ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် တည်ငြိမ်အေးချမ်းရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် ကုလသမဂ္ဂအဖွဲ့သည် အသက်အရွယ်အားဖြင့် ရှစ်နှစ်မျှအထိငယ်သော ကလေး ၈၂ ယောက်ကို လက်နက်ကိုင်အုပ်စုတစ်စုထံမှ ကယ်တင်နိုင်ခဲ့ ကြောင်း ဘီဘီစီက ဩဂုတ် ၁၇ ရက်တွင် ဖော်ပြသည်။
မိုင်မိုင်ဘာကာတာကာတန်ဂါ ပြည်သူ့စစ်က လွန်ခဲ့သည့် ခြောက်လအတွင်း မိန်းကလေး ၁၃ ယောက်ပါဝင်သော ၄င်း ကလေးများကို အဓမ္မသိမ်းသွင်းခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မိုနျူစကို ဟုခေါ်သည့် ကုလသမဂ္ဂအဖွဲ့က ပြောသည်။ နိုင်ငံ၏အရှေ့မြောက်ပိုင်း ကာတန်ဂါပြည်နယ်တွင် ယင်းအုပ်စုကလှုပ်ရှားနေခြင်းဖြစ်သည်။ ကယ်ဆယ်ထားသော ကလေးများအနက် ၄၀ သည် ၄င်းတို့၏ မိသားစုများနှင့်ပြန်လည်ပေါင်းစည်းသွားမိပြီဖြစ်ပြီး ကျန် ကလေးများကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက် ထားသည်။
တောင်းဆို
အဆိုပါဒေသတွင်း၌ မတည်မငြိမ်မှု ဆက်လက်ဖြစ်ပွား လျက်ရှိကြောင်း၊ နိုင်ငံခြားသတ္တုတူးဖော်ရေးကုမ္ပဏီများ ရင်းနှီး လုပ်ကိုင်လျက်ရှိသည့် တောင်ပိုင်းဒေသနှင့် ဆင်းရဲသော ကာတန်ဂါမြောက် ပိုင်းဒေသတို့အကြား ချမ်းသာြွကယ်ဝမှုများကို ပို၍မျှတစွာခွဲဝေပေးရန် ဒေသတွင်းပြည်သူ့ စစ်များက တောင်းဆိုကြကြောင်း သတင်းများက ဖော်ပြသည်။
မိုနျူစကိုမှထုတ်ပြန်သောကြေညာချက်တွင် ကလေးများ ကာကွယ်စောင့်ရှောက်ရေးအေဂျင်စီများ၏ အားသွန် ကြိုးပမ်းမှု များမှတစ်ဆင့် ပြည်သူ့စစ်အဖွဲ့များထံမှ ကလေး များကိုခေါ်ဆောင်နိုင်ခဲ့ကြောင်း၊ ကလေးများသည် မည်သူ မည်ဝါတို့ဖြစ် ကြောင်းကိုလည်း သိရှိပြီးဖြစ်ကြောင်း ဖော်ပြ ထားသည်။ ယခုနှစ်ဆန်းမှစ၍ ပြည်သူ့စစ်အဖွဲ့များထံမှ ကယ် ထုတ်နိုင်ခဲ့သော ကလေးများမှာ မိန်းကလေး ၂၂ ယောက် အပါအ၀င် ၁၆၃ ယောက်ရှိပြီဖြစ်ကြောင်း မိုနျူစကိုက ပြောသည်။
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:
Post a Comment