Monday, August 12, 2013

ကိုရီးယား နိုင်ငံတော် ရန်ပုံငွေအဖွဲ့ အိမ်၊ ခြံ၊ မြေကဏ္ဍအပါအ၀င် ဒေါ်လာ ၁၀ ဘီလျံ သုံးစွဲမည်


ကိုရီးယားနိုင်ငံတော် ရန်ပုံငွေအဖွဲ့ ဖြစ်သော ကိုရီးယားရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းသည် ၎င်းအဖွဲ့၏ အမြတ်ငွေရရှိမှု ချောမွေ့စေရန် ပိုင်ဆိုင်ပစ္စည်း ရင်းနှီးမြှုပ်နှံမှု၌ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံခန့် ဖြင့် သုံးဆတိုး သုံးစွဲသွားရန် စီစဉ်နေသည်ဟု သိရသည်။ ‘KIC’ ဟု သိထားကြသော အဆိုပါ ဘဏ္ဍာ ရေးရန်ပုံငွေ အဖွဲ့သည် အိမ်၊ ခြံ၊ မြေ အပါအ၀င် အခြားကဏ္ဍများ၌ ၎င်း၏ အရင်းအနှီးအတိုင်းအတာအား ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ၆ .၁ ရာခိုင်နှုန်းမှ ၂၀၁၆ ခုနှစ်တွင် ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုလျက် ရှိသည်။

“ကျွန်တော်တို့ နောက် သုံးနှစ်အတွင်းမှာ ပိုင်ဆိုင်ပစ္စည်း ရင်းနှီးမြှုပ်နှံမှုအပေါ် ဒေါ်လာ ငါးဘီလျံ ကနေ ၁၀ ဘီလျံကြား သုံးစွဲသွားမှာပါ၊ မဟာဗျူဟာအရရော ပထ၀ီ အနေအထားအရပါ ချိန်ခွင်ညှိတဲ့ အရင်းအနှီး အတိုင်းအတာတစ်ခု ရှိလိုပါတယ်” ဟု ‘KIC’ မှ Lee Dong IKက အင်တာဗျူးတစ်ခုတွင် ပြောကြားသည်။

KIC မှာ တည်ငြိမ်သည့် အမြတ်ငွေရရှိရန် ကြိုးပမ်းသည့် ပြည်ပနိုင်ငံများ၏ နိုင်ငံတော်ရန်ပုံငွေ အဖွဲ့အစည်းများ၏ ခြေရာကို လိုက်ခဲ့ခြင်းဖြစ်သည်။ တိုင်းပြည်၏ နိုင်ငံခြားငွေကြေး ရန်ပုံငွေအတွက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ၂၀၀၅ ခုနှစ်တွင် တည်ထောင်ခဲ့သော KIC မှာ ကနဦး၌ ငွေချေးစာချုပ်များကို ၀ယ်ယူခဲ့ပြီး ၂၀၀၇ ခုနှစ်၌ အစုရှယ်ယာများကို ၀ယ်ယူလာခဲ့သည်။ ၂၀၀၉ ခုနှစ်၌မူ ရေရှည် အမြတ်အစွန်း တည်ငြိမ်မှုအတွက် အိမ်၊ ခြံ၊ မြေ ကဏ္ဍသို့ပါ ခြေလှမ်းလာခဲ့ခြင်း ဖြစ်သည်။

Myanmar Property Weekly Journal

No comments:

Post a Comment