ယာဉ်မတော်တဆမှုကြောင့် မန္တလေးပြည်သူ့ဆေးရုံမှာ
ဆေးကုသမှုခံ ယူနေတဲ့ အဆိုတော်ဆိုတေးရဲ့ ကျန်းမာရေး အခြေ အနေမှာ တိုးတက်ေ
ကာင်းမွန်နေတယ်လို့ သိရပါတယ်။ ဆိုတေးကျန်းမာရေးအခြေအနေနဲ့ပတ် သက်ပြီး သူ့ရဲ့ပရိသတ် တွေကလည်း စိုးရိမ်ပူပန်နေကြပါတယ်။
လတ်တလောမှာ အဆိုတော်ဆိုတေး ကွယ်လွန်သွားပြီဆိုတဲ့ သတင်း တွေထွက်ပေါ်နေတာ ကြောင့် ဆိုတေးကို အနီး ကပ် ပြု စုစောင့်ရှောက်နေတဲ့ အဒေါ် ဖြစ်သူ ဒေါ်ချိုကို ဆက်သွယ်မေးမြန်းရာ မှာတော့ "အပြင်မှာ ပြောနေကြတာတွေက မဟုတ်ပါဘူး။ဆိုတေးက သတိပဲမရသေးတာ ပါ။စကားတော့ မပြောနိုင်သေးပါဘူး။ပါးစပ်မှာ ပိုက်ကတပ်ထားတုန်းပဲ။ခါတိုင်း ထက်စာရင် လက်တွေလှုပ် တယ်၊ခေါင်းလှုပ် တယ်။ခေါင်းလှုပ်တယ်ဆိုပေမယ့် သတိရ တယ်လို့လည်း ပြောလို့မရသေး ဘူး။ဖြစ်ဖြစ်ချင်းထက်စာရင် တော်တော် အခြေအနေတိုးတက်လာပါတယ်" လို့ ပြော ပါတယ်။
အပြင်မှာပြောနေကြတဲ့ ကောလာ ဟလများကြောင့် ဆိုတေးကျန်းမာရေး အခြေအနေကို စိတ်ပူကာ အားလုံးက ဆိုတေး မိသားစုများအား ဖုန်းဆက်မေး နေကြပြီး မိုးလင်းကတည်းက ဒီ သတင်း တွေကို ပြန်လည်ဖြေရှင်းနေရတယ်လို့ ဆိုတေးရဲ့အဒေါ်ဖြစ် သူ ဒေါ်ချိုကပြော ပါတယ်။
ခိုင်ဝေလွင်
Popular Journal

No comments:
Post a Comment