Friday, August 16, 2013

နောက်ကျောတွင် ခလုတ်များ တပ်ဆင်ထားသည့် LG စမတ်ဖုန်း အောက်တိုဘာတွင် မြန်မာနိုင်ငံသို့ ရောက်မည်


နောက်ကျောဘက်တွင် ခလုတ်ပါသည့် LG G2 စမတ်ဖုန်းများကို မြန်မာနိုင်ငံတွင် အောက်တိုဘာလ၌ ရောင်းချသွားရန် ပြင်ဆင်လျက်ရှိကြောင်း LGမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

LGမှ အသစ်ထွက်ရှိလာသည့် G2တွင် အသံအတိုး/အကျယ် ပြုလုပ်သည့် ခလုတ်နှင့် ဖုန်း အဖွင့်အပိတ် ခလုတ်တို့ကို ဖုန်း၏ ကျောဘက်တွင် တပ်ဆင် အသုံးပြုထားသည်။ အသံ အတိုး/အကျယ် ခလုတ်ကို ဖုန်း၏ ကျောဘက်သို့ ပြောင်းလဲတပ်ဆင်ရခြင်းမှာ သုံးစွဲသူများ ဖုန်းပြောသည့်အခါတွင် အလွယ်တကူ ပြုလုပ်နိုင်စေရန်အတွက် ဖြစ်ကြောင်း LG ကုမ္ပဏီက ပြောကြားသည်။ အဆိုပါ LG G2ကို လတ်တလောတွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် တရားဝင် မိတ်ဆက်ခဲ့သည်။

LG အနေဖြင့် မြန်မာနိုင်ငံတွင် သြဂုတ်လ(၁၀)ရက်နေ့မှ စတင်ပြီး မြန်မာ OSပါဝင်သည့် LG Optimus G Pro မိုဘိုင်းဖုန်းများကို ရောင်းချလျက်ရှိပြီး အောက်တိုဘာလတွင် LG G2 စမတ်ဖုန်းကို ဖြန့်ဖြူးရောင်းချနိုင်ရန် စီစဉ်လျက် ရှိသည်။

“ကျွန်ုပ်တို့၏ စမတ်ဖုန်း ပြုလုပ်သူများရဲ့ စိတ်ကူးထဲတွင် ယင်းတို့ပြုလုပ်တဲ့ ဒီဇိုင်းဆန်းများကို နှစ်သက်စေနိုင်မယ့် စိတ်ကူးကောင်းများ ရှိပါတယ်။ သုံးစွဲသူများအပေါ် ပြီးပြည့်စုံသော စိတ်ကူးကောင်းများကို အခြေခံပြီး အကောင်းဆုံး ၀န်ဆောင်မှုများ ပေးနေပါတယ်”ဟု LG ELECTRONIC COMMUNICATION COMPANY၏ CEOနှင့် ဥက္ကဌဖြစ်သူ DR. JONG-SOK PARKက ပြောကြားခဲ့သည်။

LG G2 စမတ်ဖုန်းတွင် ၅ ဒဿမ ၂ လက်မ 1080 p Displayနှင့် 2.26GHz quad-core Snapdragon 800 SoCကို အသုံးပြုထားသည်။ Andriod 4.2.2 Jelly Bean ကို အသုံးပြုထားပြီး ကျောဘက်တွင် 13 Megapixel ကင်မရာကို တပ်ဆင်ထားသည်။ အရှေ့ဘက် ကင်မရာမှာ 2.1 megapixel ဖြစ်သည်။ မဖယ်ရှားနိုင်သည့် 300mAh ဘက်ထရီကို အသုံးပြုထားပြီး RAMမှာ 2GB ဖြစ်သည်။ သိုလှောင်မှု ပမာဏ 16GBနှင့် 32GBဖြင့် ရရှိနိုင်သည်။

G2၏ ဘက်ထရီမှာ ယခင် LG အမျိုးအစားများထက် အားသွင်းချိန် ကြာမြင့်သော်လည်း တစ်ခါအားသွင်းရုံနှင့် တစ်နေကုန် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ G2တွင် သုံးစွဲသူများ ဖုန်းပေါ်၌ အချိန်ကုန်ဆုံးမှု သက်သာစေမည့် Software Featureအချို့ ပါဝင်သည်။ ဥပမာအနေဖြင့် KnockOnဟု ခေါ်သည့် Featureမှာ G2 Screenကို Tap ၂ချက် လုပ်ရုံနှင့် Powerခလုတ်ကို နှိပ်စရာမလိုဘဲ ဖုန်းကို ဖွင့်ပေးနိုင်မည် ဖြစ်သည်။ ဖုန်းကို နားရွက်နားသို့ ကပ်လိုက်သည့်အခါတွင် Ringtoneသံကို လျှော့ပြီး ဖုန်းအ၀င် ခေါ်ဆိုမှုကို အလိုအလျောက် လက်ခံပေးမည့် Featureလည်း ပါဝင်လာကြောင်း ထုတ်ပြန်ထားသည်။

No comments:

Post a Comment