Sunday, August 18, 2013

သယံဇာတ အကျိုးခံစားခွင့် ခွဲဝေပေးရေး ဥပဒေကြမ်း လွှတ်တော်တင်မည်

Photo: ပြင်ဦးလွင်မှ မန္တလေးသို့ ရာသီမရွေးသွားလာနိုင်မည့် ကျေးလက်လမ်း
Monday, August 19, 2013

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး (၁၄) ညောင်နီအုပ်စု ရွှေမြင့်သာကျေးရွာ ရွာအ၀င် လမ်းမကြီးအား မြေသားလမ်းအဆင့်မှ ကျောက်ချောလမ်းအဆင့်သို့ ဇူလိုင် ၂၇ ရက်မှ စတင်၍ ကျေးရွာသူ ကျေးရွာသား များ၏ ငွေအား၊လူအားဖြင့် ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်နေကြောင်း သိရသည်။

လမ်းခင်းဆောင်ရွက်ရာတွင် ရွှေမြင့်သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်စိုးဦးဆောင်ပြီး လမ်းဖြစ်မြောက်ရေး အဖွဲ့ဝင် များနှင့် ကျေးရွာသူ ကျေးရွာသားများသည် ပြင်ဦးလွင်မြို့ မြို့ရှောင်လမ်း (အောင်ချမ်းမုန့်ဆိုင်) ထောင့်မှ ရွှေမြင့်သာ ကျေးရွာသို့ ဆက်သွယ်ထားသည့် လမ်းအရှည် ပေ ၁၀၀၀၀ ကျော်၊ လမ်းအကျယ် ပေ ၃၀ ကျော်အား မြေညှိစက်ဖြင့် မြေညှိခြင်း၊ ကျောက်ချောခင်းခြင်း၊ လမ်းဘေး ၀ဲ၊ ယာ နှစ်ဖက် ရေနုတ်မြောင်းတူးဖော်ခြင်းများ ဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်ခဲ့ရသည်။

အဆိုပါ ကျောက်ချောလမ်းပြီးစီးသွားပါက ရွှေမြင့်သာကျေးရွာ ထွက်ကုန်များဖြစ်သော ပန်းမျိုးစုံ၊ စတော်ဘယ်ရီ သီးနှင့် ရာသီပေါ်သီးနှံများကို ရာသီမရွေး ပြင်ဦးလွင်မြို့နှင့် မန္တလေးမြို့ဈေးကွက်များသို့ အချိန်မီအရောက်ပို့ဆောင်နိုင် မည့် အကျိုးကျေးဇူးများရရှိကြတော့မည်ဖြစ်ကြောင်း ရွှေမြင့်သာကျေးရွာသားတစ်ဦးက ၀မ်းသာအားရ ပြောပြသည်။

(ခင်ခင်ကြီး-ပြင်ဦးလွင်)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment