ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် ဆရာစံလမ်းနှင့် တက္ကသိုလ် ရိပ်သာ လမ်းထောင့်ရှိ သမဝါယမ ဝန်ကြီးဌာနပိုင် မြေနေရာတွင်
တည်ဆောက်ထားသော ယခင် ဆရာစံ ပလာဇာ အဆောက်
အအုံကြီးကို ပြန်လည်ပြုပြင် မွမ်းမံ တည်ဆောက်ခြင်းများ ဆောင်ရွက်ပြီး
သမဝါယမ စီးပွားရေး ဗဟိုဌာန အဖြစ် မကြာသေးခင်က စတင် ဖွင့်လှစ်ခဲ့ရာ
ယခုအခါ လုပ်ငန်းပိုင်း ဆိုင်ရာများကို အောင်မြင် ချောမွေ့စွာ လည်ပတ်
လုပ်ကိုင်လျက် ရှိကြောင်း တွေ့ရသည်။
တည်နေရာအားဖြင့် ရန်ကုန်မြို့၏ သွားလာရေး
အဆင်ပြေ လွယ်ကူကာ အချက်အချာ ကျသော နေရာတွင် တည်ရှိပြီး သန့်ရှင်း
သပ်ရပ်မှုရှိသော ပတ်ဝန်းကျင်တွင် ဆောက်လုပ်ထားသည့် အဆိုပါ သမဝါယမ စီးပွားရေး
ဗဟိုဌာန အဆောက်အအုံသည် ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေမှုရှိစွာ
အလွန်ခံ့ညား ထည်ဝါပြီး နိုင်ငံတကာမှ လာရောက်ကြသော နိုင်ငံခြားသား ခရီးသွား
ဧည့်သည်များကို ဆွဲဆောင်ရာ Shopping Center တစ်ခုလည်း ဖြစ်သည်။ ထို့ပြင်
မြန်မာ့ ပန်းချီကားများ၊ ပန်းပုရုပ်ထုများနှင့် အခြားသော လက်မှုပိုင်း
ဆိုင်ရာ အမှတ်တရ ပစ္စည်းများကို နိုင်ငံခြားသား များက မကြာခဏ လာ ရောက်လေ့လာ
ဝယ်ယူလေ့ ရှိတတ်ကြ သည်။
ယခုလက်ရှိတွင် အဆိုပါ သမဝါယမ စီးပွားရေး
ဗဟိုဌာန အဆောက်အအုံတွင် ဗဟို သမဝါယမ အသင်းရုံးခန်း အပြင် အခြားသော သမဝါယမ
အစုစပ် လုပ်ငန်းများ ဖြစ်ကြသော Golden Myanmar Airline, CB Insurance, CB
Bank, Century Bright Gold Services Co.,Ltd., Light House Hospitality
Consultancy, Co-operative Souvenir Shops, KMA Groups of Companies နှင့်
CBG Auto Sales Center အစရှိသည်တို့ ဖွင့်လှစ် ထားကြပြီး ယခုအခါ
လုပ်ငန်းများ အားလုံး ကောင်းမွန်စွာ လည်ပတ် လုပ်ကိုင်လျက် ရှိကြောင်း
သိရသည်။

No comments:
Post a Comment