ခါသီးပြိုင်ဘက် ဘိုင်ယန်မြူးနစ်ကို
ပြောင်းရွှေ့ခဲ့တဲ့အတွက် သူ့အပေါ် ဒေါ့မန်ပရိသတ်များ စိတ်ဆိုးဒေါသထွက်မှုကို
စာနာနား လည်မိကြောင်း ဂျာမနီကွင်းလယ်ဖန်တီးရှင် ဂေါ့ဇီကပြောကြားခဲ့ပါတယ်။
အသက် ၂၁ နှစ်ရှိ ဂေါ့ဇီဟာ ယူရို ၃၇ သန်းပြောင်း ရွှေ့ခဲ့တာဖြစ်ပြီး သစ္စာဖောက်တစ်ဦးအဖြစ် ဒေါ့မန်ပရိသတ်တွေရဲ့ ပစ်မှတ်ထားခြင်းကိုခံနေရပါတယ်။ သူဟာ ပြီးခဲ့တဲ့စနေနေ့ က ဂရိုင်အသင်းကို ၄-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ခြေစမ်းပွဲမှာ ဂိုး ၂ ဂိုးသွင်းယူခဲ့ပါတယ်။
ဂေါ့ဇီက `သူတို့ရဲ့ စိတ်ဆိုးဒေါသထွက်မှုကို ကျွန်တော်နားလည်ပါတယ်။ ကျွန်တော်က ဒေါ့မန်အတွက် အကောင်းဆုံးကစား ပေးနေပြီးမှ ဘိုင်ယန်လိုပြိုင်ဘက်အသင်းမျိုးကို ပြောင်းရွှေ့ခဲ့တာကြောင့်ပါ။
ဒါပေမယ့်ပေါ့ဗျာ။ ကျွန်တော်အနေနဲ့လည်း က စားသမားဘ၀တိုးတက်ဖို့ လမ်းသစ်ရှာဖွေရမယ်မဟုတ်လား။ ပရိသတ်တွေအနေနဲ့ ကျွန်တော့်ကို ဒီရှု့ထောင့်ကနေလည်း နား လည်ပေးသင့်ပါတယ်`လို့ ပြောခဲ့ပါတယ်။
iSport Myanmar

No comments:
Post a Comment