ပြန်ကြားရေးဝန်ကြီးနှင့်
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီတို့ သြဂုတ်လ ၁၂ ရက်တွေ့ဆုံ
ဆွေးနွေးမှုအပြီး ပြန်ကြားရေးဝန်ကြီးဌာနနှင့် စာနယ်ဇင်းကောင်စီတို့အကြား
သဘောထားကွဲလွဲမှုများကို စေ့စပ်ညှိနှိုင်းနည်းလမ်းဖြင့် ဆက်လက်ဆောင်ရွက်ရန်
သဘောတူညီခဲ့ကြသည်ဟု ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။
ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်ကြည်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) ဥက္ကဋ္ဌ ဦးခင်မောင်အေးတို့
ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) တို့ မီဒီယာ ဥပဒေနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေလျက်ရှိသည်။
Mizzima News

No comments:
Post a Comment