ထူးကုမ္ပဏီအုပ်စုက တည်ထောင်ထားသော ပုဂ္ဂလိက အာမခံကုမ္ပဏီ First National Insurance ကို သြဂုတ်လ ၁၂ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း ယင်းကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာက ပြောကြားသည်။
First National Insurance ကုမ္ပဏီသည် အသက်အာမခံ၊ အထွေထွေအာမခံ (မီး၊ အလုံးစုံ မော်တော်ယာဉ်၊ ငွေပို့ငွေသယ်၊ ငွေသားလုံခြုံမှု၊ သမာဓိ) တို့ကို လုပ်ကိုင်ခွင့် ရရှိထားသည်။
အဆိုပါကုမ္ပဏီသည် ဇွန်လ ၁၄ ရက်နေ့တွင် လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရရှိခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့က အာမခံကိုယ်စားလှယ်များနှင့် မိတ်ဆက်ပွဲ ပြုလုပ်ခဲ့သည်။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် လုပ်ကိုင်ခွင့်ရထားသည့် ပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၂ ခုအနက် အောင်မြင့်မိုရ်၊ နိုင်ငံသား စီးပွားရေးအာမခံနှင့် Capital Life Insurance ကုမ္ပဏီတို့သည် အသက် အာမခံလုပ်ငန်းကို လုပ်ကိုင်မည်ဖြစ်ပြီး First National Insurance Public Co.,Ltd.၊ IKBZ Young Insurance Public Co.,Ltd.၊ Grand Guardian Insurance Public Co.,Ltd.၊ Global World Insurance Public Co.,Ltd.၊ Excellent Fortune Insurance Public Co.,Ltd.၊ ဧရာမြန်မာအာမခံ၊ အောင်သစ္စာဦး ကုမ္ပဏီတို့သည် အသက်အာမခံနှင့် အထွေထွေအာမခံ နှစ်မျိုးလုံးကို လုပ်ကိုင်ခွင့်ရထားသည်။
The Voice Weekly

No comments:
Post a Comment