ် ရှိသည်ဟု ၎င်းက ခန့်မှန်းထားသည်။
“OLED TV တွေက ဈေးကြီးလွန်းတဲ့အတွက် ၀ယ်ယူသူတွေကို ခက်ခဲစေပါတယ်။ ဒါကြောင့် အများဝယ်ယူနိုင်တဲ့ ထုတ်လုပ်မှုအခြေအနေကိုရောက်မှသာလ
ဈေးနှုန်းမြင့်မားခြင်းနှင့် ထုတ်လုပ်ရန် ခက်ခဲခြင်းတို့ကြောင့် “OLED TV ထုတ်လုပ်ခြင်းတွေဟာ ၀ယ်ယူ အားပေးသူတွေရဲ့ ပထမဦးစားပေးရွေးချယ်စရာမဖြစ်မီ
Mizzima - News in Burmese
No comments:
Post a Comment