မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ကဏ္ဍတွင် အဓိကကျသည့် အရင်းအနှီးဈေးကွက် ပေါ်ပေါက်ရန် ပြင်ဆင်ရေး ကော်မတီကို ယခုနှစ်အတွင်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
ယင်းသို့ ဖွဲ့စည်းပြီးပါက အဆိုပါ ကော်မတီ အနေဖြင့် အရင်းအနှီးဈေးကွက် ပေါ်ပေါက်စေရန်အတွက် အခြေခံ အချက်များဖြစ်သော အဆောက်အအုံ တည်ဆောက်ခြင်း၊ နေရာပြင်ဆင်ခြင်းများကို ကနဦး အနေဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး အရင်းအနှီးဈေးကွက်နှင့် ပတ်သက်သော
အချက်အလက်များကို ပြည်သူများအား အသိပညာ ပေးသွားမည်ဖြစ်ကြောင်း၊ အများပိုင် ကုမ္ပဏီများကိုလည်း သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည့်မီစေရန်အတွက် ပညာပေး အစီအစဉ်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
"ဒီအရင်းအနှီးဈေးကွက် ပေါ်ပေါက်လာဖို့အတွက် ဒီနှစ်ထဲမှာစပြီး အကောင်အထည် ဖော်မှာပါ။ ဒါပေမဲ့ လိုင်စင်ထုတ်ပေးတာကတော့ နောက်နှစ်ခြောက်လပိုင်းကျော်လော
ထို့အပြင် ဇူလိုင် ၃၁ ရက်က ငွေကြေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေ (security exchange law) ကို ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေ ပေါ်ထွက်လာပြီး ဖြစ်သောကြောင့် အရင်းအနှီးဈေးကွက် ပေါ်ပေါက်လာရန်အတွက် လွယ်ကူသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ထို့အပြင် ဂျပန်နိုင်ငံ ဒိုင်ဝါ၏ အကူအညီဖြင့် အရင်းအနှီး ဈေးကွက်ကို ထူထောင်သွားမည် ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ အနာဂတ်ငွေကြေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုပွဲတွင် ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။ မြန်မာနိုင်ငံ၏ စတော့အိပ်ချိန်းကို ၂၀၁၅ ခုနှစ်တွင် တည်ထောင်သွားမည်ဖြစ်ပြီး တိုကျိုစတော့အိပ်ချိန်း ကူညီမှုဖြင့် ဆောင်ရွက်မည် ဖြစ်သည်။
Eleven Media Group
No comments:
Post a Comment