Sunday, August 18, 2013

ရွန်းနီ ရဲ့ အသင်းပြောင်းရွှေ့မှုကောလဟာလ အဆုံးသတ်သွားပြီဖြစ်

မန်ယူအသင်းတိုက်စစ်မှူး ရွန်းနီ ရဲ့ အသင်းပြောင်းရွှေ့မှုကောလဟာလဟာ အဆုံးသတ် သွားပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။

ရွန်းနီ ဟာ မန်ယူအသင်းလေ့ကျင့်ရေးကွင်းမှာ လာရောက်လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ ရွန်းနီ ဟာ အသင်းနဲ့စာချုပ်သက်တမ်း ကျန်ရှိနေသေးတာဖြစ်သလို ချဲလ်ဆီးအသင်းက ခေါ်ယူဖို့ မျှော်လင့်ချက်မရှိတော့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ စကော့တလန် အသင်းနဲ့ ပွဲစဉ်မှာ ပါဝင်ကစားခဲ့တာဖြစ်ပြီး မန်ယူအသင်းရဲ့ ရာသီအဖွင့်ပွဲစဉ်ဖြစ်တဲ့ ဆွမ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ ရွန်းနီ ကို ပါဝင်ကစားစေမှာဖြစ်ပါတယ်။

မိုယက်စ် ရဲ့ ယာယီလူစာရင်းမှာတော့ ရွန်းနီ ကို ထည့်သွင်းထားတာဖြစ်ပြီး ရာဖေးနဲ့ ဟာနန်ဒက်တို့ဟာ တံကောက်ကြော ဒဏ်ရာ ရရှိနေတာကြောင့် နာနီနဲ့ အက်ရှ်လေယန်းတို့အတွဲကို တောင်ပံမှာ ထုတ်ကစားဖွယ်ရှိပါတယ်။ ဒါ့အပြင် ကာရစ်ဟာ မျက်လုံးဒဏ်ရာမှ ပြန်လည်သက်သာလာတာကြောင့် အသင်းရဲ့ ပရီးမီးယားလိဂ် ဖလားမျှော်လင့်ချက်ဟာ အသင်းတိုက် စစ်မှူးတွေရဲ့ ကြိုးပမ်းမှုကိုသာ စောင့်မျှော်ရတော့မှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မိုယက်စ်အနေနဲ့ အသင်းကို အပြောင်းအလဲပြုလုပ်ခဲ့ခြင်းမရှိသလို အသင်းရဲ့ အဓိကကစားသမား ရွန်းနီ ကို မည်သည့်အသင်းကိုမှ ရောင်းချသွားမှာမဟုတ်ကြောင်း ပြောကြားခဲ့ တယ်လို့ သိရပါတယ်။

Mrtv-4

No comments:

Post a Comment