Sunday, August 11, 2013

တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ဇူလိုင်လအတွင်း ယာဉ်မတော်တဆမှု ၁ဝ၈ဝ အထိ ဖြစ်ပွား

မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ယာဉ်မတော်တဆမှုပေါင်း ၁ဝ၈ဝ အထိ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ စာရင်းများ အရ သိရသည်။
အဆိုပါ ဖြစ်ရပ်များသည် ဇူလိုင်လ အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယခင်နှစ် များထက်ပင် ပို၍ များပြားကြောင်း၊   စည်းကမ်းမဲ့ မောင်းနှင်မှုများကြောင့် ဖြစ်ပွား လာသော အခြေအနေ များကို အရေးယူ လုပ်ဆောင်ခြင်းနှင့် အသိ ပညာပေးမှုများ လုပ်ဆောင်ရန်  လိုအပ်ကြောင်း သိရသည်။
မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ယာဉ်မတော်တဆမှု များ၌ သေဆုံးမှုသည်  ဇူလိုင်လ အတွင်း၌ ၂၄၂ ဦး အထိရှိပြီး  နေပြည်တော်နှင့် ဧရာဝတီတိုင်း ဒေသကြီး အတွင်း၌ ၁၂ ဦးစီ ရှိကြောင်း သိရသည်။
ထိုယာဉ် မတော်တဆမှုကို ကြည့်ပါက မန္တလေးတိုင်း ဒေသကြီးတွင် ၄၄ ဦး သေဆုံးခဲ့ပြီး  ရန်ကုန်တိုင်း ဒေသကြီး တွင် ၃၄ ဦး၊ ရှမ်းပြည်နယ်တွင် ၃၂ ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၂၉ ဦး၊ ပဲခူးတိုင်း ဒေသကြီးတွင် ၂၂ ဦး၊ မကွေးတိုင်း ဒေသကြီးတွင် ၂၁ ဦး၊ မွန်ပြည်နယ် တွင် ၁၇ ဦး၊  ရခိုင်ပြည်နယ်တွင် ခုနစ် ဦး၊ ကယားပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတွင် လေးဦးစီ၊ ကရင် ပြည်နယ် နှင့် ချင်းပြည်နယ်တွင် နှစ်ဦး  စီရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment