Monday, August 12, 2013

ဒဂုံတက္ကသိုလ် ပြေးခုန်ပစ် ပြိုင်ပွဲ ကျောင်းသား ၁၅၀ ပြိုင်မည်

ဒဂုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ် ပြိုင်ပွဲကို ကျိုက္ကဆံ လူငယ် ဘောလုံးကွင်း၌ သြဂုတ်လ ၁၂ ရက်တွင် ကျင်းပမည် ဖြစ် ရာ ကျောင်းသား ကျောင်းသူ ၁၅၀ ခန့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဒဂုံတက္ကသိုလ် အားကစားမှူး ဦးညွန့်ဝင်းက ပြောကြားသည်။

“မေဂျာ ၁၀ ခုက ကျောင်းသား ကျောင်းသူတွေ ယှဉ်ပြိုင်ကြမယ်” ဟု ၎င်းက ဆိုသည်။



ယင်းပြိုင်ပွဲတွင် အထူးပြု ဘာသာရပ် ၁၀ ခုမှ ကျောင်းသား ကျောင်းသူများ က မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀၊ ၁၅၀၀ စသည့် အပြေး ပြိုင်ပွဲများ၊ မီတာ ၁၀၀ နှင့် မီတာ ၄၀၀ လက်ဆင့်ကမ်း အပြေး ပြိုင်ပွဲ၊ အလျားခုန် ပြိုင်ပွဲ၊ အမြင့်ခုန် ပြိုင်ပွဲ၊ သံလုံးပစ် ပြိုင်ပွဲ၊ သံပြားပစ် ပြိုင်ပွဲ၊ လှံတံပစ် ပြိုင်ပွဲတို့ကို ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယခုပြိုင်ပွဲတွင် အသင်းလိုက် ပထမ၊ ဒုတိယ၊ တတိယဆု သုံးဆု ချီးမြှင့် မည်ဖြစ်ကြောင်း ဒဂုံ တက္ကသိုလ် အားကစားပြိုင်ပွဲ ကျင်းပရေး ကော်မတီက သတင်း ထုတ်ပြန်ထားသည်။

ဒဂုံ တက္ကသိုလ်တွင် ယခု ပညာသင်နှစ် စတင်သည့် အချိန်မှ စ၍ အားကစား ပြိုင်ပွဲများကို အဆက်မပြတ် ကျင်းပလျက်ရှိရာ ဒဂုံတက္ကသိုလ် ရေကူး အသင်းက အောက်မြန်မာနိုင်ငံ ကောလိပ် ပေါင်းစုံ ရေကူး ပြိုင်ပွဲတွင် ပထမ ရရှိထားသည်။

The Voice Weekly

No comments:

Post a Comment