ရုရှားနိုင်ငံ၌ ကျင်းပနေသည့် (၁၄) ကြိမ်မြောက်
ကမ္ဘာ့ ချန်ပီယံရှစ် ပြေး ခုန်ပစ် ပြိုင်ပွဲမီတာ ၁၀၀ ပြိုင်ပွဲတွင်
အိုလံပစ်နှင့် ပြင်သစ် ရွှေတံဆိပ် စံချိန်သစ်ရှင်
ဂျာမေကာ နိုင်ငံသား အူစိန်ဘော့ဂ်သည် ၎င်း စံချိန်သစ် တင်ထားသည့် စံချိန်အောက်
လျော့ကာ ပြေးနိုင်မှသာလျှင် မော်စကို ရွှေ တံဆိပ် ဆွတ်ခူးနိုင်မည်
ဖြစ်သည်ဟု ၎င်းကိုယ်ကိုယ် သုံးသပ် ပြောဆို သွားကြောင်း Guardian သတင်း၌
ဖော်ပြထားသည်။
အဓိက ပြိုင်ဘက် ကစားသမားများ ဖြစ်သည့် အမေရိကန် ကစားသမား ဂတ်လင်နှင့် မိုက်ရော်ဂျာတို့ သည် ယခု ပြိုင်ပွဲတွင် မီတာ ၁၀၀ ကို ၁၀ စက္ကန့်အောက် ပြေးနိုင်သည့် ကစားသမားများ ဖြစ်လာနိုင်ဖွယ် ရှိသောကြောင့် ၎င်းက ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။
အူစိန်ဘော့ဂ်က “ကျွန်တော့် စံချိန်က ၁၀ ဒသမ ၀၇ စက္ကန့်ပါ။ ပြိုင်ဘက် ကစားသမားတွေထဲမှာ ၁၀ စက္ကန့်အောက် ပြေးနိုင်တဲ့သူတွေ ပါလာတယ်လို့ ကျွန်တော် သိရပါ တယ်။ ဒါ့ကြောင့် ဒီပြိုင်ပွဲဟာ အိုလံပစ် ပြိုင်ပွဲထက် ရုန်းကန်ရပါလိမ့်မယ်” ဟု ဆိုသည်။
ထိုပြိုင်ပွဲ ကျင်းပရာ မော်စကိုမြို့ရှိ လုဇ်ဇနီကီ အားကစားရုံသည် ပရိသတ် ၇၅၀၀၀ အထိ ဝင်ဆံ့သော်လည်း ယခု ပြိုင်ပွဲအတွက် ထိုင်ခုံ ၃၅,၀၀၀ သာ ရောင်းချခဲ့ပြီး ၁၅,၀၀၀ မှာ မီဒီယာသမား များနှင့် အရေးကြီး ပုဂ္ဂိုလ်များအတွက် ဖယ်ထားကြောင်း ကျင်းပရေး ကော်မတီထံမှ သိရသည်။
ထိုအားကစားပွဲ ကျင်းပသည့် ကစားကွင်းကို ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် အဓိက ပြင်ဆင်ထား ပြီး ရိုးရိုးတန်း ဝင်ကြေးအတွက် ၁၀၀ ရူဘယ် (နှစ်ပေါင်) နှင့် အထူးတန်း ဝင်ကြေးမှာ ကိုးပေါင်မှ ၁၃ ပေါင် အထိသာ ယူထားသည့်အတွက် သင့်တင့်သည့် ဝင်ကြေး ဖြစ်သောကြောင့် ကျေနပ် မိကြောင်း ဖီဖာက ဆိုသည်။
ထိုပြိုင်ပွဲတွင် နာမည်ကျော် ကစားသမား ခုနစ်ဦးအထိ လွဲချော်ခဲ့ပြီး မီတာ ၁၀၀ ပြိုင်ဘက်ကစားသမား တိုင်ဆန်ဂေးနှင့် တစ်နိုင်ငံတည်းသား အဆာဖာပိုဝဲလ်တို့ ဆေးစစ်ချက် မအောင်၍ ပါဝင်ခွင့် မရခဲ့ သဖြင့် ပြိုင်ပွဲ အရပ်ရပ် ရွှေတံဆိပ် ရရှိရန် အူစိန်ဘော့ဂ်မှာ ရေပန်းစားလျက် ရှိသည်။
အခြား နာမည်ကျော် ကစားသမားများ ဖြစ်သော မီတာ ၂၀၀ ရွှေတံဆိပ်ရှင် ကမ်းဘဲလ်ဘရောင်း၊ မီတာ ၈၀၀ အပြေးသမား ကင်ညာ နိုင်ငံသား ဒေးဗစ် ရှုရှလစ်ရှာတို့သည်လည်း ဆေးကျသဖြင့် ပွဲပယ် ခံထားရသည်။ မီတာ ၃၀၀ ရွှေတံဆိပ်ရှင် ယိုဟန် ဘလိတ်သည်လည်း တံကောက်ကြော ဒဏ်ရာကြောင့် လွဲချော်ခဲ့ကာ အိုလံပစ် ခုနစ်မျိုး ချန်ပီယံ ဂျက်စီကာ အန်းနစ်ဟေးလ် သည်လည်း ပြိုင်ပွဲနှင့် လွဲချော်ခဲ့သည်။
The Voice Weekly

No comments:
Post a Comment