Monday, August 12, 2013

ပြန်လမ်း မရှိသည့် အင်္ဂါဂြိုဟ်သို့ သွားရန် စာရင်းပေးသူ တစ်သိန်းကျော်ရှိ

အင်္ဂါဂြိုဟ်သို့ သွားမည့်သူများ စာရင်း ကောက်ယူရာတွင် ပြန်လမ်း မရှိသည့် တစ်လမ်းသွား ခရီးစဉ် ဖြစ်မှန်း သိလျက်နှင့် စာရင်းပေးသူပေါင်း တစ်သိန်းကျော်ရှိကြောင်း CNN သတင်းတွင် ထုတ်ပြန် ထားသည်။

The Mars One ဟု အမည် ပေးထားသည့် အင်္ဂါဂြိုဟ် ခရီးစဉ်ကို လာမည့် ၂၀၂၂ ခုနှစ်တွင် စတင် စေလွှတ်မည် ဖြစ်ပြီး မည်သို့ စေလွှတ်မည်၊ မည်မျှ ပေးရမည် ဆိုသည်ကိုမူ ယနေ့တိုင် ထုတ်ပြန်ထား ခြင်း မရှိသေးပေ။ သို့ရာတွင် ဤခရီးစဉ်သို့ လိုက်ပါလိုကြောင်း ဆန္ဒပြုသူများတွင် အမေရိကန် တစ်နိုင်ငံတည်းက ၃၀,၀၀၀ ရှိကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

အင်္ဂါဂြိုဟ်သို့ လိုက်ပါလိုသူများသည် အသက် ၁၈ နှစ် ပြည့်ပြီးသူများ ဖြစ် ကာ လျှောက်လွှာအတွက် သတ်မှတ်ကြေးမှာ အမျိုးမျိုး ကွဲပြားသည်။ အမေရိကန်နိုင်ငံသားများ ဖြစ်လျှင် လျှောက်လွှာတစ်စောင် ၃၈ ဒေါ်လာ ဖြစ် ပြီး၊ အမေရိကန်နိုင်ငံ ပြင်ပ နိုင်ငံသား တစ်ဦးလျှင် ၁၅ ဒေါ်လာ ဖြစ်ကြောင်း ထိုစီမံကိန်း (Mars One) မန်နေဂျာ ဘာ့စ်လန်းစ်ဒရော့က ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment