Monday, August 12, 2013

ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန် မဖြစ်နိုင်ဟူသည့် ဝေဖန်မှုများအား ကာတာနိုင်ငံမှ ပြန်လည်တုံ့ပြန်

ကာတာနိုင်ငံအနေဖြင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိထားသည်မှာ ထိုက်တန်မှုမရှိကြောင်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဂရေ့ဂ်ျဒိုက်ခ်က ဝေဖန်ပြောကြားခဲ့ခြင်းအပေါ် ကာတာနိုင်ငံ၏ ကမ္ဘာ့ဖလား ပြိုင်ပွဲကျင်းပရေးကော်မတီတာဝန်ရှိသူများက တုံ့ပြန်ပြောကြားမှုပြုလုပ်ခဲ့ သည်ဟု AP သတင်းဌာနက ဖော်ပြခဲ့သည်။


ပြီးခဲ့သည့်လကမှ အင်္ဂလန်အက်ဖ်အေ ဥက္ကဋ္ဌရာထူးကို ရယူထားသော ဂရေ့ဂ်ျ ဒိုက်ခ်က ကာတာနိုင်ငံ၏ နွေရာသီအပူချိန် မှာ အလွန်ပြင်းထန်သဖြင့် ကမ္ဘာ့ဖလား ပြိုင်ပွဲကျင်းပရန် မဖြစ်နိုင်ကြောင်း ဝေဖန်ခဲ့ သည်။ ထို့ကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရေးကော်မတီက “၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အရှေ့အ လယ်ပိုင်းဒေသမှာ ပထမဆုံးအကြိမ်အဖြစ် လက်ခံကျင်းပခွင့်ပေးတာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါ။ နွေရာသီ မှာဖြစ်ဖြစ်၊ ဆောင်းရာသီမှာဖြစ်ဖြစ် ကျွန်တော်တို့ ပြိုင်ပွဲကျင်းပဖို့ အသင့်ရှိပါတယ်။ ပြိုင်ပွဲကျင်းပဖို့ နေ့ တွေပြောင်းလိုက်မယ်ဆိုရင်လည်း ကျွန်တော်တို့ရဲ့အစီအစဉ်တွေ ပြောင်းလဲသွားမှာမဟုတ်ပါဘူး” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

နွေရာသီတွင်ကျင်းပမည့် ထိုပြိုင်ပွဲကြီးအား ဆောင်းရာသီသို့ ပြောင်းလဲကျင်းပရန် တိုက်တွန်းမှုများရှိနေ သော်လည်း အကယ်၍ ပြောင်းလဲခဲ့ပါက ဥရောပလိဂ်ပြိုင်ပွဲများ အနေဖြင့် အခက်အခဲများစွာကြုံတွေ့ရ ဖွယ်ရှိနေသည်။

အောင်သုတ
မဇ္ဈိမ

No comments:

Post a Comment