Friday, August 16, 2013

အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ပြိုင်ပွဲဝင် မြန်မာအသင်း နောက်ဆုံး လူစာရင်း ထုတ်ပြန်

နေပြည်တော် ၀ဏ္ဏသိဒ္ဓိ ကွင်းတွင် သြဂုတ်လ ၂၀ ရက်နေ့မှ စက်တင်ဘာလ ၂ ရက်နေ့အထိ ကျင်းပမည့် အာဆီယံ အသက် ၁၆ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ (AFF U-16 Championship 2013) အတွက် မြန်မာ ယူ-၁၆ အသင်း နောက်ဆုံး လူစာရင်းကို ကစားသမား ၂၀ ဖြင့် နည်းပြအဖွဲ့က ယနေ့ ထုတ်ပြန် ကြေညာလိုက်သည်။

မြန်မာ ယူ-၁၆ အသင်းအနေဖြင့် အုပ်စု (က)တွင် ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ သြစတြေးလျ တို့နှင့်အတူ ကျရောက် နေပြီး အဖွင့်ပွဲစဉ် အဖြစ် သြဂုတ်လ ၂၀ ရက်နေ့တွင် ဗီယက်နမ် အသင်းနှင့် စတင် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ ပြိုင်ပွဲကို အသင်း (၁၀)သင်း ၀င်ရောက်ယှဉ်ပြိုင် ကစားမည် ဖြစ်ကာ တစ်ရက်လျင် ၂ ပွဲနှုန်း ကျင်းပသွားမည် ဖြစ်သည်။ မြန်မာ ယူ-၁၆ အသင်းကို ပြီးခဲ့သည့် အာဆီယံ ယူ-၁၅ ( Fam Frenz Asean Championship 2013) ပြိုင်ပွဲဝင် အသင်းအား အခြေခံ ဖွဲ့စည်းထားခြင်း ဖြစ်ပြီး မန္တလေး၊နေပြည်တော်၊ပုသိမ် ဘောလုံး အကယ်ဒမီ အသင်းများမှ ကစားသမား အများစု ပါဝင်သည်။

မြန်မာ့ လက်ရွေးစင် ယူ-၁၆ အသင်းကို အုပ်ချုပ်သူ ဦးဝင်းသူမိုး နှင့် အသင်းမန်နေဂျာ အဖြစ် ဂျပန်နည်းပြ တာရှီးမား တို့က တာဝန်ယူ ကိုင်တွယ်မည်ဖြစ်ပြီး နည်းပြအဖြစ် ဦးအောင်အောင်ထွန်း၊ လက်ထောက်နည်းပြ ဦးခင်မောင်ထွေး၊ ဦးအောင်ကျော်ဇံ၊ ဂိုးနည်းပြ ဦးမောင်မောင်မြင့် တို့အား တာဝန်ပေးထားသည်။

မြန်မာ ယူ-၁၆ အသင်း ကစားသမား စာရင်း

ဂိုး- ဆန်းဆက်နိုင်၊ စောဌေး (မန္တလေး အကယ်ဒမီ)၊ ဖုန်းသစ္စာမင်း (နေပြည်တော် အက်ဖ်စီ အကယ်ဒမီ)

နောက်တန်း- စိုးမိုးထွန်း၊ ရဲရင့်ကို၊ရဲရင့်အောင်၊ ဟိန်းဖြိုးဝင်း(မန္တလေး အကယ်ဒမီ)၊ အောင်ဖြိုးသာ၊ ရဲမင်းသူ (နေပြည်တော် အက်ဖ်စီ)၊

အလယ်တန်း- သီဟထွန်းကျော်၊ ကျော်လွင်မိုး၊ ကျော်ဇင်ဦး၊ ဥက္ကာဘို (မန္တလေး အကယ်ဒမီ)၊ မင်းသူ (ပုသိမ် အကယ်ဒမီ)၊မိုးမင်းဇော်၊(မန္တလေးတိုင်း ဒေသကြီး)၊

ရှေ့တန်း- ဇွဲသက်ပိုင်၊ စအောင်ပြည့်ကို၊ ရွှေကို (မန္တလေး အကယ်ဒမီ)၊အောင်သက်စိုး၊ ဆန်းသူအောင်

themff.org

No comments:

Post a Comment