Sunday, August 18, 2013

အိန်္ဒိယနိုင်ငံ ဗုဒ္ဓဂယာဗုံးပေါက်ကွဲမှု သံသယရှိသူနှစ်ဦးကို ထပ်မံဖမ်းဆီး


အိန်္ဒိယနိုင်ငံ ဗုဒ္ဓဂယာဝင်းအတွင်း ဇူလိုင်လ ၇ ရက်က ဗုံးကိုးလုံးပေါက်ကွဲခဲ့မှုအတွက် သံသယရှိသူနှစ်ဦးကို အိန်္ဒိယအမျိုးသားစစ်ဆေးရေးအေဂျင်စီNIAက သြဂုတ်လ ၁၇ရက်တွင် ဖမ်းဆီးလိုက်သည်ဟုအိန်္ဒိယ နိုင်ငံအခြေစိုက် Zeenews သတင်းဌာန၏ အင်တာနက်စာမျက်နှာတွင် ဖေါ်ပြသည်။


ဖမ်းဆီးခြင်းခံရသူနှစ်ဦးမှာအိန်္ဒိယနိုင်ငံဘီဟာရှိ Darbhanga ဒေသမှ ဖြစ်ပြီးအစောပိုင်းကလည်းဟိန္ဒူ ဘုန်းတော်ကြီးတစ်ပါးဖြစ်သည့် Arup Brahmachari အား NIA မှ ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခဲ့သေးသည်။ သူသည် ဗုဒ္ဓဂယာတွင် လာရောက်နေထိုင်နေသည့် အနောက် ဘင်္ဂလားပြည် နယ်သားတစ်ဦးဖြစ်သည်။

ဗုဒ္ဓဂယာရှိ မဟာဗုဒ္ဓ၀ီ ဘုရားကျောင်းတွင် ဗုံးများရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲခဲ့ပြီး ဘုန်းတော်ကြီးနှစ်ပါး ဒဏ်ရာရခဲ့သည်။ ဘုရားကျောင်း ပရ၀ုဏ်အတွင်းတွင် ဗုံးဆယ်လုံးခန့် တစ်ဆက်တည်းပေါက်ကွဲခဲ့ပြီး မပေါက်ကွဲဘဲကျန်ရှိခဲ့သည့် သုံးလုံးအား ကျောင်းဝင်းအတွင်းမှ တွေ့ရှိခဲ့သည်။

ဗုံးဖောက်ခွဲရာတွင် အသုံးပြုသည့် နာရီများကို Guwahati ရှိ ဆိုင်တစ်ဆိုင်မှ ၀ယ်ယူခဲ့ခြင်းဖြစ်ပြီးယင်းတို့အား Gujarat ရှိ Rajkot တွင် ထုတ်လုပ်သည်ဟုရဲများမှ ထုတ်ဖော်ပြောကြားထားသည်။ အဆိုပါဗုံးပေါက် မှုအတွက် အိန်္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံတို့ရှိ ဗုဒ္ဓဘာသာဝင်တို့က ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

Mizzima - News in Burmese

No comments:

Post a Comment