ရန်ကုန်တိုင်းဒေသကြီးအတွင်း မြန်မာ့သစ်လုပ်ငန်း လက်အောက်ရှိ သစ်စက်အချို့မှ ကျွန်းသစ်တန် ၁၅၀၀ နီးပါးကို
ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ အိတ်ဖွင့်လေလံစနစ်ဖြင့်
ရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်းမှ ထုတ်ပြန်ချက်များအရ
သိရသည်။
မြန်မာ့သစ်လုပ်ငန်း လက်အောက်ရှိ အမှတ် (၃) သစ်စက် (၀ါးတရာ)မှ ၄၅ တန်၊ အမှတ် (၄) စက်ရုံမှ တန် ၁၀၀ နှင့်အမှတ် (၆) စက်ရုံမှ တန် ၄၈၀၊ သန်လျင်ရှိ အမှတ် (၁၀) သစ်စက်မှ ၇၂၉ တန်ကို ရောင်းချပေးမည် ဖြစ်ကြောင်းနှင့် လေလံတင် ရောင်းချမှုများကို ကြည့်မြင်တိုင်မြို့နယ်ရှိ အမှတ် (၁)သစ်စက်နေရာတွင် သြဂုတ် ၂၉ ရက်တွင် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှ စတင်ကာ တစ်နှစ်အတွက် ပြည်တွင်းသုံးရန် သစ်မာသစ်လုံးတန် ၆၀၀၀၀၀ ကို ပုဂ္ဂလိက သစ်စက်ပိုင်ရှင်များထံ အိတ်ဖွင့်လေလံ စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက အမျိုးသားလွှတ်တော်တွင် ပြောကြားခဲ့သည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် သစ်မာ ၁၃၅၅၂၂၇ တန် ထုတ်လုပ်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၇၈၇၆၀၀ တန်သာ ထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုကို ရပ်ဆိုင်းပြီး တန်ဖိုးမြင့် သစ်အချောထည်များသာ တင်ပို့ရောင်းချခွင့် ပြုမည်ဖြစ်ကြောင်း . . . . .
ယင်းကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ပုဂ္ဂလိက သစ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး သစ်ခွဲစိတ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်းတို့အတွက် ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ကျွန်းသစ် ၁၈၆၆၅၀ တန် ထုတ်လုပ်ရန် လျာထားပြီး ယခင်နှစ်ထက် တန် ၈၀၀၀၀ လျှော့ချ ထုတ်လုပ်မည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောကြားခဲ့သည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် သစ်မာ ၁၃၅၅၂၂၇ တန် ထုတ်လုပ်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၇၈၇၆၀၀ တန်သာ ထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုကို ရပ်ဆိုင်းပြီး တန်ဖိုးမြင့် သစ်အချောထည်များသာ တင်ပို့ရောင်းချခွင့် ပြုမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
ယခုဘဏ္ဍာနှစ်အတွင်း ပြည်တွင်းလုပ်ငန်းရှင်များသို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ သစ်များရောင်းချပေးမည် ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ထားသည်။
Eleven Media Group

No comments:
Post a Comment