Friday, August 30, 2013

ဥရောပစူပါဖလားကို ဘိုင်ယန်မြူးနစ် ဆွတ်ခူး

Photo: ဥရောပစူပါဖလားကို ဘိုင်ယန်မြူးနစ် ဆွတ်ခူး 
Saturday, August31, 2013

ဥရောပစူပါဖလား (European Super Cup) ဘောလုံးပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်နှင့် ချယ်လ်ဆီးတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဘိုင်ယန်မြူးနစ်က ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီး ဥရာပစူပါဖလားကို ဆွတ်ခူးရရှိ 

ဥရောပစူပါဖလား (European Super Cup) ဘောလုံးပွဲစဉ်အဖြစ် ဘိုင် ယန်မြူးနစ်နှင့် ချယ်လ်ဆီးတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဘိုင်ယန်မြူးနစ်က ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီး ဥရာပစူပါဖလားကို ဆွတ်ခူး ရရှိသွားသည်။ ချက်ရီပတ်ဘလစ်နိုင်ငံ ပရာဂူးမြို့ရှိ အီဒင် အားကစားကွင်း တွင် ယှဉ်ပြိုင်ကစားခဲ့သော ယနေ့ပွဲစဉ်တွင် ပွဲကစားချိန် မိနစ် ၉၀ ပြီးဆုံးချိန် အထိ တစ်ဂိုးစီ သရေရလဒ်ဖြစ်ခဲ့သည်။ ချယ်လ်ဆီးအတွက် အဖွင့်ဦးဆောင် ဂိုးကို ပွဲအစ ၈ မိနစ်တွင် ဖာနန်ဒို တောရက်စ်က သွင်းယူခဲ့သည်။ ထို့နောက် ပထမပိုင်းအပြီးတွင် ချယ်လ်ဆီးက ၁-၀ ဂိုးဖြင့် ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်း ဆက်လက် ယှဉ်ပြိုင်ကစားရာ ပွဲပြန်လည် စတင်ပြီး မကြာမီ ၄၇ မိနစ်တွင် ရစ်ဘာရီက ဘိုင်ယန်အတွက် ချေပဂိုးသွင်းယူခဲ့သည်။ ထို့နောက် တစ်ဖက်နှင့်တစ်ဖက် ဂိုးရရှိရေး ကြိုးပမ်းခဲ့သော်လည်း သာမန်ပွဲကစားချိန် မိနစ် ၉၀ ပြီးဆုံးအချိန်အထိ ဂိုးသွင်းယူနိုင်ခြင်း မရှိဘဲ တစ်ဂိုးစီ သရေရလဒ် သာ ဖြစ်ခဲ့သည်။ ဒုတိယပိုင်း ပွဲကစားချိန် ၈၄ မိနစ်တွင် ချယ်လ်ဆီးကွင်း လယ် လူ ရာမီးရက်စ် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသည်။

ထို့နောက် အချိန်ပို မိနစ် ၃၀ ဆက်လက် ယှဉ်ပြိုင်ကစားရာ ပွဲကစားချိန် ၉၃ မိနစ်တွင် ချယ်လ်ဆီးအတွက် ဒုတိယအကြိမ် ဦဆောင်ဂိုးကို ဟာဇက်က သွင်းယူခဲ့သည်။ အချိန်ပို ပထမပိုင်းပြီးချိန်တွင် ချယ်လ်ဆီးက ၂-၁ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ဆက်လက်၍ အချိန်ပို ဒုတိယပိုင်းကို ယှဉ်ပြိုင်ကစားရာ ပွဲကစားချိန် မိနစ် ၁၂၀ နီးပါးအထိ ချယ်လ်ဆီးက ၂-၁ ဂိုးဖြင့် ဆက်လက် ဦးဆောင်နေခဲ့သည်။ သို့သော် အချိန်ပို ဒုတိယပိုင်း ပြီးဆုံးခါနီး နောက်ဆုံး မိနစ်တွင် ဘိုင်ယန်အတွက် အရေးပါသည့် ချေပဂိုးကို မာတီနက်ဇ်က သွင်းယူခဲ့ပြီး ၂ ဂိုးစီ သရေရလဒ်ဖြင့် ပွဲကစားချိန် ပြီးဆုံးခဲ့သည်။

ထို့နောက် ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းရာတွင် ဘိုင်ယန်မြူးနစ်က ၅-၄ ဂိုးဖြင့် အနိုင်ရကာ ဥရောပစူပါဖလားကို ဆွတ်ခူးသွားခဲ့သည်။ ဘိုင်ယန်မှ အလာဘာ၊ ကရော့စ်၊ လမ်း၊ ရစ်ဘာရီ၊ ရှကီရီတို့ ပင်နယ်တီကန်သွင်းခဲ့ပြီး ဂိုးဝင်ခဲ့သည်။ ချယ်လ်ဆီးမှ လုဇ်၊ အော်စကာ၊ လမ်းပတ်၊ ကိုးလ်၊ လူကာကူတို့ ပင်နယ်တီ ကန်သွင်းခဲ့ရာ လူကာကူ၏ ပင်နယ်တီကို ဘိုင်ယန်ဂိုးသမား နူအာက ကာကွယ်သွားနိုင်ခဲ့သည်။ ယခုပွဲစဉ်အတွက် အကောင်းဆုံးကစားသမားဆုကို ဘိုင်ယန်မြူးနစ် ကစားသမား ရစ်ဘာရီက ရရှိခဲ့သည်။

Planet Myanmar Netwotk

No comments:

Post a Comment