Blue
Mountain အချိုရည်သည် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲအတွက် အမေရိကန်
ဒေါ်လာသုံးသိန်းတန်ဖိုးရှိ ပလက်တီနမ် စပွန်ဆာပေးအပ်ခဲ့ပြီး
အဆိုပါသဘောတူစာချုပ်,ချုပ်ဆိုပွဲ
အခမ်းအနားကို သြဂုတ် ၁၈ ရက် မွန်းလွဲနှစ်နာရီက ရန်ကုန်မြို့၊ Park Royal
ဟိုတယ်တွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဒေါက် တာမောင်မောင်သိမ်း၊ လွယ်ဟိန်း ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ
ဒေါက်တာ စိုင်းဆမ်ထွန်း၊ Dentsu Sports Asia နှင့် JK Consultant
ကုမ္ပဏီတို့မှ တာဝန်ရှိ သူများ၊
လွယ်ဟိန်းကုမ်္ပဏီမှ ၀န်ထမ်းများ၊ BLUE
MOUNTAIN အချိုရည်Brand Ambassador နန်းခင်ဇေယျာ၊ ဖိတ်ကြားထားသည့်
ဧည့်သည်တော်များ၊ မီဒီယာများ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
လွယ်ဟိန်း ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက “၂၇ ကြိမ်မြောက်
ဆီးဂိမ်းမှာ ဘာကြောင့် စပွန်ဆာ တစ်ခုအနေနဲ့ ပါဝင်ပြီးပေးရ လဲဆိုတော့
ဆီးဂိမ်းပြိုင်ပွဲကျင်းပတဲ့အတွက်
နိုင်ငံတကာက ကျွန်တော်တို့နိုင် ငံကို ပိုသိရှိလာမယ်။ ပိုပြီး
ရင်းနှီးမြှုပ်နှံမှုတွေ ရလာမယ်။ နောက်ပြီး ဆီးဂိမ်း၊ အိုလံပစ်ဂိမ်း၊
နွေရာသီ အားကစားပြိုင်ပွဲ စတာတွေကိုကျင်းပတဲ့ နိုင်ငံတွေ က
နောက်ပိုင်းမှာစီးပွားရေးတစ်ဟုန်ထိုး
တိုးတက်လာတာကို တွေ့ရပါ တယ်။နောက်ပြီးကြုံတောင့်ကြုံခဲ
ဆီးဂိမ်းပြိုင်ပွဲမှာပြည်တွင်း ကုမ္ပဏီတွေကို ဦးစားပေး
ကြော်ငြာခွင့်ပေးခွင့်ပေးခဲ့တဲ့နိုင်ငံတော်ရော၊
ဝန်ကြီးဌာနပါအ များကြီး ကျေးဇူးတင် ပါတယ်။ ကုမ္ပဏီအနေနဲ့လည်း အခုလို
စပွန်ဆာ ပေး ခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်။ ကျန်တဲ့ ပြည် တွင်း ကုမ္ပဏီတွေလည်း
ပါဝင်လာမယ်လို့ ယုံကြည်ပါတယ်။ အားကစားကနေ စီးပွားရေး၊ စီးပွားရေးကနေ
အားကစား၊ အားကစားဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီးပွားရေးကလည်း အဓိကကျပါတယ်” ဟု ပြောကြားခဲ့သည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင် သိမ်းက Blue
Mountain အချိုရည် ဆီးဂိမ်း စပွန်ဆာပေးသည့် ကုမ္ပဏီများအနက် ၁၂ ခု မြောက်
စပွန်ဆာကုမ်္ပဏီတစ်ခု ဖြစ်ပါကြောင်းနှင့် ၀န်ကြီးဌာနအနေဖြင့်
ဆီးဂိမ်းစပွန်ဆာပေးခဲ့သည့် ကုမ္ပဏီများအား ဂုဏ်ပြုလွှာနှင့်အတူ ဂုဏ်ပြုပွဲ
အခမ်းအနား ပြုလုပ်ပေးမည်ဖြစ် ပါကြောင်း ပြောကြားခဲ့သည်။
သောကြာ
မဇ္ဈိမ
No comments:
Post a Comment