နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ဘ၀လုံခြုံမှုရှိရေး၊
စီးပွားရေး အထောက်အကူပြု အတတ်ပညာများ တတ်မြောက်စေရေး၊ တတ်မြောက်ထားသည့်
ပညာရပ်များဖြင့် အသက်မွေးဝမ်းကြောင်းပြုပြီး မိသားစု စီးပွားရေး
ဘ၀တိုးတက်မြင့်မားစေရေးအတွက် ပြုလုပ်ပေးသည့်
အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ် စဉ်(၃၄) နှင့် အခြေခံ အိမ်တွင်းမှု
သင်တန်းအမှတ်စဉ်(၆၃)ဆင်းပွဲ အခမ်းအနားကို သြဂုတ်လ ၉ ရက်က နယ်စပ်ရေး
ရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ မြိတ်မြို့အမျိုးသမီး
အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ခန်းမ၌ ကျင်းပခဲ့သည်။
ရက်သတ္တပတ် ၁၄ ပတ်ကြာ ဖွင့်လှစ်ခဲ့သည့် အဆိုပါ သင်တန်းသို့ သင်တန်းသူ ၅၈ ဦး တက်ရောက်ခဲ့ကြပြီး ၎င်းတို့၏ အိမ်တွင်းမှုလက်ရာများအား သင်တန်းဆင်းပွဲတွင် ပြသသွားခဲ့သည်။
သင်တန်းဆင်းပွဲသို့ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင် တက်ရောက်ခဲ့ပြီး သင်တန်းဆင်းအမှာစကား ပြောကြားသွားခဲ့သည်။
Mizzima News

No comments:
Post a Comment