Friday, August 16, 2013

ဆမ်ဆောင်း ကုမ္ပဏီထုတ် နှစ်မျိုးကြည့် OLED တီဗီထွက်

Photo: ဆမ်ဆောင်း ကုမ္ပဏီထုတ် နှစ်မျိုးကြည့် OLED တီဗီထွက်
Friday, August 16, 2013

လျှပ်စစ် ပစ္စည်းများနှင့် စမတ်ဖုန်းများ ထုတ်လုပ်ရာတွင် ကမ္ဘာ့ထိပ်တန်း အဆင့် နေရာ ရရှိထားသည့် တောင်ကိုရီးယားနိုင်ငံမှ ဆမ်ဆောင်း ကုမ္ပဏီကြီးသည် လူနှစ်ဦး အစီအစဉ် နှစ်မျိုးကို တစ်ပြိုင်တည်း ထိုင်ကြည့် ခံစားနိုင်မည့် OLED တီဗီအသစ်ကို ထုတ်လိုက်ကြောင်း USA Today သတင်းတွင် ဖော်ပြထားသည်။

ဆမ်ဆောင်း ကုမ္ပဏီသည် LG အီလက်ထရွန်နစ်နှင့် အပြိုင် အော်ဂဲနစ် OLED TV များကို ထုတ်လုပ်ရန် အချိန်ကို စောင့်စားနေခဲ့ကြောင်း၊ ယခု ဆမ်ဆောင်းက အခုံးတီဗီကို ဒေါ်လာ ၉၀၀၀ ဖြင့် ထုတ်လုပ် ရောင်းချ ရန် ပြင်ဆင်နေကြောင်း မှာယူလိုသူများသည် Samsung.com တွင် ကြိုတင် မှာယူနိုင်ကြောင်း ဆမ်ဆောင်းက ကြေညာထားသည်။

တောင်ကိုရီယားနိုင်ငံထုတ် တီဗီအခုံးများကို အမေရိကန်နိုင်ငံတွင် ဒေါ်လာ ၁၅၀၀၀ ဖြင့် ရောင်းချရန် LG ကုမ္ပဏီက ပြင်ဆင်ထားခဲ့သည်။ ထိုအချိန်တွင် ဆမ်ဆောင်းက ဈေးလျှော့ချပြီး ကြိုတင် ပွဲထုတ် လိုက်ခြင်း ဖြစ်သည်။ မိမိတို့ ယခု ထုတ်လိုက်သည့် တီဗီသည် ဈေးနှုန်း သက်သာရုံမက ပိုပြီး စွမ်းဆောင်နိုင်ရည်လည်း သာကြောင်း ဆမ်ဆောင်းက ကြေညာထားသည်။

ဈေးနှုန်းအရ ဆမ်ဆောင်းနှင့် LG သည် ကွာခြားမှု ရှိနေသောကြောင့် ဆမ်ဆောင်း တီဗီများသာ ဈေးကွက် ဝေစု အများစုကို ရရှိသွားနိုင်မည်ဟု ထင်ကြောင်း The Envisioneering Group က ရစ်ချတ် ဒိုဟာသီက ထောက်ပြထားသည်။ “ဈေးကတော့ ကွာတယ်။ ဒါပေမဲ့ ဘယ်လိုရောင်းမှာလဲ ဆိုတဲ့အပေါ် မူတည်သေးတယ်။ LG က အကြွေးကတ် နဲ့ ရောင်းမှာဆိုရင် လူ စိတ်ဝင်စားနိုင်တယ်” ဟုလည်း ဒိုဟာသီက ဆိုထားသည်။

ယခုတီဗီတွင် ကြည့်သူ နှစ်ဦးသည် တစ်ပြိုင်တည်း 3D မျက်မှန် ကိုယ်စီ တပ်ဆင်ပြီး နှစ်ပိုင်းခွဲကာ မိမိကြိုက်ရာ ကြည့်နိုင်ကြောင်း၊ တီဗီ အခုံးသည် အထူ လက်မဝက်ခန့်သာ ရှိပြီး လက်ရှိ HD တီဗီများထက် Resolution လေးဆခန့် သာကြောင်း ဆမ်ဆောင်းက ထုတ်ပြန် ကြေညာ ထားသည်။

The Voice Weekly

No comments:

Post a Comment