ဓာတ်ပုံထိန်ဝင်း၏ သမိုင်းဝင် ရှစ် လေးလုံး ဓာတ်ပုံ ၅ဝ၇ ပုံကို နယ်သာလန် နိုင်ငံ အမ်စတာဒမ်မြို့ရှိ မော်ကွန်းတိုက် မှပြန် လည် ပေးပို့လိုက်ကြောင်း သိရသည်။
အဆိုပါ ဓာတ်ပုံများကို မော်ကွန်း တိုက်မှ ယခုလ ၇ ရက်နေ့ တွင် ပြန်လည် ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ဓာတ်ပုံဆရာထိန် ဝင်းက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
၎င်းအနေဖြင့် ရှစ်လေးလုံးကာလ အတွင်း ယင်းဓာတ်ပုံများကို မိတ်ဆွေ တစ်ဦးမှ တစ်ဆင့် နယ်သာလန်နိုင်ငံ မော်ကွန်းတိုက်သို့ ပေးပို့သိမ်းဆည်း ခဲ့ရခြင်း ဖြစ်ပြီး ပြည် တွင်းမှ မိတ်ဆွေအချို့ထံ ပေးပို့သိမ်းဆည်းထားသည့် ဖလင်များမှာ မူ မီးရှို့ဖျက်ဆီးပစ်ခံခဲ့ရသည်ဟု သိရသည်။
ဓာတ်ပုံဆရာအနေဖြင့် ဓာတ်ပုံ များ ပြန်လည်ရရှိပါက ဓာတ်ပုံပြပွဲတစ် ခုအဖြစ် ဖန်တီးပြသရန် စိတ်ကူးခဲ့သော် လည်း လက်ရှိတွင် စာအုပ်ပုံစံဖြင့်သာ ထုတ်ဝေသွား မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
”စာအုပ်ကိုတော့ ဖြည်းဖြည်း ချင်း ပဲလုပ်မယ်။ ဓာတ်ပုံပြပွဲ မလုပ်ဖြစ်တော့ ဘူးဆိုတာကတော့ လာတဲ့လူတွေထဲက စည်းကမ်းကို မသိဘဲ ဓာတ်ပုံပြန်ရိုက်ယူ ပြီး တခြားနေရာတွေမှာ သုံးမိမှာကို စိုးရိမ်လို့ပါ” ဟု ဓာတ်ပုံဆရာထိန်ဝင်းက ဆိုသည်။ ရှစ်လေးလုံး ငွေရတုအထိမ်းအ မှတ် အခမ်းအနားတွင်လည်း ဓာတ်ပုံ ဆရာထိန်ဝင်းက ပုံ ၂၇ ပုံ ပါဝင်ပြသခဲ့ ပြီး အဆိုပါဓာတ်ပုံများမှာ ၄င်းကိုယ်တိုင် သိမ်းဆည်းထားခဲ့သည့် နဂ္ဂတစ်ဖလင် များမှ ပြန်လည် ကူးယူပြသခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
သုတလင်း
Popular Myanmar News Journal
No comments:
Post a Comment