Monday, August 12, 2013

လူငယ်လိဂ် အမှတ်ပေးဇယားအား ရန်ကုန်နှင့် ရတနာပုံဆက်လက် ဦးဆောင်

၂၀၁၃ လူငယ်လိဂ် ဘောလုံးပြိုင်ပွဲ (MNL Youth Competition 2013) ပွဲစဉ် (၈) ပွဲစဉ်များအပြီးတွင် အမှတ်ပေးဇယားအား ရန်ကုန်လူငယ်အသင်းနှင့် ရတနာပုံလူငယ်အသင်းတို့က ရမှတ် ၁၈ မှတ်စီဖြင့် ပူးတွဲ ဦးဆောင်နေသည်။
ဇေယျာရွှေမြေအသင်းအား ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် နေပြည်တော်အသင်းမှာ လူငယ်လိဂ်ပြိုင်ပွဲတွင် ၎င်းတို့၏ ပထမဦးဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ဇေယျာရွှေမြေအသင်းမှာ ရှစ်ပွဲကစားပြီးချိန်တွင် သုံးပွဲ သရေ၊ လေးပွဲရှုံးဖြင့် နိုင်ပွဲ ပျောက်ဆုံးနေသည်။ ပွဲစဉ် (၉) ပွဲစဉ်များကို လာမည့် သြဂုတ် ၂၇ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်ပြီး ကမ္ဘောဇအသင်းနှင့် ဇေယျာရွှေမြေအသင်း၊ ဧရာဝတီအသင်းနှင့် ဇွဲကပင် အသင်း၊ နေပြည်တော်အသင်းနှင့် ရတနာပုံအသင်း၊ ရန်ကုန်အသင်းနှင့် ဆောက်သမ်းအသင်း၊ ရခိုင်ယူ နိုက်တက်အသင်းနှင့် မကွေးအသင်း၊ ဟံသာဝတီအသင်းနှင့် မနောမြေအသင်းတို့ ဆက်လက်ကစားကြ မည် ဖြစ်သည်။

ကမ္ဘောဇ ၂-၁ ဇွဲကပင်
ရတနာပုံ ၂-၀ ဆောက်သမ်း
မကွေး ၀-၁ ရန်ကုန်
ဟံသာဝတီ ၁-၀ ဧရာဝတီ
နေပြည်တော် ၁-၀ ဇေယျာရွှေမြေ
မနောမြေ ၀-၀ ရခိုင်ယူနိုက်တက်

မဇ္ဈိမ

No comments:

Post a Comment