ထိုင်းနိုင်ငံတွင်အစိုးရထောက် ခံသူများနှင့်အစိုးရဆန့်ကျင်သော
ထိုင်းဒီမိုကရက်တစ်ပါတီ၏ပါတီ ၀င်များအကြား အစိုးရက အဆို ပြုထားသည့်
လူ့အခွင့်အရေးဆိုင် ရာဥပဒေမူကြမ်း(Amnesty Bill) နှင့်ပတ်သက်၍
အတိုက်အခံများ က အပြင်းအထန်ကန့်ကွက်ဆန္ဒ ပြလျက်ရှိသည်။ ထိုင်းပါလီမာန်
တွင်လည်း၂ဖက်ပါတီလွှတ်တော် အမတ်များအကြား ထိပ်တိုက်ရင်
ဆိုင်မှုများဖြစ်လျက်ရှိသည်။ ယခု အခါအဆိုပါအငြင်းပွားမှုများမှာ
နိုင်ငံရေးအုံကြွမှုများအသွင်ပြောင်း လဲလာလျက်ရှိပြီး အတိုက်အခံ ပါတီ
(ရှပ်ဝါ) ၀တ်များက ၀န်ကြီး ချုပ်ဟောင်းသက်ဆင်အားဆန့်
ကျင်မှုများပြင်းထန်လျက်ရှိသည်။ လောလောဆယ်တွင်နိုင်ငံအတွင်း အငြင်းပွားမှုများမှတစ်ဆင့်အကြမ်း ဖက်ဆူပူမှု (Riots) အဆင့်ထိ ရောက်ရှိလာနိုင်သဖြင့် ပြည်တွင်း လုံခြုံရေးဥပဒေအရဘန်ကောက် တွင် ထောင်သောင်းချီသော လုံခြုံမှုထိန်းသိမ်းရေး ရဲတပ်ဖွဲ့ဝင် များအား ဖြန့်ကြက်ချထားသည်။
အဆိုပါဥပဒေမူကြမ်းတွင် သက်ဆင်အားလူသားချင်းစာနာ သောအားဖြင့် ထိုင်းနိုင်ငံသို့ပြန် လည်ဝင်ခွင့်ပြုရေးများပါဝင်သည် ဟုဆိုသည်။ အစိုးရထောက်ခံ သော ရှပ်နီဝတ်များကလည်း အစိုးရ၏ဥပဒေမူကြမ်းကိုထောက်ခံ သောအားဖြင့် ဘန်ကောက်မြို့ တွင် စီတန်းလှည့်လည်ကာ ပါလီ မန်သို့ ချီတက်အင်အားပြသခဲ့ ကြသည်ဟု ဆိုသည်။
ကျော်စိန်

No comments:
Post a Comment