ရန်ကုန်မြို့တော် ၏ အမှိုက် သိမ်းဆည်းခြင်း လုပ်ငန်းများကို ပုဂ္ဂလိက
လုပ်ငန်းရှင် များမှ လုပ်ကိုင်နိုင်ရန် အတွက် လွှဲပြောင်း ပေးမည်ဟု ကြေညာ
ထားသော်လည်း လက်ရှိ ကောက်ခံနေသော နှုန်းထားအတိုင်းသာ ကောက်ခံ ရမည်ဆိုသည့်
အတွက် လာရောက် လျှောက်ထားသူ မရှိသေးကြောင်း ရန်ကုန်မြို့တော် စည်ပင်
သာယာရေး ကော်မတီ မှ သိရသည်။
အမှိုက်တစ်တန် လျှင် သန့်ရှင်းရေး ဆောင်ရွက်ခမှာ ငွေကျပ် ၄၀၀၀ ကျော်သာ
ရရှိပြီး အဆိုပါ အမှိုက်တစ်တန် သိမ်းဆည်းရန် အတွက် ကုန်ကျငွေမှာ ၂၇၆၇၈ ကျပ်
ဖြစ်နေသည့် အတွက် ရငွေ နှင့် သုံးငွေ အချိုးအစား မှာ အလွန် ကွာဟနေကြောင်း ၊
အကယ်၍ ပုဂ္ဂလိက သို့ ချက်ချင်း လွှဲပြောင်း ပေးလိုက်ပါက ပြည်သူလူထု အနေဖြင့်
အဓိက ကြုံတွေ့ရမည့် ပြဿနာမှာ လက်ရှိ ကောက်ခံနေသော သန့်ရှင်းရေး
ဆောင်ရွက်ခများ ( အမှိုက်ခွန် ) ယခုထက် ပိုမို များပြားစွာ ကုန်ကျနိုင်မည်
ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ အတွင်း လက်ရှိ ကောက်ခံနေသော
နှုန်းထားများမှာ မြို့တွင် ၆ မြို့နယ်အား ၃ လတစ်ကြိမ်လျှင် ကျပ် ၁၈၀၀ ၊
ဆက်စပ် မြို့နယ်များ ဖြစ်သည့် ကမာရွတ် ၊ စမ်းချောင်း ၊ အလုံ ၊ ဗဟန်း ၊
တာမွေ ၊ မင်္ဂလာ တောင်ညွန့် နှင့် ရန်ကင်း စသည့် မြို့နယ်များအား ၃
လတစ်ကြိမ်လျှင် ငွေကျပ် ၁၃၅၀ နှင့် ကျန်မြို့နယ် များ၌ ငွေကျပ် ၉၀၀ သာ
ကောက်ခံ နေသည်ဟု သိရှိရသည်။
The Myawady Daily
ရန်ကုန်မြို့တော် ၏ အမှိုက် သိမ်းဆည်းခြင်း လုပ်ငန်းများကို ပုဂ္ဂလိက လုပ်ငန်းရှင် များမှ လုပ်ကိုင်နိုင်ရန် အတွက် လွှဲပြောင်း ပေးမည်ဟု ကြေညာ ထားသော်လည်း လက်ရှိ ကောက်ခံနေသော နှုန်းထားအတိုင်းသာ ကောက်ခံ ရမည်ဆိုသည့် အတွက် လာရောက် လျှောက်ထားသူ မရှိသေးကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ သိရသည်။
အမှိုက်တစ်တန် လျှင် သန့်ရှင်းရေး ဆောင်ရွက်ခမှာ ငွေကျပ် ၄၀၀၀ ကျော်သာ ရရှိပြီး အဆိုပါ အမှိုက်တစ်တန် သိမ်းဆည်းရန် အတွက် ကုန်ကျငွေမှာ ၂၇၆၇၈ ကျပ် ဖြစ်နေသည့် အတွက် ရငွေ နှင့် သုံးငွေ အချိုးအစား မှာ အလွန် ကွာဟနေကြောင်း ၊ အကယ်၍ ပုဂ္ဂလိက သို့ ချက်ချင်း လွှဲပြောင်း ပေးလိုက်ပါက ပြည်သူလူထု အနေဖြင့် အဓိက ကြုံတွေ့ရမည့် ပြဿနာမှာ လက်ရှိ ကောက်ခံနေသော သန့်ရှင်းရေး ဆောင်ရွက်ခများ ( အမှိုက်ခွန် ) ယခုထက် ပိုမို များပြားစွာ ကုန်ကျနိုင်မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ အတွင်း လက်ရှိ ကောက်ခံနေသော နှုန်းထားများမှာ မြို့တွင် ၆ မြို့နယ်အား ၃ လတစ်ကြိမ်လျှင် ကျပ် ၁၈၀၀ ၊ ဆက်စပ် မြို့နယ်များ ဖြစ်သည့် ကမာရွတ် ၊ စမ်းချောင်း ၊ အလုံ ၊ ဗဟန်း ၊ တာမွေ ၊ မင်္ဂလာ တောင်ညွန့် နှင့် ရန်ကင်း စသည့် မြို့နယ်များအား ၃ လတစ်ကြိမ်လျှင် ငွေကျပ် ၁၃၅၀ နှင့် ကျန်မြို့နယ် များ၌ ငွေကျပ် ၉၀၀ သာ ကောက်ခံ နေသည်ဟု သိရှိရသည်။
The Myawady Daily

No comments:
Post a Comment