Monday, August 19, 2013

အာဆီယံ အသက် ၁၆ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ မြန်မာ့ လက်ရွေးစင် အသင်း ကစားမည့် ပွဲစဉ်များနှင့် အကြိုဗိုလ်လုပွဲ ၊ ဗိုလ်လုပွဲ ပွဲစဉ်များကို မြ၀တီ ရုပ်သံမှ တိုက်ရိုက် ပြသမည်

နေပြည်တော်-သြဂုတ်၁၉
နေပြည်တော် ၀ဏ္ဏသိဒ္ဓိ ကွင်းတွင် သြဂုတ်လ ၂၀ ရက်နေ့မှ စက်တင်ဘာလ ၂ ရက်နေ့အထိ ကျင်းပမည့်
အာဆီယံ အသက် ၁၆ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ (AFF U-16 AYA BANK Championship 2013) ပွဲစဉ်များမှ
မြန်မာ့ လက်ရွေးစင် ယူ-၁၆ အသင်း ကစားမည့် ပွဲစဉ်များနှင့် အကြိုဗိုလ်လုပွဲ ၊ ဗိုလ်လုပွဲ ပွဲစဉ်များကို မြ၀တီ ရုပ်သံမှ တိုက်ရိုက် ထုတ်လွှင့် ပြသသွားမည် ဖြစ်သည်။
မြန်မာ ယူ-၁၆ အသင်း အနေဖြင့် အုပ်စု(က)တွင် ဗီယက်နမ်၊ သြစတြေးလျ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား အသင်းများနှင့် အတူ
ကျရောက်နေပြီး ဆီမီးဖိုင်နယ် တက်ရောက်ခွင့် အတွက် သြစတြေးလျနှင့် ဒေသတွင်း ပြိုင်ဘက် ဗီယက်နမ်ကို အဓိက ယှဉ်ပြိုင်
် ကစားရမည် ဖြစ်သည်။ အခြား အုပ်စုတွင် အင်ဒိုနီးရှား၊ မလေးရှား၊လာအို၊ စင်ကာပူနှင့် ဖိလစ်ပိုင် အသင်းတို့ ပါဝင်နေပြီး
အုပ်စု(ပ)(ဒု)နှစ်သင်းစီ ဆီမီးဖိုင်နယ် ပွဲစဉ်များ ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ ပြိုင်ပွဲအား ဧရာဝတီ ဘဏ်မှ Title Sponsor အဖြစ်
ပံ့ပိုး ကူညီထားခြင်း ဖြစ်ပြီး အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ပြိုင်ပွဲတစ်လျှောက် ပထမဆုံး အကြိမ်အဖြစ် Title Sponsor ရရှိခြင်း ဖြစ်သည်။
ပွဲစဉ်များ အားလုံး ၀ဏ္ဏသိဒ္ဓိ ကွင်းတွင် ယှဉ်ပြိုင် ကစားမည် ဖြစ်သည်/

မြန်မာ ယူ-၁၆ အသင်း ပွဲစဉ်များ

၂၀-၈-၂၀၁၃ (၆း၄၅) မြန်မာ - ဗီယက်နမ်
၂၂-၈-၂၀၁၃ (၆း၄၅) မြန်မာ - သြစတြေးလျ
၂၆-၈-၂၀၁၃ (၆း၄၅) မြန်မာ - ဘရူနိုင်း
၂၈-၈-၂၀၁၃ (၆း၄၅) မြန်မာ - ကမ္ဘောဒီးယား

၃၁-၈-၂၀၁၃ (၄း၀၀) အကြို ဗိုလ်လုပွဲစဉ် (၁)
၃၁-၈-၂၀၁၃ (၆း၄၅) အကြို ဗိုလ်လုပွဲစဉ် (၂)

၂-၉-၂၀၁၃ (၄း၀၀) တတိယ နေရာလုပွဲ
၂-၉-၂၀၁၃ (၆း၄၅) ဗိုလ်လုပွဲ

No comments:

Post a Comment