မွေးမြူရေး ဆိုင်ရာ ရေဆင်း ဆေးတက္ကသိုလ် မှ တက္ကသိုလ် ၀င်ခွင့် အချို့ကို ပြင်ဆင် သတ်မှတ် ထားကြောင်း သိရသည်။
ပထမနှစ် ၀င်ခွင့် အရည်အချင်းစစ် ရေးဖြေ စာမေးပွဲများကို တက္ကသိုလ် ၀င်တန်း
သင်ရိုးညွှန်းတမ်း မှ ဇီဝဗေဒ ဘာသာရပ် နှင့် အင်္ဂလိပ် ဘာသာရပ် များကို ရေးဖြေ
ဖြေဆိုရမည့် အပြင် ဇီဝဗေဒ ဘာသာရပ် တွင်လည်း အမှတ်(၂၀) တန် မွေးမြူရေး
ဗဟုသုတ မေးခွန်းကို ထည့်သွင်း ဖြေဆို ရမည်ဟု ပြောင်းလဲ သတ်မှတ် ထားကြောင်း
သိရသည်။
မွေးမြူရေး ဗဟုသုတ မေးခွန်းများကို ဖြေဆိုနိုင်ရန်
သက်ဆိုင်ရာ ပြဌာန်း စာအုပ်များကို ပြည်နယ် နှင့် တိုင်းဒေသကြီး များရှိ
မွေးမြူရေး နှင့် ကုသရေး ဦးစီးဌာန များတွင် ရရှိနိုင်မည် ဖြစ်ကြောင်း
သိရသည်။ ရေဆင်း တက္ကသိုလ်သို့ တက်ရောက် လိုသူများသည် တက္ကသိုလ် ၀င်တန်း
စာမေးပွဲတွင် ဇီဝဗေဒ ဘာသာရပ် ကို ရမှတ်ပေါင်း ၃၅၀ နှင့် အထက် အောင်မြင်
ရမည်ဖြစ်ပြီး ကိုယ်လက် အင်္ဂါချို့တဲ့မှု မရှိသူ အမျိုးသား ၁၇၅ ဦးနှင့်
အမျိုးသမီး ၇၅ ဦးကိုသာ လက်ခံမည် ဖြစ်ကြောင်း သိရသည်။
မွေးမြူရေး
ဆိုင်ရာ ဆေးတက္ကသိုလ် တွင် လျှောက်လွှာ တင်ထားသူများ သည် ၀င်ခွင့် မရရှိပါက
တက္ကသိုလ် ဆက်လက် တက်နိုင်ခွင့် မဆုံးရှုံး စေရန် တက္ကသိုလ် ၀င်ခွင့် စိစစ်ရေး
အဖွဲ့မှ သတ်မှတ် ထားသော နည်းလမ်းများဖြင့် တက္ကသိုလ် ၀င်ခွင့်
လျှောက်လွှာကို မိမိ တက်ရောက် လိုသော တက္ကသိုလ် များသို့ ပေးပို့ လျှောက်ထား
ရမည် ဖြစ်ကြောင်း သိရှိရသည်။
The Myawady Daily
မွေးမြူရေး ဆိုင်ရာ ရေဆင်း ဆေးတက္ကသိုလ် မှ တက္ကသိုလ် ၀င်ခွင့် အချို့ကို ပြင်ဆင် သတ်မှတ် ထားကြောင်း သိရသည်။
ပထမနှစ် ၀င်ခွင့် အရည်အချင်းစစ် ရေးဖြေ စာမေးပွဲများကို တက္ကသိုလ် ၀င်တန်း သင်ရိုးညွှန်းတမ်း မှ ဇီဝဗေဒ ဘာသာရပ် နှင့် အင်္ဂလိပ် ဘာသာရပ် များကို ရေးဖြေ ဖြေဆိုရမည့် အပြင် ဇီဝဗေဒ ဘာသာရပ် တွင်လည်း အမှတ်(၂၀) တန် မွေးမြူရေး ဗဟုသုတ မေးခွန်းကို ထည့်သွင်း ဖြေဆို ရမည်ဟု ပြောင်းလဲ သတ်မှတ် ထားကြောင်း သိရသည်။
မွေးမြူရေး ဗဟုသုတ မေးခွန်းများကို ဖြေဆိုနိုင်ရန် သက်ဆိုင်ရာ ပြဌာန်း စာအုပ်များကို ပြည်နယ် နှင့် တိုင်းဒေသကြီး များရှိ မွေးမြူရေး နှင့် ကုသရေး ဦးစီးဌာန များတွင် ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။ ရေဆင်း တက္ကသိုလ်သို့ တက်ရောက် လိုသူများသည် တက္ကသိုလ် ၀င်တန်း စာမေးပွဲတွင် ဇီဝဗေဒ ဘာသာရပ် ကို ရမှတ်ပေါင်း ၃၅၀ နှင့် အထက် အောင်မြင် ရမည်ဖြစ်ပြီး ကိုယ်လက် အင်္ဂါချို့တဲ့မှု မရှိသူ အမျိုးသား ၁၇၅ ဦးနှင့် အမျိုးသမီး ၇၅ ဦးကိုသာ လက်ခံမည် ဖြစ်ကြောင်း သိရသည်။
မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ် တွင် လျှောက်လွှာ တင်ထားသူများ သည် ၀င်ခွင့် မရရှိပါက တက္ကသိုလ် ဆက်လက် တက်နိုင်ခွင့် မဆုံးရှုံး စေရန် တက္ကသိုလ် ၀င်ခွင့် စိစစ်ရေး အဖွဲ့မှ သတ်မှတ် ထားသော နည်းလမ်းများဖြင့် တက္ကသိုလ် ၀င်ခွင့် လျှောက်လွှာကို မိမိ တက်ရောက် လိုသော တက္ကသိုလ် များသို့ ပေးပို့ လျှောက်ထား ရမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:
Post a Comment