ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊
ကဘင်းချောင်းကျေးရွာ၊ အခြေခံပညာ မူလတန်း လွန်ကျောင်း၌ ဇူလိုင် ၂၂ရက် ညနေ ၃
နာရီခွဲက ဦးစောဒရိုင်ဘာ ၏သား မောင်ရဲနိုင်ထွေး ၁၄နှစ် (၅)တန်းကျောင်းသားနှင့် ဦးစိုးစိုးဌေး၏သား မောင်ချစ်ကောင်း ၁၂ နှစ် (၅)တန်း ကျောင်းသား
တို့မှ ကျောင်းဆောင်ပေါ်တွင် နားနေသော ခိုတစ်ကောင်အား လေးခွ ဖြင့် ပစ်ခဲ့ရာ ခို၏ ဝဲဘက်တောင်ပံအား ထိမှန် ပြုတ်ကျခဲ့သဖြင့် ကောက်ယူခဲ့ကာ ၎င်း၏နေအိမ်၌ မွေးမြူခဲ့သည်။
အဆိုပါခို၏ ယာဘက် ခြေထောက်တွင် စွပ်ထားသော အစိမ်းရောင် ပလတ်စတစ်ကွင်းပေါ်မှ THAILAND HFT-2012 51832 စာအား ရေးသားထားရှိပြီး ဝဲဘက် ခြေထောက်တွင် စွပ်ထားသော နီညိုရောင် ပလတ်စတစ် ကွင်းပေါ် ရွှေရောင်ရောင်ပြန် အပတ်အား ပတ်ထားသည်ကို တွေ့ရသည်။
အဆိုပါခိုအား ကဘင်းချောင်း ကျေးရွာနေ ဦးတင်လှ ကျောင်းအုပ် ဆရာကြီး(ငြိမ်း)မှ သြဂုတ် ၁ဝ ရက် ညနေ ၅ နာရီက ကျွန်းစုမြို့ ရဲစခန်းသို့ လာရောက် အပ်နှံခဲ့သဖြင့် ကျွန်းစုမြို့မ ရဲစခန်းတွင် သိမ်းဆည်း ထားရှိကြောင်း သတင်းရရှိသည်။
ခိုင်ထူး
မြ၀တီ

No comments:
Post a Comment