ပြည်တွင်းမှ ထွက်ရှိသော သဘာဝသယံဇာတများကို ပြည်တွင်း၊ ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်းထုတ်လုပ်ရာတွင် တိုင်းရင်းသားများအား ခွဲဝေပေးရေးအတွက် “မြန်မာနိုင်ငံ သယံဇာတ အကျိုးခံစားခွင့် ခွဲဝေပေးရေး ဥပဒေမူကြမ်းရေးဆွဲပြီး လွှတ်တော်သို့ တင်ပြသွားမည်ဟု ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဦးဇော်အေးမောင်က သြဂုတ် ၁၈ ရက်တွင် ပြောသည်။
၎င်းက သယံဇာတများ ခွဲဝေရေးအတွက် ဥပဒေကြမ်းကို လွှတ်တော်တင်ရန် ပြည်သူလူထု၏ သဘောထားလက်မှတ်တောင်းခံခြင်း ရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားခြင်းဖြစ်ပြီး
လက်မှတ်တောင်းခံခြင်းကို ရန်ကုန်မြို့၊ ရန်ကင်း ဘုန်းကြီးကျောင်းတိုက်တွင် ပြုလုပ်ခဲ့ကာ ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင်လည်း တောင်းခံခဲ့သည်ဟု ဦးဇော်အေးမောင် က ပြောသည်။
အဆိုပါဥပဒေကြမ်းကို ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီ
ယင်းသို့ ရေးဆွဲနေသည့် အချိန်အတွင်း ထောက်ခံလက်မှတ်များကိုလည်း ကောက်ခံလျက်ရှိပြီး လက်မှတ် သုံးသိန်းပြည့်ပါက ယင်းဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်များသို့ တင်ပြသွားမည်ဟု ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီ
၎င်းက “တိုင်းရင်းသားဒေသတွေ အများစုက သယံဇာတထွက်တယ်။ ဥပဒေက ဒီလိုရှိနေရင် အစိုးရကလည်း အကောင်အထည် ဖော်ပေးရင် တိုင်းရင်းသားတွေ အားလုံးလည်း ကျေနပ်မယ်။ ကချင်ပြည်က ထွက်တာရဲ့ ထိုက်သင့်တဲ့ဝေစုကို ကချင်ကရ။ ဒီလိုပဲ အခြားတိုင်းရင်းသားတွေလည်း ရမယ်ဆိုရင် ပြည်ထောင်စုအတွက် ပိုတည်တံ့မှာပါ။ ဒို့တာဝန် အရေးသုံးပါးကို ကျွန်တော်တို့ လုပ်တာပါ။ အစိုးရကို တိုက်ခိုက်တာ မဟုတ်ပါဘူး” ဟု မဇ္ဈိမကို ပြောသည်။
မြန်မာနိုင်ငံ သယံဇာတအကျိုးခံစားခွင့် ခွဲဝေပေးရေး ဥပဒေကြမ်းသည် ရခိုင်ပြည်နယ်သာမက တိုင်းရင်းသား အားလုံးနှင့် သက်ဆိုင်သော ဥပဒေတစ်ခုဖြစ်လာမည်ဟုလည်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီ
ယင်းဥပဒေနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မ
ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် ကျောက်ဖြူ-ကူမင်း ဓာတ်ငွေ့ပိုက်လိုင်းအတွက် မြန်မာနိုင်ငံက ခွဲတမ်းရရှိသည့် ဓာတ်ငွေ့ ကုဗပေသန်း ၁၀၀ အ နက် ငါးပုံတစ်ပုံပမာဏဖြစ်သော ကုဗပေ သန်း ၂၀ ကို ကျောက်ဖြူ မြို့နယ် အတွက် နေ့စဉ် ခွဲတမ်းပေးမည်ဖြစ်ကြောင်း ဇူလိုင် ၃၀ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။
ယင်းအပြင် ပြဿနာများ လက်ရှိဖြစ်ပွားနေဆဲဖြစ်သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက်လည်း ပြီးခဲ့သည့် ဇူလိုင်လအတွင်းက စာချုပ်ပြင်ဆင် ချုပ်ဆိုခဲ့သည်။
Mizzima News
No comments:
Post a Comment