Tuesday, August 20, 2013

ကြည့်မြင်တိုင်စာတိုက်ရှေ့ရှိ ကုက္ကိုပင်ကြီး တစ်ခြမ်းပဲ့ကျ၊ ကားတစ်စီးပိမိ

Photo: ကြည့်မြင်တိုင်စာတိုက်ရှေ့ရှိ ကုက္ကိုပင်ကြီး တစ်ခြမ်းပဲ့ကျ၊ ကားတစ်စီးပိမိ
Wednesday, August 21, 2013

ရန်ကုန်အနောက်ပိုင်းခရိုင် ကြည့်မြင်တိုင်မြို့နယ် အိုးဘိုရပ်ကွက် ဗိုလ်သူရလမ်းနှင့် ဗားကရာ လမ်းထောင့် ကြည့်မြင်တိုင်စာတိုက်ရှေ့ရှိ ကုက္ကိုပင်ကြီးမှာ အိုမင်းရင့်ရော်ပြီး မိုးဒဏ်လေ ဒဏ်ကြောင့် ဩဂုတ် ၂၀ ရက် ညနေ ၅ နာရီ မိနစ် ၂၀ ခန့်က ပင်စည်တစ်ခြမ်းပဲ့ကျပြီး ဗိုလ်သူရ လမ်းမှ ဗားကရာလမ်းဘက်သို့ထွက်လာသော အဝါရောင်ကား ၃ဃ/--- အား သစ်ကိုင်းအလယ်ဖျားဖြင့် ပိမိနေကြောင်း သိရသည်။

ယင်းကားပေါ်၌ပါလာသော ဖခင်ဖြစ်သူ အမျိုးသား (၄၉)နှစ်မှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး (၁၁)နှစ်အရွယ် သမီးငယ်မှာ ညာဘက်လက်ကောက်ဝတ်တွင်ဒဏ်ရာရရှိခဲ့ကာ တာဝန်ရှိ သူများက ဆေးရုံသို့အချိန်မီပို့ဆောင်ပေးခဲ့ကြောင်း၊ မြို့နယ်အတွင်းမှ သက်ဆိုင်ရာ တာဝန် ရှိသူများ လာရောက်ကြပြီး မီးသတ်တပ်ဖွဲ့နှင့် လျှပ်စစ်စွမ်းအင်ဌာနတို့မှ လမ်းပေါ်ရှိ သစ်ကိုင်းများ အား အချိန်မီရှင်းလင်းပေးခဲ့ကြောင်း၊ ဓာတ်တိုင် ခြောက်တိုင် ပြိုလဲကျ ခဲ့ကြောင်း၊ သေကျေဆုံးရှုံးမှုမရှိကြောင်း သိရသည်။

(ရွှေတိုင်လွင်)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment