Monday, August 19, 2013

ကစားသမား ဝယ်ယူရန် ဖိအားပေးမှုအပေါ် နေ့စဉ်နှင့်အမျှ ခေါ်ယူနိုင်ရန် ကြိုးစားနေဟု ဝင်းဂါး တုံ့ပြန်

Photo: ကစားသမား ဝယ်ယူရန် ဖိအားပေးမှုအပေါ် နေ့စဉ်နှင့်အမျှ ခေါ်ယူနိုင်ရန် ကြိုးစားနေဟု ဝင်းဂါး တုံ့ပြန်
Monday, August 19, 2013

အာဆင်နယ်အသင်း မန်နေဂျာ အာဆင်ဝင်းဂါးသည် အသင်း ပရိသတ်များ၏ ကစားသမားအသစ် ခေါ်ယူရန် ဖိအားပေး တောင်းဆိုနေမှုအပေါ် မိမိသည် ကစားသမား ခေါ်ယူရန် နေ့စဉ်နှင့်အမျှ လုပ်ဆောင်နေကြောင်း ပွဲဦးထွက် အီးမရိတ် ကွင်းတွင် ဗီလာ အသင်းအား ဂိုးပြတ် ရှုံးနိမ့်ခဲ့အပြီး သတင်းစာ ရှင်းလင်းပွဲ၌ ဖြေကြားသွားသည်။

ပြင်သစ် နည်းပြက “ကျွန်တော်တို့ ငွေသုံးမှာပါ။ ပရိသတ်တွေက ကစားသမား ဝယ်ပါ။ ကစားသမား ဝယ်ပါလို့ တစာစာ တောင်းဆိုနေ ပါတယ်။ ကျွန်တော်ဟာ ဘယ်သူ့ကို ဝယ်ရမှာလဲ။ ကမ္ဘာပေါ်မှာရှိတဲ့ သင့်တော်တဲ့ ကစားသမားတွေကို နေ့စဉ်နဲ့ အမျှ စိစစ်နေပါ တယ်။ ခေါ်တိုင်း နိုင်ပွဲရမယ်လို့ကော ထင်ကြလား။ သင့်တော်တဲ့သူကို စိစစ်နေလို့ပါ” ဟု တုံ့ပြန်ခဲ့သည်။

ဆက်လက်၍ “ဒီနေရာမှာ ဘယ်သူ မှားတယ်၊ မှန်တယ် ဆိုတာ မပြောလို ပါဘူး။ ကျွန်တော်တို့ ကလပ်ကို ချစ်တဲ့ ပရိသတ်တွေကို ပျော်စေချင်ပါ တယ်။ လောလောဆယ် အသင်းက ထွက်ခွာမယ့် ကစားသမား သုံးဦးလောက်ကို ဆက်ထိန်းထားနိုင်ပါတယ်။ လိုအပ်နေတဲ့ နေရာဖြည့်ဖို့ ကစားသမား ခြောက်ဦးလောက်ကို ကြည့်ထားပါတယ်လို့” ထပ်မံ ပြောကြား ခဲ့သည်။

လက်ရှိ အာဆင်နယ်အသင်းတွင် အဓိက ကစားသမားများဖြစ်သည့် အာတီတာ၊ ရိုဆစ်စကီး၊ ရမ်ဆေး၊ ချိန်ဘာလိန်၊ ကီယန်ဂစ်ဘ်စ်၊ ဆက်ဂနာ တို့ ပြဿနာများ ရှိနေသဖြင့် ဗီလာနှင့်ပွဲကို လွဲချော်ခဲ့ရသည်။ ၎င်းတို့ထဲက ကစားသမား အများစုသည် ချန်ပီယံလိဂ်ခြေစစ်ပွဲ ဖီနာဘာချီနှင့် ပွဲ၌ ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်သည်။

ဝင်းဂါး အနေနှင့် ယခုရာသီသစ်အတွက် ပြင်သစ်ကလပ် သြဇေး အသင်း က ပြင်သစ်လူငယ် ကစားသမား ဆာနိုရိ တစ်ဦးကိုသာ ခေါ်ယူနိုင် ခဲ့ပြီး ခေါ်ယူရန် ကြိုးပမ်းခဲ့သည့် ကစားသမားများကိုလည်း အသင်းသို့ ရောက်ရှိလာအောင် စွမ်းဆောင်နိုင်ခြင်း မရှိသဖြင့် ယခုကဲ့သို့ ပရိသတ်များ၏ ဝေဖန်မှုနှင့် ကြုံတွေ့နေခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment