Monday, August 12, 2013

သီရိလင်္ကာတွင် ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များ ပဋိပက္ခဖြစ်ပွား



သီရိလင်္ကာ (Sri Lanka) နိုင်ငံ၏ မြို့တော်ကိုလံဘို (Colomba) ရှိ ဂရန်းပက်စ် (Grand pass) ဒေသတွင် ဗုဒ္ဓဘာသာဝင်နှင့် မွတ်ဆလင်တို့ပဋိပက္ခဖြစ်ပွားရာ ဗလီတစ်လုံးနှင့် အနည်းဆုံးလူငါးဦး ဒဏ်ရာရရှိသွားခဲ့ ကြောင်း သြဂုတ် ၁၁ ရက် အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။

ပဋိပက္ခဖြစ်ပွားခဲ့သောကြောင့် ရဲတပ်ဖွဲ့က ထိုဒေသတွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။ ပြီးခဲ့ သည့်လက ဗုဒ္ဓဘာသာဘုန်းတော်ကြီးတို့က ထိုဗလီကိုနေရာရွှေ့ပြောင်းပေးရန် ထိုဗလီနားတွင်စုဝေးကာ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

စနေနေ့က ပဋိပက္ခအတွင်း အိမ်ပေါင်းများစွာ ပျက်စီးသွားခဲ့သည်။ ဒဏ်ရာရသူများထဲမှနှစ်ဦးမှာ တိုက် ခိုက်ခံခဲ့ရသည့် ဗလီကိုစောင့်ကြပ်ပေးခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးဖြစ်သည်။

ရဲများနှင့် အထူးကွန်မန်ဒို တပ်ဖွဲ့ဝင်များကို ထိုဒေသသို့ စေလွှတ်ခဲ့ပြီးနောက်၊ အခြေအနေကို ထိန်းချုပ် နိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထိုဗလီ ထိုနေရာတွင်တည်ရှိနေမှုကို ဗုဒ္ဓဘာသာဘုန်းတော်ကြီးများက ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ သို့ သော်မွတ်ဆလင်များအား အစ္စလာမ်ဘာသာဝင်များ၏ ရာမာဒန်ဥပုသ်လပြီးဆုံးသည်အထိ ထိုဗလီတွင် ဆက် လက်ဝတ်ပြုဆုတောင်းခွင့်ပေးရန် သဘောတူညီခဲ့ကြသည်ဟုဆိုသည်။

သို့ရာတွင် ထိုဒေသရှိ မွတ်ဆလင်များကဆိုသည်မှာ သီရိလင်္ကာ သာသနာရေးဝန်ကြီးဌာနက ၄င်းတို့အား ထိုဗလီကို ဆက်လက်အသုံးပြုခွင့်ပေးခဲ့ပြီး၊ ဖြစ်လာနိုင်ခြေရှိသည့် တိုက်ခိုက်မှုအန္တရာယ်များကြောင့် အ ထူးရဲလုံခြုံရေးလည်း ချထားပေးခဲ့သည်ဟုဆိုကြသည်။

AFP
မဇ္ဈိမ

No comments:

Post a Comment