Sunday, August 18, 2013

တေးရေး၊ တေးဆို မျိုးမြင့်လေး အသည်းကင်ဆာဖြင့် နေအိမ်၌ ကွယ်လွန်

အဆိုတော်နယ်ပယ်မှာ သန်းဖေလေး ၊ သန်းထွန်းလေး၊ မျိုးမြင့်လေး အစရှိသဖြင့် လေး တစ်ခေတ်တွင် တေးရေး၊ တေးဆို အဖြစ် သာမက ခေတ်နှင့်အညီထင်ရှားသည့် စကားလုံးများကို သုံးစွဲကာ ရေးသားတတ်သူ တေးရေး၊ တေးဆို မျိုးမြင့်လေး သည် သြဂုတ်လ ၁၈ ရက်နံနက် ၉နာရီ ၂၆ မိနစ် က အသည်းကင်ဆာရောဂါ ဖြင့် သူ၏ နေအိမ်၌
ကွယ်လွန်သွားခဲ့ပြီးဖြစ်သည်။

ကွယ်လွန်ချိန်တွင် အသက် ၇၃ နှစ်ရှိပြီဖြစ်သည် အဆိုတော်မျိုးမြင့်လေးသည် နေကာမျက်မှန်၊ နှင်းမှုန်မြို့တော် စသော တေးသီချင်းများအပါအ၀င် စတီရီယို တေးသီချင်းများစွာကို ကိုယ်တိုင်သီဆိုရန်အတွက် ရေးစပ်ခဲ့သလို မြန်မာပြည်သိန်းတန် အစရှိသည့် စတီရီယိုခေတ်ကိုတစ်ခေတ်ဆန်းစေသည့် အဆိုတော်များအတွက်လည်း တေးသီချင်းများကို ရေးသားခဲ့သူလည်း
ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment