Thursday, August 22, 2013

ဝီလျံအတွက် ချယ်လ်ဆီးကြားဝင်လာ ~ ဘေးလ်အပြောင်းအရွှေ့ကို စပါးဆိုင်းငံ့ထား

Photo: ဝီလျံအတွက် ချယ်လ်ဆီးကြားဝင်လာ ~ ဘေးလ်အပြောင်းအရွှေ့ကို စပါးဆိုင်းငံ့ထား
Friday, August 23, 2013

ချယ်လ်ဆီး အသင်းက တော့တင်ဟမ် ဟော့စပါး၏ ပစ်မှတ်ကစားသမား ဝီလျံကို ကြားဝင် ကမ်းလှမ်းလာသည့်နောက် စပါးတောင်ပံလူ ဂါရတ်သ်ဘေးလ်၏ ရီးယဲလ်မက်ဒရစ် ပြောင်းရွှေ့ရေး ကိစ္စမှာ မရေမရာ ဖြစ်လာကြောင်း သိရသည်။

စပါးသည် အန်းဇီးအသင်း၏ ဘရာဇီးလ် လက်ရွေးစင် ကစားသမား ဝီလျံကို ပေါင်စတာလင် သန်း(၃၀)ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိထားပြီး ဖြစ်သလို ကစားသမားသည် အသင်းနှင့် ဆေးစစ်မှု ခံယူပြီး ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ သို့သော်လည်း ယခုအခါ ချယ်လ်ဆီး မန်နေဂျာ ဟိုဆေး မော်ရင်ဟိုကပါ ကစားသမားကို ရုရှားကလပ် ခေါ်ထားသည့် ဈေးနှုန်းထက် မြှင့်တင်ပေးချေ ချဉ်းကပ်လာခြင်း ဖြစ်သည်။ အဆိုပါ အနေအထားကြောင့် စပါးသည် ဝေလလက်ရွေးစင် ဘေးလ်ကို အသင်းမှ ထွက်ခွာခွင့်အပေါ် ဆိုင်းငံ့ထားလိုက်ကြောင်း သတင်းများက ဆိုသည်။

စပါးအနေဖြင့် ဝီလျံကို အပြီးသတ် စာချုပ်မှု မပြီးစီးမချင်း ဘေးလ်ကို လက်လွှတ်ဖွယ် မရှိဟုလည်း သိရသည်။ စပါးသည် ယူရိုပါလိဂ် ခြေစစ်ပွဲ အဆင့်တွင် ဒိုငနမို တီဘလီဆီကို (၅-၀)ဖြင့် အနိုင်ရခဲ့ပြီး ဘေးလ်ကို အသုံးပြုခဲ့ခြင်း မရှိချေ။ Daily Mailက ချယ်လ်ဆီးသည် ဝီလျံအတွက် စတာလင်ပေါင် (၃၂)သန်းတန် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။ ဝီလျံသည် ယခုသီတင်းပတ် အစောပိုင်းက လန်ဒန်သို့ ရောက်ရှိလာကာ စပါးနှင့် ဆေးစစ်မှုပါ ခံယူပြီး ဖြစ်သော်လည်း လက်ရှိ အနေအထားတွင် အနာဂတ် မရေမရာ ဖြစ်နေကြောင်း သိရှိရသည်။

soccermyanmar

No comments:

Post a Comment