အဆိုပါ ရာဇအောင်မြေ ရန်အောင်မြင်
စေတီတော်ကြီး သည် အလောင်း မင်းတရားကြီး ဦးအောင်ဇေယျ လက်ထက်တော် အခါက
တည်ထားခဲ့သော သမိုင်းဝင် ရှေးဟောင်း စေတီတစ်ဆူ ဖြစ်ခဲ့ကြောင်း၊ လွန်ခဲ့သော
လေးနှစ်ခန့်က ကျေးလက်ဒေသ ဖွံ့ဖြိုး ရေး လမ်းများ ဖောက်လုပ်ရာတွင်
မြေထိုးစက် ယန္တရားကြီးဖြင့် မြေသားပေါင်တင် ခြင်း လုပ်ငန်းများ
ဆောင်ရွက်ခဲ့ရာ ရန်အောင်မြင် စေတီအဟောင်း
(မြေပုံကြီး အဖြစ်သာ
ကျန်ရှိနေတော့သည့် နေရာ)နေရာ၌ လမ်းဖောက်စက် ယန္တရားကြီးမှာ မြေထိုးစဉ်
ရုတ်တရက် စက်ရပ်သွားသဖြင့် စက်ကြီး မောင်းနှင်သူမှ ဆင်းကြည့်ရာ ရုတ်တရက်
မူးမေ့ လဲသွားခဲ့ကြောင်း၊ သက်ဆိုင်ရာ သံဃ နာယက ဝန်ဆောင် ဆရာတော် ဘုရား
ကြီးများ၏ မေတ္တာတော်ဖြင့် ပရိတ် တရားများ စီးဖြန်း ရွတ်ဆိုပြီး ဆက်လက်၍
မြေထိုးခြင်းများ ဆောင်ရွက်ခဲ့ရာ ဌာပနာတော်များနှင့် တကွ ရှေးဟောင်း
ကျောက်စာ များကို တွေ့ရှိခဲ့ ရကြောင်း၊ ၎င်းကျောက်စာပါ အထောက် အထားများအရ
အဆိုပါ နေရာသည် အလောင်းမင်းတရားကြီး ဦးအောင် ဇေယျ၏ ရာဇအောင်မြေ
ဖြစ်သည်ကို သိရှိခဲ့ရကြောင်း ၎င်းစေတီတော်၏ ဂေါပက အဖွဲ့ဝင် တစ်ဦးက
ပြောကြားခဲ့ သည်။
''ဒီနေရာမှာ မြွေကို ဖားကပြန်လိုက်ပြီး
ကိုက်တယ်။ ဦးအောင်ဇေယျရဲ့ ပခုံးမှာ ထမ်းလာတဲ့ တူရွင်းကို မိုးကြိုးခတယ်။
အဲဒီအချက်တွေတင် မကဘူး၊ အခြား အချက်အလက်ပေါင်း များစွာ လည်းရှိတယ်။
ဒါကြောင့် ရာဇအောင်မြေလို့ ဘွဲ့တော် တွင်ခဲ့ရတာပါ'' ဟု၎င်းဂေါပက လူကြီးက
ဆက်လက်ပြောကြားခဲ့သည်။ ယခုအခါ ယင်းစေတီတော် ကြီးသည် ဝါတွင်းကာလ၌ အောင်မြေ
နင်းရန် လာရောက်သူ အများအပြားဖြင့် အထူး စည်ကားလျက် ရှိကြောင်း သိရသည်။

No comments:
Post a Comment