တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်းရမှတ် ၄၈၀ နှင့်အထက် ရရှိသူများသာ ရန်ကုန်နှင့် မန္တလေးမြို့ တို့ရှိ အဆင့်မြင့်ကွန်ပျူတာတက္ကသိုလ်တို့တွင် ဝင်ခွင့်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင် ဖော်ပြထားသည်။
ယခင်ပညာသင်နှစ်က အနိမ့်ဆုံးတက္ကသိုလ်ဝင် စာမေးပွဲရမှတ် ၄၅၀ နှင့်အထက် ရရှိသူများကို လျှောက်ထားခွင့်ပြုခဲ့ရာ ယခုပညာသင်နှစ်တွင် ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
ယခင်ပညာသင်နှစ်က အနိမ့်ဆုံးတက္ကသိုလ်ဝင် စာမေးပွဲရမှတ် ၄၅၀ နှင့်အထက် ရရှိသူများကို လျှောက်ထားခွင့်ပြုခဲ့ရာ ယခုပညာသင်နှစ်တွင် ထပ်မံတိုးမြှင့် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
ယခင်ပညာသင်နှစ်က အဆင့်မြင့်တက္ကသိုလ်အဖြစ် သတ်မှတ်ထားသော ရန်ကုန်ကွန်ပျူတာတက္က သိုလ် (ဗဟန်းနယ်မြေ) တွင်တက္ကသိုလ်ဝင် စာမေးပွဲရမှတ် ၄၇၃ မှတ်နှင့်အထက် ရရှိခဲ့သူများ၊ မန္တလေးကွန်ပျူတာတက္ကသိုလ်တွင် ၄၅၀ နှင့်အထက် ရရှိခဲ့သူများ ဝင်ခွင့်ရရှိခဲ့သည်။
အဆင့်မြင့် ကွန်ပျူတာတက္ကသိုလ်များတွင် ပညာသင်ယူရန် ကျောင်းသား၊ ကျောင်းသူ ၄၀၀ ဦးကို လက်ခံသွားမည်ဖြစ်ပြီး သင်တန်းကာလ ငါးနှစ်ဖြစ်ကာ ဘာသာရပ် ခုနှစ်မျိုးအတွက် ကွန်ပျူတာ ဆိုင်ရာ ဘွဲ့ပေးအပ်နေသည်။
ပုံမှတ်ဖွင့်လှစ်နေသော ကွန်ပျူတာတက္ကသိုလ်များတွင် ဝင်ခွင့်လျှောက်ထားမည့် ကျောင်းသားများ အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲရမှတ် ၃၅၆ မှတ်နှင့်အထက် ရရှိသူများလျှောက်ထားရန် သတ်မှတ် ထားပြီး ယခင်နှစ်ထက် ကျောင်းသား ၁,၇၆၀ ဦးလျှော့ချလက်ခံသွားမည်ဖြစ်ကြောင်း ကြေညာထား သည်။
7Day News Journal

No comments:
Post a Comment