အသက်သေစေနိုင်သော H7N9 ငှက်တုပ်ကွေးဗိုင်းရပ်စ်
ရောဂါပိုးကူးစက်ခံနေရကြောင်း တရုတ်နိုင်ငံသား တိရစ္ဆာန်မွေး
မြူရေးအလုပ်သမားတစ်ဦးကို အတည်ပြုခဲ့ပြီး အဆိုပါအဖြစ် အပျက်သည် ဂန်ဒေါင်ပြည်နယ် တွင် ဖြစ်ပွားသော ပထမဆုံးအ ဖြစ်အပျက်ဟု ကျန်းမာရေး အရာရှိများက ပြောခဲ့သည်။
အဆိုပါ ရောဂါပိုးကူးစက် ခံရမှုကြောင့် လူပေါင်း ၄၄ ဦး သေဆုံးခဲ့ရကြောင်း ဆင်ဟွာ သတင်းဌာနမှ သတင်းများအရ သိရသည်။ H7N9 သည် လူမှ လူသို့ တိုက်ရိုက်ရောဂါကူးစက် စေသော ပထမဆုံးအဖြစ်အပျက် ဟု သိပံ္ပပညာရှင်များက သတင်း ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း လူအများက စိုးရိမ်မှုမရှိကြကြောင်း သိရသည်။ ဂန်ဇူပြည်နယ်အရှေ့ ဘက် ၁၂၉ကီလိုမီတာ (မိုင် ၈၀) ခန့်ရှိ ဘိုလူဈေးတွင် အလုပ်လုပ် ကြသော လူနာများကို ကျန်းမာ ရေးအာဏာပိုင်များက ဂရုတ စိုက်စောင့်ရှောက်မှုများ ပြုလုပ် ခဲ့ကြသည်။
အဆိုပါလူနာအများစု သည် ငှက်များနှင့်တိုက်ရိုက်ထိ တွေ့ပြီး ဗိုင်းရပ်စ်ပိုးကူးစက်ခံ ရသူများဖြစ်သဖြင့် ရောဂါပိုးမပြန့် ပွားစေရန် တရုတ်နိုင်ငံ တစ်ဝန်း တွင် ကာကွယ်မှုများ ပြုလုပ်နေ ကြသည်။ ထိုကဲ့သို့ ဂရုတစိုက်ကာ ကွယ်စောင့်ရှောက်မှုများကြောင့် H7N9 ဖြစ်ပွားမှုနှုန်းကျဆင်း လာခဲ့သည်။ တရုတ်နိုင်ငံ တောင် ပိုင်းရှိ ဂန်ဒေါင်နယ်စပ်တွင်လည်း အဆိုပါ ရောဂါပိုးမပြန့်ပွားရေး ဂရုစိုက်ထိန်းသိမ်းနေရသည်ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဩဂုတ် ၁၁ရက်တွင် ပြောခဲ့သည်။
Yangon Media Group

No comments:
Post a Comment