ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ အတွက် ယာယီနိုင်ငံကူး လက်မှတ် စခန်း ၄ ခုဖြင့် ဆက်လက် ထုတ်ပေးသွားမည်
ထိုင်းနိုင်ငံရောက်
မြန်မာ အလုပ်သမား များအတွက် ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံး စခန်း
၁၁ ခုရှိသည့် အနက် ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးခြင်း ကို စခန်း ၎
ခုဖြင့် ဆက်လက် ထုတ်ပေး သွားမည် ဖြစ်ကြောင်း အလုပ်သမား ၊ အလုပ်အကိုင် နှင့်
လူမှုဖူလုံရေး ၀န်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။
ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမား များအတွက် ယာယီ နိုင်ငံကူး လက်မှတ်
ထုတ်ပေးခြင်း သက်တမ်း သည် ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်က ကုန်ဆုံးခဲ့ပြီး
ဖြစ်ရာ ထိုင်းနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ ၏ အလုပ်သမား ၊ အလုပ်အကိုင်
နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန သို့ ဆွေးနွေးမှု များကြောင့် မြန်မာ
အလုပ်သမားများ အဆင်ပြေ နိုင်စေရန် စခန်း ၄ ခုဖြင့် ဆက်လက် ထုတ်ပေး သွားမည်
ဖြစ်ပြီး သက်တမ်းတိုး ရက်ကိုလည်း ဆွေးနွေး သွားမည် ဖြစ်သည်။
ယာယီ
နိုင်ငံကူး လက်မှတ် ထုတ်ပေးသည့် စခန်း ၄ ခုမှာ ထိုင်းနိုင်ငံရှိ ရနောင်း ၊
မဟာချိုင် ၊ ဆူရတ်ဌာနီ နှင့် ချင်းမိုင် တို့ဖြစ်သည်။ ယခုအခါ
ထိုင်းနိုင်ငံရှိ အလုပ်သမား ၁ ဒသမ ၇ သန်းကို ယာယီ နိုင်ငံကူး လက်မှတ်
ထုတ်ပေး ခဲ့ပြီး ဖြစ်ရာ ယာယီ နိုင်ငံကူး လက်မှတ် ပြုလုပ်ရန် အတွက် တင်ပြ
ထားသော ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမား ဦးရေ ၇၀၀၀၀ ကျော်ခန့်
ရှိကြောင်း သိရှိရသည်။
The Myawady Daily
No comments:
Post a Comment