မြတ်စွာဘုရား နုစဉ် ဘ၀ပေါင်း (၅၀၀) ရုပ်ပုံများ ပါရှိသည့် ခြေတော်ရာ ကျောက်ပြား ခိုးယူခံရ
ချောက်မြို့နယ် ၊ လေးပင်ကုန်း ကျေးရွာ၏ အနောက် တောင်ဘက် နှစ်ဖာလုံခန့်
အကွာတွင် ရှိသော မဟာရှည် မဉ္ဇူစေတီ၌ နှစ်ပေါင်း (၉၀)ခန့် သက်တမ်းရှိသည်
ဟုယူဆရသော မြတ်စွာဘုရား နုစဉ် ဘ၀ပေါင်း (၅၀၀) ရုပ်ပုံများ ပါရှိသည့်
ခြေတော်ရာ ကျောက်ပြား ယမန်နေ့က ခိုးယူခံရ သဖြင့် ချောက်မြို့နယ် စလေ နယ်မြေ
ရဲစခန်းမှ တရားခံ အမြန်ဆုံး ဖမ်းဆီးရမိရန် အပူတပြင်း စုံစမ်း
ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။
သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန် ခန့်က မဟာရှည် မဉ္ဇူစေတီသို့
ဥပုသ်စောင့်ရန် ရောက်လာ ကြသည့် လေးပင်ကုန်း ကျေးရွာမှ ဘုရားဂေါပက အဖွဲ့ဝင်
ဦးကြည်မောင် ၊ ဦးသန်းစိုး ၊ ဦးဝင်းတင် တို့သည် မဟာရှည် မဉ္ဇူစေတီ
အရှေ့တောင်ဘက် မှ ဘုရားဆောင် အတွင်းရှိ ရပ်တော်မူ ဘုရား ရုပ်ပွားတော်
ရှေ့၌ထားရှိသော အလျား ၅ ပေ ၆ လက်မ ၊ အနံ ၃ ပေ ၂ လက်မ ၊ ထု ၆လက်မ ခန့်ရှိ
မြတ်စွာဘုရား နုစဉ် ဘ၀ပေါင်း (၅၀၀) ရုပ်ပုံများပါ ဘုရား ခြေတော်ရာ
ကျောက်ပြား ပျောက်ဆုံး နေသည်ကို တွေ့ရှိကြရ သဖြင့် ဘုရားဂေါပက ဥက္ကဌ
ဦးဝင်းမောင် ထံ သွားရောက် အကြောင်းကြား ခဲ့ကြ၍ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ ၊
ဂေါပကအဖွဲ့များ ၊ ရပ်မိရပ်ဖ များမှ နီးစပ်ရာ နယ်မြေများသို့ လိုက်လံ
စုံစမ်း ရှာဖွေ ကြသော်လည်း မတွေ့သဖြင့် ဘုရားဂေါပက အတွင်းရေးမှူး
ဦးဇော်ဝင်းက တရားလို ပြုလုပ်၍ စုံစမ်းဖော်ထုတ် အရေးယူပေး ပါရန်
ချောက်မြို့နယ် ၊ စလေနယ်မြေ ရဲစခန်းသို့ တိုင်တန်းခဲ့သည်။
ယင်းအတွက် ချောက်မြို့နယ် ၊ စလေနယ်မြေ ရဲစခန်းမှ (ပ) ၃၂/ ၂၀၁၃ ၊ ပြစ်မှ
ုဥပဒေ ပုဒ်မ ၃၈၀/၂၉၅ ဖြင့်အမှုဖွင့် ၍ တရားခံ အမြန်ဆုံး ဖမ်းဆီးရမိရန်
အပူတပြင်း စုံစမ်း ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရသည်။
The Myawady Daily
No comments:
Post a Comment