အင်္ဂလန်နိုင်ငံ လိဒ်စ်မြို့တွင် အောက်တိုဘာလအတွင်း ကျင်းပမည့် ကမ္ဘာ့ ချန်ပီယံရှစ် ဘိလိယက် ပြိုင်ပွဲကို ပဏာမ လက်ရွေးစင် ကစားသမား များ စေလွှတ် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာ အသင်း နည်းပြချုပ် ဒေါက်တာမင်းနိုင်က ပြောသည်။
ယင်းကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲသည် တစ်နိုင်ငံလျှင် လေးဦးသာ ဝင်ရောက် ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲ ဖြစ်သောကြောင့် SEA Games ပြိုင်ပွဲအတွက်
စခန်းသွင်း လေ့ကျင့်လျက်ရှိသည့် နေသွေးဦး၊ အောင်ဌေး၊ ကျော်ဦး၊ အောင်ဆန်းဦးနှင့် မင်းစည်သူထွန်း တို့အနက် စက်တင်ဘာလ ၅ ရက်နေ့မှ ၁၂ ရက်နေ့အထိ အိမ်ရှင်အဖြစ် ကျင်းပမည့် SEA Games အကြိုပြိုင်ပွဲ၌ အကောင်းဆုံး ကစားသမား လေးဦးကို စေလွှတ်မည်ဟု ဆိုသည်။
လက်ရှိအချိန်တွင် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲအတွက် ရန်ကုန်မြို့ အောင်ဆန်းကွင်းတွင် ကစားသမား နှစ်ဦး၊ နေပြည်တော် အားကစား လေ့ကျင့်ရေး စခန်းတွင် ကစားသမား ၁၃ ဦး လေ့ကျင့်လျက် ရှိပြီး ဘိလိယက်နှင့် စနူကာ အားကစားနည်း ၁၂ မျိုးအတွက် ရွှေတံဆိပ် ၁၂ ခု၊ ငွေတံဆိပ် ၁၂ ခု ကြေး ၁၂ ခု ချီးမြှင့်မည် ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment