Friday, August 16, 2013

ကျေးလက်နဲ့ မြို့ပြအားလုံးမှာ သရီးဂျီမိုဘိုင်းဆင်းကတ်ကို ရောင်းချပေးမယ်လို့ပြော



အော်ရီဒိုးမြန်မာက ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်ရပြီး ခြောက်လအကြာ မှာ မြန်မာတစ်နိုင်ငံလုံးမိုဘိုင်းကွန်ယက်လွမ်းခြုံအောင် ဆောင်၇ွက်သွားမယ့်အပြင် သရီးဂျီမိုဘိုင်း ၀န်ဆောင်မှုကို အားလုံးအသုံးပြုနိုင်အောင် စတင်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။



အော်ရီဒိုးမြန်မာရဲ့ အကြီးတန်းကိုယ်စားလှယ်အရာရှိ Ross Cormack က နိုင်ငံတော်အစိုးရရဲ့ အချိန်ကန့်သတ်ချက်အရ ဒီနှစ်မကုန်ခင် လိုင်စင်ရမယ်လို့ မျှော်လင့်ပါတယ်။

လိုင်စင်ရရင်လုပ်ငန်းလုပ်ကိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ အာမခံထားရမှာဖြစ်ပြီး ထားပြီးတာနဲ့ ခြောက်လအတွင်း သရီးဂျီမိုဘိုင်း နက်ဝေါ့ခ်တွေကိုပဲတပ်ဆင်သွားမှာဖစ်ပါတယ်။ ကျေးလက်နဲ့ မြို့ပြအားလုံးမှာ သရီးဂျီမိုဘိုင်းဆင်းကတ်ကို ရောင်းချပေးမယ်လို့ပြောပါတယ်။

The Modern

No comments:

Post a Comment